
“အအေးဓာတ်ပိုင်ချင်ရင် အအေးဓာတ်ပိုင်ရှင်ကို သတိရပါ"
‘စိတ်အပူအလောင် မှန်သမျှ
ကင်းစင်တော်မူသော မြတ်စွာဘုရား'
လို့ ပွားလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စိတ်ကလေးလည်း
အပူအလောင်တွေ
ချက်ခြင်းကင်းပျောက်ပြီးတော
အေးချမ်းသွားသလို ခံစားရပါတယ်။
တကယ်လည်း အေးချမ်းသွားပါတယ်။
‘စိတ်အညစ်အကြေး မှန်သမျှ
ကင်းစင်တော်မူသော မြတ်စွာဘုရား'
လို့ ပွားလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စိတ်ကလေးလည်း
အညစ်အကြေးတွေ
ချက်ခြင်းကင်းပျောက်ပြီးတော
သန့်စင်သွားသလို ခံစားရပါတယ်။
တကယ်လည်း သန့်စင်သွားပါတယ်။
‘စိတ်အနောက်အကျု မှန်သမျှ
ကင်းစင်တော်မူသော မြတ်စွာဘုရား'
လို့ ပွားလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စိတ်ကလေးလည်း
အနောက်အကျုတွေ
ချက်ခြင်းကင်းပျောက်ပြီးတော
ကြည်လင်သွားသလို ခံစားရပါတယ်။
တကယ်လည်း ကြည်လင်သွားပါတယ်။
‘စိတ်အရှုပ်အထွေး မှန်သမျှ
ကင်းစင်တော်မူသော မြတ်စွာဘုရား'
လို့ ပွားလိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်စိတ်ကလေးလည်း
အရှုပ်အထွေးတွေ
ချက်ခြင်းကင်းပျောက်ပြီးတော
ရှင်းလင်းသွားသလို ခံစားရပါတယ်။
တကယ်လည်း ရှင်းလင်းသွားပါတယ်။
ဆရာတော်၏ “စိတ်အားဖြည့် ဓမ္မနေခြည်" စာအုပ်မှ . . .
No comments:
Post a Comment