
“အနေလှစိတ်ခိုင်နေရင် အခြေမလှသိပ်ယိုင်ပေမယ့် ခဏပါပဲ"
သူတော်ကောင်းဆိုတာ
အကောင်းလောကဓံတွေနဲ့ကြုံလည်း
မတုန်လှုပ်ဘူး။
အဆိုးလောကဓံတွေနဲ့ကြုံလည်း
မတုန်လှုပ်ဘူး။
စိတ်ခိုင်တယ်။
စိတ်ခိုင်တော့ ဘဝခိုင်တာပေါ့။
အကြောင်းမညီညွတ်လို့
ဘဝအခြေအနေ
ဘယ်လိုပဲ ယိုင်ယိုင်
စိတ်မယိုင်ဘူး။
စိတ်ခိုင်နေတယ်ဆိုရင်
ကိုယ့်ရဲ့ ယိုင်နေတဲ့ဘဝကို
ခိုင်အောင်လုပ်ပေးမယ့်သူ၊
ခိုင်အောင် လုပ်ပေးမယ့်
အခြေအနေဆိုတာ
မလွဲမသွေ ပေါ်ပေါက်လာမှာပါပဲ။
စိတ်ခိုင်နေရင်
ဘဝယိုင်တာ
ခေတ္တခဏပါ။
စိတ်ခိုင်ရင် ဘဝခိုင်ပါတယ်။
ဆရာတော်၏ “စိတ်အားဖြည့် ဓမ္မနေခြည်" စာအုပ်မှ . . .
No comments:
Post a Comment