
အိမ်ထောင်ရေးနှင့် မေတ္တာ
*******************
``မေတ္တာချစ်နှင့် တဏှာချစ်
ထက်ဝက်စီညီမျှစွာထားပြီး
နေလေ့ရှိကြတဲ့ အိမ်ထောင်မျိုးဟာ
တစ်သက်ပန် တည်မြဲလေ့ရှိကြတယ်။
မိမိတို့ အိမ်ထောင်ရေးချိန်ခွင်မှာ
ဘယ်ဘက်က အလေးသာနေသလဲ၊
လျော့နေသလဲဆိုတာ ကိုယ့်ဟာကိုယ်
မြင်အောင်ကြည့်ပြီး ဖြည့်ကြပါ။
သံသရာခရီသွားကြရာမှာ ဒီတစ်ဘဝနှင့်
ပြီးကြမှာ မဟုတ်သေးဘူး။
ရှေ့မှာလဲ လက်တွဲကြရဦးမှာ။
ချိန်ခွင်လျှာ မညီမျှလျှင်တော့
တစ်သံသရာလုံး
တကျက်ကျက် ဖြစ်မဆုံးပေဘူး၊
အသိဉာဏ်ရှိတုန်း ပြင်ကြရမယ်´´
တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး
အရှင်ဦးဥတ္တမသာရ
ကိုလှိုင် တိုး
No comments:
Post a Comment