
*** ရေဆန်လမ်းကို လိုက်ပါ ***
ြ မြတ်စွာဘုရားက ပညာဇီဝံ- လူ့ဘဝရလာ
တယ်ဆိုလို့ရှိရင် အသိပညာနဲ့ အသက်မွေး
ရမယ်တဲ့။
အသိပညာနဲ့ အသက်မွေးတာဟာ
အကောင်းဆုံးပဲတဲ့ အရာရာမှာ အကောင်း
အဆိုး အကြောင်းအကျိုး စဉ်းစားဆင်ခြင်ပြီး
တော့ နေထိုင်ရမယ်တဲ့။
ဒါကြောင့်မို့လို့ တရားနာကြရတယ်
ဆရာသမားတွေရဲ့ အဆုံးအမကို
ခံကြရတယ်။
စာပေကျမ်းဂန်တွေ ဖတ်ရှုကြရတယ်
လေ့လာကြရတယ်။
ဆုံးမသြဝါဒတွေ နာယူကြရတယ်
ဘာဖြစ်လို့တုန်း
အခုလို လူဆိုးတို့လူမိုက်တို့ ဘဝက
လွတ်ကျွတ်အောင်လို့ ဒီလိုပြောတာနော်။
အသိဥာဏ်ရှိလာလေလေ လူမိုက်ဘဝက
လွတ်လေလေ။ လူမိုက်ဘဝကလွတ်ရင်
လူဆိုးဆိုတာ မဖြစ်လာတော့ဖူးပေါ့။
ပါပသ္မိံရမတိ မနော လို့ဆိုတဲ့အတိုင်း
လူရဲ့စိတ်ဟာ မကောင်းတဲ့ အလုပ်တွေ
အပေါ်မှာ မွေ့လျော်တယ် ပျော်ပိုက်တယ်
ဥပမာဆိုပါတော့ တရားနာ လာဖို့နဲ့
ပွဲကြည့်ဖို့ရန်ပေါ့ ဒီနှစ်ခုပဲ ယှဉ်ကြည့်ပေါ့
ပွဲကြည့်ဖို့ကျတော့ လွယ်လွယ်ကူကူသွားနိုင်
တယ်။ ဘာအလုပ်ရှိရှိ စိတ်ကိုက ညွတ်တာ
တရားနာဖို့ကျ ခဲယဉ်းတယ်ပေါ့
ဘာလို့ ခဲယဉ်းတာတုန်းလို့မေးလို့ရှိရင်
ပါပသ္မိံ ရမတိ မနော လူတွေရဲ့ စိတ်ဆိုတာ
မကောင်းတဲ့ဘက်မှာပဲ အကျင့်ကြီးပါနေတာ
လွယ်လည်းလွယ်တယ်လေ။
ရေစုန်နဲ့ ရေဆန်
ဘယ်ဟာလွယ်တုန်းဆိုလို့ရှိ
ရင် ရေစုန်ရတာ လွယ်လွယ်လေးပဲ
တက်ကလေးတင်ပြီးတော့ လှေပေါ်မှာထိုင်
လိုက် သူ့ဟာသူ မျောသွားမှာပဲ
ရေဆန်တက်ကျတော့ အဲဒီလိုလုပ်လို့
မရတော့ဘူး တက်တစ်ချက် ရပ်လို့မရဘူး
ြ ပြန်မျောသွားတယ်။
အဲဒါကြောင့် မြတ်စွာဘုရားရဲ့တရား
ေ ကောင်းတဲ့အလုပ်တွေဆိုတာဟာ ရေဆန်နဲ့
အလားတူတယ်တဲ့ အမြဲတမ်း လှော်ခတ်နေ
ရတယ်။ အမြဲတမ်းကြိုးစားအားထုတ်နေရ
တယ်။ ကြိုးစားအားထုတ်မှုမရှိဘဲနဲ့
သူ့ဟာသူ ဖြစ်မလာဘူး။
( ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာ )
No comments:
Post a Comment