
“အချစ်စစ်ဆိုတာ မြင့်မြတ်သူတွေရဲ့လက္ခဏာ"
သတ္တဝါအားလုံးကို ချစ်တာ၊
တရားဓမ္မကို ချစ်တာဟာ
မြင့်မြတ်သူတွေရဲ့
လက္ခဏာ၊
သူတော်ကောင်းတွေရဲ့
လက္ခဏာပါ။
မြင့်မြတ်သူတိုင်း
သတ္တဝါအားလုံးကို ချစ်တယ်။
ဘာနဲ့ ချစ်တာလဲ။
မေတ္တာနဲ့။
သူတော်ကောင်းတိုင်း
တရားဓမ္မကို ချစ်တယ်။
ဘာနဲ့ ချစ်တာလဲ။
သဒ္ဓါနဲ့။
မြင့်မြတ်သူတိုင်း၊
သူတော်ကောင်းတိုင်း . . .
သတ္တဝါအားလုံး၊
တရားဓမ္မအားလုံးကို
သဒ္ဓါ၊ မေတ္တာနဲ့
ချစ်တတ်ကြပါတယ်။
ဆရာတော်၏ “စိတ်အားဖြည့် ဓမ္မနေခြည်" စာအုပ်မှ . . .
No comments:
Post a Comment