
မှောင်မိုက်ခြင်းရဲ့ အဓိပ္ပါယ်
*********************
အလင်းတန်းတွေ့ရင် သိလိမ့်မယ်
**************************
ပညာရှိဆိုတာ ဘာလဲ၊
လူမိုက်ဆိုတာ ဘာလဲ
ခွဲခြားသိမြင်နိုင်တဲ့
`အလင်းတန်း´ တွေ့မှ
ကိုယ့်ကိုယ်ကိုယ်
ပညာရှိလား၊ လူမိုက်လား
ခွဲခြား သိမြင်နိုင်ပါတယ်။
ကိုယ့်အိမ် မီးပျက်ပြီး
သူများအိမ် မီးလင်းမှ
`မှောင်မိုက်ခြင်း´ ရဲ့
အဓိပ္ပါယ်ကို သိသလို
ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့
လုပ်ရပ်တွေကို
တခြားပုဂ္ဂိုလ်တွေရဲ့
စိတ်ဓာတ်နဲ့ လုပ်ရပ်တွေနဲ့
နှိုင်းယှဉ်ကြည့်ပြီးတော့
ကောင်းသလား၊ ဆိုးသလား၊
မြတ်လား၊ ယုတ်သလား
ခွဲခြားသိနိုင်ပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
No comments:
Post a Comment