
မြတ်ဗုဒ္ဓ ၏ မဟာကရုဏာတော်ကြီးမားပုံ
.......................................................
အခါတစ်ပါး၌အရှင်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်တော်မူစဉ်
ဝမ်းပျက်ရောဂါ ကြောင့် မိမိ၏ ကျင်ကြီးကျင်ငယ်ကိုမျှ မသုတ်သင်နိုင်သော ရဟန်းတစ်ပါးကို မြင်တော်မူ၏ ၊
ထိုရဟန်းတော်သည် ပင်ကိုက သူတစ်ပါးကိစ္စကို ရွက်ဆောင်ဖော်
မရသောကြောင့် သူကိစ္စ ကြုံသောအခါ ပြုစုမည့်သူ မရှိဘဲ ဖြစ်နေရှာ၏ ၊
ဘုရားရှင်သည် ရေလောင်းပေးတော်မူပြီးလျှင် ၊ သန့်စင်ပြီးသော ထိုရဟန်းကို
ဦးခေါင်းဘက်၌ ဗုဒ္ဒမြတ်စွာဘုရားက ကိုင်တော်မူ၍ ခြေရင်းဘက်၌ အရှင်အာနန္ဒာကို ကိုင်စေတော်မူကာ ညောင်စောင်းပေါ်သို့ သာသာယာယာ တင်ပေးတော်မူပါသည် ၊
ထိုနောက် ရဟန်းတော်ကို ပြုစု ဖော်မရသော ရဟန်းတို့အား
" သင်တို့မှာ ပြု စုမည့်မိဘများ ရှိကြသည် မဟုတ် ၊
အချင်းချင်း မပြုစုလျှင် မည်သူက လာ၍ ပြုစုမည်နည်း ၊
ထိုကြောင့် ဆရာ ဥပဇ္ဈာယ် ၊ တပည့်တပန်း ၊
ရဟန်းသံဃာချင်းချင်း ပြုစုကြရမည် ၊
မပြုစုလျှင် မကောင်းမှူ "ဒုက္ကဋ် "အာပတ်သင့်စေ"ဟု
ပညတ်တော်မူကာ ပြုစု၍ လွယ်သော ဂိလာန ၊ မလွယ်သော
ဂိလာန အကြောင်းကိုပါ စုပေါင်း၍ မိန့်တော်မူပါသည် ။
No comments:
Post a Comment