
ပစ္စည်းဥစ္စာဟူသည်…ငြမ်း
--------------------------
ပစ္စည်းဥစ္စာဟူသည် သူ့ချည်းသက်သက်ဆိုလျှင်
အကောင်းချည်းလည်း မဟုတ်သလို
အဆိုးချည်းလည်း မဟုတ်ပေ။
သိမ်းပိုက်ခံစားသူ၏
သဘောထားအပေါ်တွင်သာ
အကောင်း အဆိုး တည်မှီလျက်ရှိပါသည်။
ချမ်းသာဒဏ်မခံနိုင်ဖြစ်လျက်-
အာရုံခံစားမှုနောက်သို့
ကောက်ကောက်ပါလိုက်ရင်း
ဘဝညွန့်တုံးသွားသူများ ရှိသကဲ့သို့
ပစ္စည်းဥစ္စာကို ဒါနအဖြစ်
အနှစ်ထုတ်လျက်-
သာသနာအကျိုး-
လောကအကျိုး-
သည်ပိုးထမ်းရွက်သူများ ရှိပါ၏။
ပညာနှင့်ယှဉ်၍ -
သုံးစွဲတတ်သူများအဖို့
ပစ္စည်းဥစ္စာသည်
အထက်တက်ဖို့ရာ
ငြမ်းသဖွယ်ဖြစ်ကြောင်း-
အရှင်ဇနကာဘိဝံသဆရာတော်ကြီးက
ဤသို့သတိပေးတော်မူခဲ့ပါသည်။
" လူ……တော်တော်ချမ်းချမ်းသာသာ ဖြစ်နေပြီ ဆိုပါတော့- ဒါ ငြမ်း။ အထက်တက်ဖို့ရာ။ ရပ်နေဖို့မဟုတ်ဘူး။ ခံစားဖို့မဟုတ်ဘူး။ အထက်တက်ဖို့။ "
"ကုသိုလ်ဆိုတာ မေ့နေလျှင်-
တိရစ္ဆာန်နှင့် မထူးတော့။
ကုသိုလ်ဆိုတာ-
ဒီနည်းနဲ့လည်းရ-
ဟိုနည်းနဲ့လည်း ရနေမှ ကောင်းတယ်။ "
*****************************
(မင်းနန်-မော်ကျွန်း)
--------------------------
ပစ္စည်းဥစ္စာဟူသည် သူ့ချည်းသက်သက်ဆိုလျှင်
အကောင်းချည်းလည်း မဟုတ်သလို
အဆိုးချည်းလည်း မဟုတ်ပေ။
သိမ်းပိုက်ခံစားသူ၏
သဘောထားအပေါ်တွင်သာ
အကောင်း အဆိုး တည်မှီလျက်ရှိပါသည်။
ချမ်းသာဒဏ်မခံနိုင်ဖြစ်လျက်-
အာရုံခံစားမှုနောက်သို့
ကောက်ကောက်ပါလိုက်ရင်း
ဘဝညွန့်တုံးသွားသူများ ရှိသကဲ့သို့
ပစ္စည်းဥစ္စာကို ဒါနအဖြစ်
အနှစ်ထုတ်လျက်-
သာသနာအကျိုး-
လောကအကျိုး-
သည်ပိုးထမ်းရွက်သူများ ရှိပါ၏။
ပညာနှင့်ယှဉ်၍ -
သုံးစွဲတတ်သူများအဖို့
ပစ္စည်းဥစ္စာသည်
အထက်တက်ဖို့ရာ
ငြမ်းသဖွယ်ဖြစ်ကြောင်း-
အရှင်ဇနကာဘိဝံသဆရာတော်ကြီးက
ဤသို့သတိပေးတော်မူခဲ့ပါသည်။
" လူ……တော်တော်ချမ်းချမ်းသာသာ ဖြစ်နေပြီ ဆိုပါတော့- ဒါ ငြမ်း။ အထက်တက်ဖို့ရာ။ ရပ်နေဖို့မဟုတ်ဘူး။ ခံစားဖို့မဟုတ်ဘူး။ အထက်တက်ဖို့။ "
"ကုသိုလ်ဆိုတာ မေ့နေလျှင်-
တိရစ္ဆာန်နှင့် မထူးတော့။
ကုသိုလ်ဆိုတာ-
ဒီနည်းနဲ့လည်းရ-
ဟိုနည်းနဲ့လည်း ရနေမှ ကောင်းတယ်။ "
*****************************
(မင်းနန်-မော်ကျွန်း)
No comments:
Post a Comment