
ဆွဲအား နှင့် ခွဲအား
****************
★ လူ့ခန္ဓာမှာ အသိတစ်လုံးကျန်နေသေးရင်
ရုပ်ခန္ဓာဘယ်လောက်ပဲ ဖောက်ပြန် ဖောက်ပြန်
ကုသိုလ်ရအောင် သုံးလို့ဖြစ်နိုင်ပါသေးတယ်။
သတိတစ်လုံး ပျောက်ရင်တော့
ဘာတွေပဲကောင်းကောင်း
ခန္ဓာအသုံးမတည့်တော့ပါဘူး။
★ ဘဝမှာ `လောဘလူသားနဲ့ ဓမ္မလူသား´ရယ်လို့
လူ့အဖြစ်က နှစ်မျိုးရှိပါတယ်။
လောဘနောက်လိုက်ပြီး
`အရှိ´ ကို အားကိုးနေကြသူတွေက
`လောဘ လူသား´ တွေပါ။
ဓမ္မနောက်လိုက်ပြီး `အသိ´ ကိုအားကိုးမှ
`ဓမ္မလူသား ´ ရယ်လို့ခေါ်နိုင်တာပါ။
★ ဘဝမှာ အရှိတရားတွေအတွက်
အသိတရားက ပိုပြီးတည်ငြိမ်၊
ရင့်ကျက်၊ အေးချမ်း၊ ပျော်ရွှင်မှုကို
ပေးစွမ်းနိုင်တာပါ။
★ အသိတရားကင်းတဲ့အခါ
လူ့ဓန လူ့ချမ်းသာဆိုတာ မရှိတော့ စိတ်ပူ၊
ရှိလာတော့ စိတ်မအေးဖြစ်ရသလို
လူ့ဆန္ဒ လူ့လိုအင်တွေဟာလည်း
မရတော့ စိတ်ဆင်းရဲပြီး၊
ရလာတော့ စိတ်မချမ်းမသာဖြစ်တတ်ပါတယ်။
★ `ဘဝ´ ဟာ ရှိတိုင်းချမ်းသာတာမဟုတ်ဘဲ၊
လူချမ်းသာရဲ့အနှစ်သာရဆိုတာ
`အသိ´ ပါပဲ။
★ တရားအသိမရှိရင် ချမ်းသာဖို့ရည်ရွယ်ပြီး
ရှာဖွေစုဆောင်းထားတဲ့ပစ္စည်း
စိတ်နဲ့ ခလုတ်တိုက်မိပြီး
အမြဲတမ်းလိုလို မျက်ရည်ကျရတတ်ပါတယ်။
★ အများအားဖြင့် လူတွေဟာ
မအားဘူးဆိုတာထက် ရနေတဲ့အချိန်ကို
မသုံးတတ်ဘူးဆိုတာက ပိုပြီးမှန်ပါတယ်။
★ `မေတ္တာတရား´ သည်
လောက၏ အကြီးမားဆုံး `ဆွဲအား´။
`ဒေါသတရား´ သည်
လောက၏ အကြီးမားဆုံး `ခွဲအား´။
တိပိဋကဓရ ယော ဆရာတော်ကြီး
လှိုင် တိုး
No comments:
Post a Comment