
“အနှစ်မသိလေသမျှ အပြစ်ကြည့်နေကြဦးမှာပါပဲ"
တကယ်တော့
လူတစ်ယောက်ကို
အပေါ်ယံကြည့်ပြီး
ဝေဖန်တဲ့အလုပ်ဟာ
အပေါ်ယံသမားတွေရဲ့ အလုပ်ပါ။
ကိုယ်ကိုယ်တိုင်က
အပေါ်ယံသမားဖြစ်နေတော့
သူတစ်ပါးကိုလည်း
အပေါ်ယံကြည့်ပြီး
ဝေဖန်တော့တာပေါ့။
တချို့ဆို ကိုယ့်ကိုယ်ကို
လုံးဝ အပြစ်ကင်းစင်နေသလို
သဘောထားပြီး
သူတစ်ပါးကို
နေရာတကာ အပြစ်ရှာတတ်ပါတယ်။
သူတစ်ပါးကို ပြောတဲ့အပြစ်မျိုး
ကိုယ့်မှာ ရှိနေတာကိုတောင်
သတိမမူနိုင်ကြတော့ပါဘူး။
သူတစ်ပါးကို
‘ပုဂ္ဂိုလ်ရေးမဝေဖန်ပါနဲ့' ပြောပြီး
ကိုယ်ကိုယ်တိုင်ကျတော့
ပုဂ္ဂိုလ်ရေး ဝေဖန်နေတဲ့သူတွေ ရှိသလို
သူတစ်ပါးကို
‘အဝေဖန်ခံနိုင်ရမယ်' ပြောပြီး
ကိုယ်ကိုယ်တိုင်ကျတော့
အဝေဖန် မခံနိုင်တဲ့သူတွေလည်း ရှိပါတယ်။
ဆရာတော်၏ “စိတ်အားဖြည့် ဓမ္မနေခြည်" စာအုပ်မှ . . .
No comments:
Post a Comment