
ပင်လယ်ရေ ဘယ်မခန်း
*****************
ပုထုဇဉ်ဒုက္ခဟာ
သောတာပတ္တိမဂ်မရသေးသမျှ
နောင်အခါကာလ
ဘဝပေါင်းမည်မျှဖြစ်ကြရမည်ဟု
အကန့်အသတ်မရှိဘူး။
*****************
ပုထုဇဉ်ဒုက္ခဟာ
သောတာပတ္တိမဂ်မရသေးသမျှ
နောင်အခါကာလ
ဘဝပေါင်းမည်မျှဖြစ်ကြရမည်ဟု
အကန့်အသတ်မရှိဘူး။
ပင်လယ်ရေမခန်းသလို
ဒုက္ခတွေလည်း မကုန်နိုင်ဘူး။
အမှန်တော့သမုဒ္ဒရာတွေက
အပိုင်းအခြား
အကန့်အသတ်ရှိပါသေးတယ်။
ဘဝတစ်ခုကို
သမုဒ္ဒရာရေတစ်စက်ထားပြီး
တွက်ဦးတော့
သမုဒ္ဒရာရေက ကုန်သွားပေမယ့်
ပုထုဇဉ်ဘဝတွေက မကုန်နိုင်ဘူး။
အဲဒီလောက်များပြားတဲ့
ဘဝဆင်းရဲတွေကို
သောတာပတ္တိမဂ်က
ကုန်ခမ်းသွားစေနိုင်ပါတယ်။
မဟာစည်ဆရာတော်ဘုရားကြီး
[သတင်းတမန် ဂျာနယ်]
ကိုလှိုင် တိုး
No comments:
Post a Comment