
ဘ၀ကြင်ဖော်ကောင်း ဘယ်လိုရွေးချယ်မှာလဲ
*********************************
*********************************
> ညီမငယ် ညီမငယ်ဘ၀မှာ ယခုဘ၀ရော နောင်ဘ၀ပါ စိတ်ချမ်းချမ်းသာသာ အတူပျော်ပါးချင်တယ်ဆိုလျှင် ဘ၀ကြင်ဖော်ရွေးဖို့ အချက်(၄)ချက်နဲ့ညီမှ ရွေးချယ်လိုက်ပါ။
>၁။ မိမိနှင့် သဒ္ဓါတရားတူတဲ့သူကို ဦးစွာရွေးချယ်ရလိမ့်မယ်။ ညီမငယ် သဒ္ဓါတရားတူသူဆိုမှတော့ ဘာသာမတူ အယူမတူသူဟာ မိမိနှင့် သဒ္ဓါတရားတူသူ မဖြစ်နိုင်တော့ဘူး။ သဒ္ဓါတရားမတူမှတော့ ယခုဘ၀မှာ စိတ်ချမ်းသာမှု မရနိုင်သလို နောင်ဘ၀အထိပါ စိတ်မချမ်းသာနိုင်တော့ပါဘူး။ ညီမငယ်ပိုရှင်းအောင် ပြောပြမယ်-သဒ္ဓါတရားဟူသည် ဘုရား၊တရား၊သံဃာတည်းဟူသော ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်သူ၊ ကောင်းတာလုပ်လျှင် ကောင်းတာရတယ်၊ မကောင်းတာလုပ်လျှင် မကောင်းတာရတယ်လို့ ကံကိုယုံကြည်သူပါ။
>၂။ မိမိနှင့် သီလတူတဲ့သူကို ရွေးချယ်ရလိမ့်မယ်။ ညီမငယ် သဒ္ဓါတရားမရှိမှတော့ ဘယ်မှာလာပြီး သီလအတူ ဆောက်တည်လို့ရတော့မှာလဲ။ ဗုဒ္ဓဘာသာဝင်ဖြစ်သူသာ ရတနာသုံးပါးကို အကြွင်းမဲ့ယုံကြည်သူဖြစ်၍ ညီမငယ်အတွက် သီလတူသူဟာ တစ်ခြားဘာသာဝင် မဖြစ်နိုင်တော့ပါဘူး။
>၃။ မိမိနှင့် စာဂ(စွန့်ကြဲခြင်း-လှူဒါန်းခြင်း) တူညီသူဖြစ်ရမယ်။ ညီမငယ်သိတဲ့အတိုင်းပဲ ပေးကမ်းစွန့်ကြဲမှုလှူဒါန်းမှုပြုတာ ဒို့ဗုဒ္ဓဘာသာတွေကို မှီတဲ့သူရှိနိုင်ပါမလား။ သဒ္ဓါတရားမရှိသူတစ်ယောက်ဟာ စွန့်ကြဲမှုပြုဖို့ဆိုတာ အတော်စဉ်းစားပေးရဦးမယ်။ မိမိက ရဟန်းတစ်ပါးအား ဆွမ်းလောင်းချင်ပါတယ်ဆိုလျှင်တောင် အယူမတူသူကို ရွေးမိလိုက်မယ်ဆိုလျှင် ညီမငယ်ပါးစပ်မှ ကန်တော့ဆွမ်းပါလို့ ပြောရက်နိုင်လို့လား။
>၄။ မိမိနှင့် ပညာအရည်အချင်းတူရမယ်။ ညီမငယ်ရေ ဒီနေရာမှာ ပညာဆိုတာက အကြောင်းအကျိုး၊အကောင်းအဆိုးကို ခွဲခြားသိခြင်းကိုဆိုလိုတာပါ။ ဘွဲ့ဒီဂရီတူတာကို ပညာအရည်အချင်းတူသူလို့ ဆိုလိုတာမဟုတ်ဘူး။ ညီမငယ် ငွေမက်ပြီး မိမိနှင့် အကျင့်စရိုက်မတူသူကို ရွေးလိုက်မယ်ဆိုလျှင် ခဏတာလောက်တော့ ပျော်ရွှင်မှုရကောင်းရမယ်။ မိမိက ယခုရောနောင်ပါပျော်ရွှင်ချင်တယ်ဆိုလျှင်တော့ ယခုအချက်အလက်တွေနဲ့ မညီတဲ့သူကို မရွေးချယ်မိဖို့လိုပါလိမ့်မယ်။
ညီမငယ်ဘ၀မှာ အခုရောနောင်ပါစိတ်ချမ်းသာချင်သလား၊ သို့မဟုတ် ပစ္စုပ္ပန်ဘ၀ရော တမလွန်ဘ၀ပါစိတ်ချမ်းသာချင်သလား။ ညီမငယ်က ပညာရှိတစ်ယောက်ပါ၊ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်လိုက်။ ညီမငယ် ဒီစာကို ဖတ်ခွင့်ရနေပြီဆိုကတည်းက ညီမငယ် ပညာအရည်အချင်းက မနည်းတာသေချာတယ်။ ညီမငယ် ငယ်ငယ်တုန်းက ကဗျာလေးမှတ်မိသေးလား။
ကျွေးမွေးမပျက်၊
ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊
လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊
ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့မှာ။
ညီမငယ် ဒီနေရာမှာအဓိကပြောချင်တာက စောင့်လေမျိုးနွယ် လိုက်နာတဲ့ သားသမီးကို မိဘတွေက တအားအလိုရှိ၊ တအားချစ်ကြတာပါ။ မိဘတိုင်း အလိုရှိတဲ့ သားသမီးရတနာလေးပေါ့။
ညီမငယ် မှာလိုက်ပါရစေ။ တူလေးတူ မတူလျှင် ဘ၀ကြင်ဖော်မရွေးချယ်မိစေနဲ့၊ မိမိရဲ့ မျိုးနွယ်ကို စောင့်ရှောက်ပါ။
မေတ္တာဖြင့်-
အရှင်ဇောတိပါလ(သာစည်)
No comments:
Post a Comment