
သောကအမာရွတ်
**************
`မရှိတောင့်တ၊ ရှိ-ကြောင့်ကြ´တဲ့။
ဒီစကားက ကာမဝိတက်နဲ့ ဗျာပါဒဝိတက်တို့ရဲ့
နှစ်ပါးသွားခန်းကို ဖော်ပြပေးနေသလိုပဲ။
တစ်နည်းအားဖြင့်တော့
လောဘနဲ့ သောကတို့ကို ဖော်ပြနေတာ။
သောကဆိုတာ သူ့အလိုလို
ရောက်လာတာ မဟုတ်ဘူး။
လောဘက ခေါ်လာတာ။
လောဘကြီးလေ သောကကြီးလေပဲ။
လောဘက လိုချင်တုန်း ပူဆာ၊
ယူစရာရပြန်တော့ သွားသေးတယ်။
သောကကတော့ အိမ်ခေါင်မိုး
ခိုငှက်တွေ နားသလိုပဲ။
ဘယ်တော့မှ တိတ်ဆိတ်တယ် မရှိဘူး။
လောဘက အနာပေါက်တာနဲ့ တူတယ်။
အနာပျောက်သွားပေမယ်လို့
အမာရွတ်ကြီး ကျန်ရစ်ခဲ့သလို
သောကက ပျောက်သွားတယ်
မရှိတော့ပါဘူး။
ညအိပ်ရာဝင်ရင်တောင် မနက်ဖြန်အတွက်
စရံသတ်ထားလေ့ရှိတယ်။
နိုးလာတော့လည်း လူနိုးလို့
နိုးတယ် မရှိပါဘူး။ သူနိုးလို့ နိုးခဲ့ရတာ။
သောကကို ပြောတာ။
ဒီတော့ လူတစ်ယောက်ရဲ့
အသက်ဟာရုပ်နာမ်နှစ်ပါးအစား
လောဘနဲ့ သောကအကြား ရပ်တည်နေသလိုပဲ။
လူတစ်ယောက်ရဲ့ အလုပ်ဆိုတာလည်း
လောဘနဲ့ သောကနှစ်ပါးရဲ့
နေအိမ်မှာပဲ ရှိတော့တယ်။
မဟာဗောဓိမြိုင် ဆရာတော်ကြီး
အနာပျောက်သွားပေမယ်လို့
အမာရွတ်ကြီး ကျန်ရစ်ခဲ့သလို
သောကက ပျောက်သွားတယ်
မရှိတော့ပါဘူး။
ညအိပ်ရာဝင်ရင်တောင် မနက်ဖြန်အတွက်
စရံသတ်ထားလေ့ရှိတယ်။
နိုးလာတော့လည်း လူနိုးလို့
နိုးတယ် မရှိပါဘူး။ သူနိုးလို့ နိုးခဲ့ရတာ။
သောကကို ပြောတာ။
ဒီတော့ လူတစ်ယောက်ရဲ့
အသက်ဟာရုပ်နာမ်နှစ်ပါးအစား
လောဘနဲ့ သောကအကြား ရပ်တည်နေသလိုပဲ။
လူတစ်ယောက်ရဲ့ အလုပ်ဆိုတာလည်း
လောဘနဲ့ သောကနှစ်ပါးရဲ့
နေအိမ်မှာပဲ ရှိတော့တယ်။
မဟာဗောဓိမြိုင် ဆရာတော်ကြီး
No comments:
Post a Comment