
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၂"
★ ဉာဏ်ရည် ဉာဏ်သွေး ဘယ်လောက်ကောင်းကောင်း IQ ဘယ်လောက်မြင့်မြင့်
မကြိုးစားရင် ဘာမှဖြစ်မလာဘူး။ကြိုးစားပြီးဆိုရင် လုံ့လ၀ီရိယ အကျိုးခံစားရမယ်။
အဲ့ဒီကြားထဲမှာ ဘုရားသခင်က မ,တယ်ဆိုတာ ယုံနေတယ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ အချိန်တန်ဘုရားအားကိုးတာဆိုတော့ သူကကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားစရာမလိုဘူး။
ဘာလုပ်သင့်တယ် ဘာ မလုပ်သင့်ဘူး
(What should we done, what should not we done)
ဆိုတာလည်း ခွဲခြားသိစရာ မလိုဘူး။လူရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာလည်း
ဘာမှတန်ဖိုးမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာရာဟာ ဘုရားသခင်အလိုတော်ကျ
ဖြစ်ရတာမို့ပဲ။
★ လက်တွေ့မှာဒါတွေဖြစ်နိုင်လား။ကိုယ်ပိုင်ဉာဏ်နဲ့ပဲ စဉ်းစားကြည့်။
ဗုဒ္ဓမြတ်စွာက စိတ်ကူးယဉ် မျှော်မှန်းရရုံ
ဟောတာမဟုတ်ဘူး။လက်တွေ့လုပ်လို့ ရတဲ့တရားကိုဟောတာ။
ဆို့ပါစို့ ဒီလမ်းကလျှောက်ရင် ဒီစခန်းရောက်မယ်ဆိုတာ သိပြီးသားပဲလေ။
လမ်းကြောင်းပေါ်မှာလျှောက်နေရင် ထိုလမ်းအတိုင်းမှန်မှန်သာ
လျှောက် လျှောက်နေမယ်ဆိုရင် စခန်းကိုမြင်ရသည် ဖြစ်စေ မမြင်ရသည် ဖြစ်စေ လမ်းကြောင်းမှန်ရင်ထိုစခန်းကိုရောက်မှာသေချာတယ်။ဆိုပါဆို့
ေ၇ွှတိဂုံဘုရားကိုသွားမယ် ဘုရားကိုဦးတည်နေတဲ့ လမ်းမကြီးကိုသာလျှောက်
ဘုရားကိုမမြင်ရသည်ဖြစ်စေ ဘုရားကိုရောက်မှာပါ။ မရောက်တဲ့လမ်း
လျှောက်မယ် ပြောင်းပြန် လျှောက်မယ်ဆိုရင်တော့
ရွှေတိဂုံဘုရားကိုရောက်မှာ
မဟုတ်ဘူး။ဒါဟာလက်တွေ့ကျတယ်။
★ ဒါ့ကြောင့်မို့ မြတ်စွာဘုရားက ကေသမုတ္တိရွာက
လူတွေကျကျကိုယ်ပိုင်ဉာဏ် အသုံးချတတ်ဖို့ ဒီသုတ္တံကို
ဟောတာ။ဒီသုတ္တံဟာ လူတိုင်းအတွက် (Guide Line )တစ်ခုပဲ
(Road map) လို့ပြောနိုင်တယ်။မြတ်စွာဘုရားက ဆက်ပြီးရှင်းပြတယ် ။
အေးဒီလို သံသရဖြစ်နေမယ်ဆိုရင် ငါပြောမယ်တဲ့။
၁။မာ အနုဿဝေန= အမှန်တရားကိုရှာတဲ့အခါမှာ တဆင့်ကြားစကားအပေါ်
အခြေခံပြီးတော့ မရှာနဲ့။ဟိုလူပြောတာ ဒီလူပြောတာဆိုတဲ့ တဆင့်ကြားစကား (Hearsay)
တွေအပေါ်မှာ အခြေခံပြီးတော့မရှာနဲ့။တဆင့်ကြားစကားဆိုတာ မှန်တာရှိတယ်
မှားတာရှိတယ် မသေချာဘူး။
၂။မာ ပရမ္ပရာယ=အစဉ်အလာ ကျင့်သုံးလာတဲ့ အချက် အစဉ်အလာ ယုံကြည်ထားတဲ့အချက်အပေါ်အခြေခံပြီးတော့လည်း အမှန်တရားကိုမရှာဖွေနဲ့။
ဘာဖြစ်လို့လဲဆိုတော့ (Tradition) ဆိုတဲ့ အစဉ်အလာကျင့်သုံးလာတဲ့
လက်ခံလာတဲ့အချက်ဟာ မှန်တာလည်းရှိတယ် မှားတာလည်းရှိတယ် သေချာပေါက်
အမှန်လို့ချည်းမပြောနိုင်ဘူး။
၃။မာ ဣတိကိရာယ = တစ်ဦးတစ်ယောက်က လာပြီးဒါက ဒီလိုပါဆိုပြီး တင်ပြချက်ကိုအခြေပြီးတော့လည်းအမှန်တရားကို ဆုံးဖြတ်လို့မရဘူးတဲ့။
သူပြောတဲ့ (Report)ဟာ မှန်ရင်လည်းမှန်မယ် မှားရင်လည်းမှားမယ်
မသေချာဘူး။
၎။မာ ပိဋကသမ္ပဒါနေန = ကိုယ်သင်ထားတဲ့စာပေနဲ့ကိုက်ညီတယ်
ဆိုရုံနဲ့လည်း မှန်တယ်လို့ မဆုံးဖြတ်နဲ့။
ဘာလို့လဲဆိုတော့ စာအုပ်ထဲမှာ ရေးထားတယ်ဆိုပေမယ့်
မှားရင်မှားမယ် မှန်ရင်လည်းမှန်မယ် ပြောလို့မရဘူး။
ကနေ့ခေတ်မှာ English ဘာသာနဲ့ ရေးပြီး Buddhism
အမည်တပ်တဲ့ စာအုပ်တွေဟာ ကိုယ့်အယူဝါဒ
ကိုယ်ထင်ရာရေးပြီး Buddhism အမည်တပ်ထားတာပဲ။
၅။မာ တက္ကဟေတု= လောကမှာအမှန်တရားကို ရှာတဲ့နည်းတစ်နည်းရှိသေးတယ်။
Logic လို့ခေါ်တယ်။အဲ့ဒီ Logic ဆိုတဲ့ နည်းနဲ့ရော အမှန်တရားကို
ရှာလို့ရလားဆိုတော့ မရဘူး။ Logic ဆိုတာ ကျိုးကြောင်း
ဆင်ခြင်တဲ့နည်း အဲ့ဒီနည်းစနစ်နဲ့ ရှာရင် မှန်တဲ့အခါမှန်တဲ့အခါမှန်တယ်
မမှန်တဲ့အခါမမှန်ဘူး။
ကျိုးကြောင်း ဆင်ခြင်တယ်ဆိုတာ ဥပမာ-လူဟာသေမျိုးဖြစ်တယ်။ဦးဘဟာ လူဖြစ်တယ်။ဒါကြောင့်ဦးဘဟာ သေမျိုးဖြစ်တယ်။
ဒီအချက်ဟာ မှန်တယ်။ သို့သော် ဗျိုင်းငှက်ဟာ ဖြူတယ်။ကျီးဟာငှက်ဖြစ်တယ်
ဒါကြောင့် ကျီးဟာ ဖြူတယ်ဆိုရင် မမှန်ပြန်ဘူး။Logic နဲ့ဆင်ခြင်တိုင်းလည်း
အမှန်တရားဆိုတာ မတွေ့နိုင်ဘူး။
၆။မာ နယဟေတု= ရှာဖွေတဲ့နည်းလမ်းတစ်ခုကိုအသုံပြုပြီးတော့
အမှန်တရားကို အသုံးပြုလို့မရဘူး။အကျိုးကိုကြည့်ပြီး
အကြောင်းကို ဖော်ထုတ်တဲ့နည်း အကြောင်းကိုကြည့်ပြီး အကျိုးကိုဖော်ထုတ်တဲ့
နည်းကို အနုမာန( inference) ဆိုတဲ့အရာဟာ အမှန်တရားကို ရှာတဲ့အခါမှာ လုံလောက်တဲ့
ဆုံးဖြတ်ချက်ကိုမပေးနိုင်ဘူး။မြတ်စွာ ဘုရားက လောကမှာလူတွေ
အမှန်တရားဆိုပြီး လက်ခံနေကြတာဟာဒါတွေပေးမှာ အခြေပြုနေကြတယ်တဲ့။
၇။မာ အာကာရပရိဝိတက္ကေန = အခြေအနေအရပ်ရပ်ကို
သုံးသပ်ဆင်ခြင်တဲ့နည်း အကြောင်းတရားရှာတဲ့နည်း(Reasoning) နဲ့လည်း
အမှန်တရားကို ရှာလို့မရဘူးတဲ့။အဲ့ဒါကလည်းမသေချာဘူး။
၈။မာ ဒိဋ္ဌိနိဇ္ဈနက္ခန္တိယာ= ကိုယ့်အကြိုက်နဲ့ ကိုက်ညီတယ် ဆိုတာနဲ့လည်းအမှန်တရားကို မရှာနဲ့တဲ့။ကိုယ်ကအမျိုးမျိုးတွေးခေါ်ပြီးတော့ ကြိုက်နှစ်သက်လို့
ယူထားတဲ့ အယူဝါဒနဲ့ ကိုက်ညီလို့ရှိရင်လက်ခံကြတယ်။
ဒါဟာ ငါကြိုက်တဲ့ အယူဝါဒနဲ့ကြိုက်ညီတယ် ထင်တဲ့အတိုင်း
ဟုတ်နေတယ်ဆိုပြီးတော့ကိုယ့်အမြင်နဲ့မှန်ရင် အမှန်တရားကိုလက်ခံကြတယ်တဲ့။
အဲ့ဒါလည်းစိတမချရဘူးတဲ့။
၉။မာဘဗ္ဗရူပတာယ =မှတ်သားထိုက်တဲ့အရာ ဆိုရုံနဲ့လည်းအမှန်တရားကို မရှာနဲ့။
လူတွေက ဒါလေးက မှတ်သားစရာကောင်းတယ် ယုတ္တိရှိတယ်ဆိုတာလေးနဲ့
အမှန်တရားကိုလက်ခံကြတယ်။ ရှေ့ကိုဆက်ပြီး
မစဉ်းစားဘူး။ဒါလည်းပဲ စိတ်ချရတဲ့ အကြောင်းတစ်ခုမဟုတ်ဘူးတဲ့။
၁၀။မာ သမဏော နောဂရု =ဒို့ကိုးကွယ်တဲ့ဆရာပဲ လေးစားထိုက်တယ်
သူ့စကားဆိုတာနဲ့လည်းအမှန်တရားကိုမရှာနဲ့။ဒီပုဂ္ဂိုလ်ကြီးကတော့ ဒို့ဆရာကြီး
ဂုရုကြီးပဲ သူပြောတာမှန်တယ်ဆိုပြီးမဆုံးဖြတ်လိုက်နဲ့။အခုပြောတဲ့ အချက်(၁၀)ချက်ဟာ
အမှန်တရားကိုဆုံးဖြတ်တဲ့အခါ မှာ အားကိုးယုံကြည်လောက်တဲ့
အကြောင်းတရားတွေ မဟုတ်ဘူးတဲ့။
★ဒါဖြင့် အမှန်နဲ့အမှားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုးယုံကြည်လောက်တဲ့ အကြောင်းဆိုတာဘာလဲ။ကိုယ်တိုင် လက်တွေ့သိတဲ့အသိဉာဏ်ပဲဖြစ်တယ်။
ကိုယ်တိုင်သိအောင်လုပ် ကိုယ်တိုင်သိအောင်လုပ်တဲ့
အချက်ဟာအသေချာဆုံးပဲ။အေးဥပမာ လောဘဆိုတဲ့သဘောတရား
ဒေါသဆိုတဲ့သဘောတရားမောဟဆိုတဲ့သဘောတရား ဟာအပြစ်မရှိတဲ့အရာလား။
မြန်မာလိုပြောရင် ငရဲကြီးသလား။မကြီးဘူးလား။ကိုယ့ဟာကိုယ် စဉ်းစားကြည့်ပေါ့။
ငရဲကြီးတာ မကြီးတာ ဘာနဲ့တိုင်းတာမလဲ။
(ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော် ဘုရားကြီး)
"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း" တရားမှကောင်နှုတ်ချက်။
ဆက်လက်ကူးယူဖော်ပြမည်။
Creat Post By .... Pay Thoe
No comments:
Post a Comment