
“ကံ (၄) မျိုး”
ဒီအပိုင်းမှာ ကံလေးမျိုးရှိတယ်။
(၁) ဥပပီဠကကံ,
(၂) ဥပစ္ဆေဒကကံ,
(၃) ဇနကကံ,
(၄) ဥပတ္ထမ္ဘကကံဆိုပြီးလေးမျိုးရှိတယ်။
ဥပပီဠကကံဆိုတာက ကပ်ပြီး ညှဉ်းပန်းနှိပ်စက်တတ်တဲ့ကံပဲ၊
ဥပမာ - ကုသိုလ်ကံတစ်ခုက ခုလိုလူ့ဘ၀ကို ပဋိသန္ဓေအကျိုးပေးပြီး လူဖြစ်လာပြီ ဆိုကြစို့၊
ကုသိုလ်ကံတစ်ခုကြောင့် အဲဒီအကျိုးပေးနေတဲ့ ကံကို အားနည်းသွားအောင် ကပ်ပြီးတော့ ညှဉ်းပန်းနှိပ်စက်တတ်တဲ့ ကံကို ဥပပီဠကကံလို့ခေါ်ပါတယ်။
အဲဒီအကျိုးပေးနေတဲ့ ကုသိုလ်ကံကို အရှိန်အ၀ါကျသွားအောင် လုံးလုံးဖြတ်တောက်ပစ်လိုက်
တဲ့ ကံကိုတော့ ဥပစ္ဆေဒကကံလို့ ခေါ်ပါတယ်။
ဘ၀တစ်ခုကို (ပဋိသန္ဓေအကျိုးကို)ဖြစ်ပေါ်စေတတ်တဲ့ တိုက်ရိုက်ဖြစ်စေတတ်တဲ့ ကံကိုတော့ ဇနကကံလို့ ခေါ်တယ်။
အဲဒီ ဇနကကံကို အားကောင်းအောင် အားပေးထောက်ပံ့နေတဲ့ ကံကိုတော့ ဥပတ္ထမ္ဘကကံလို့
ခေါ်ပါတယ်။
အဲဒီတော့ ဒီနေရာမှာ သတ္တ၀ါတွေ အသက်တိုအောင် ဒီကံက ဘယ်ပုံဘယ်ပန်း ဘယ်နည်း
လမ်းအားဖြင့် ပြုပြင်ဖန်တီးပေးသလဲ ဆိုတာနှင့် ပတ်သက်လို့ အဋ္ဌကထာက ဒီလို ရှင်းလင်း
ဖွင့်ဆိုထားတယ်။
ဖားအောက်တောရဆရာတော်
(စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေးတရားဒေသနာတော်)
Buddhavasa Tiloka
No comments:
Post a Comment