
“ရှောင်သီလ ၊ဆောင်သီလ”
••••••••••••••••••••••••••••••••
သီလဆိုတာ “အလေ့”ပါ။
သူတော်ကောင်းတွေရဲ့ အလေ့၊
လူယဉ်ကျေးတွေရဲ့ အလေ့ကို “သီလ” လို့ ခေါ်ပါတယ်။
ရှောင်သင့် ရှောင်ထိုက်တဲ့ ကိုယ်အမူအရာဆိုး၊
နှုတ်အမှုအရာဆိုးတွေကို ရှောင်တဲ့ အလေ့ရှိသလို၊
ဆောင်သင့်ဆောင်ထိုက်တဲ့ ကိုယ်အမူအရာကောင်း၊
နှုတ်အမူအရာကောင်းတွေကိုလည်းဆောင်တဲ့အလေ့
ရှိရပါတယ်။
တားမြစ်ချက် မကျူးလွန်ခြင်းဆိုတဲ့ ရှောင်သီလ နဲ့၊
တာဝန်ဝတ္တရား ကျေပွန်ခြင်းဆိုတဲ့ ဆောင်သီလ ၊
သီလနှစ်မျိုးစလုံး ပြည့်စုံမှ သူတော်ကောင်းပီသတယ်။
-【အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】
No comments:
Post a Comment