
{*} ပြောင်းလဲခြင်းနှင့်စစ်မှန်ခြင်း {*}
အောင်မြင်ခြင်းမှာ ...
မိတ်ဆွေတွေ အများကြီးရှိတယ်။
ဒါပေမယ့် ...
တကယ်စစ်မှန်တဲ့ ခင်မင်မှုနဲ့ ...
မိတ်ဆွေကောင်းဆိုတာ မသေချာဘူး။
ကိုယ့်အကျိုးကို တကယ်လိုလားဟန်နဲ့
သူ့အကျိုးအတွက် ...
မိတ်ဆွေကောင်း အမူအရာတွေအဖြစ်
ဟန်ဆောင်နေတတ်တယ် ...။
ငွေကြေးပြည့်စုံခြင်းမှာ ...
မေတ္တာသက်ဝင်သူတွေပေါတယ်။
ဒါပေမယ့် ...
တကယ်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့
ချစ်တယ် မချစ်ဘူးဆိုတာ မသေချာဘူး။
ုမြတ်နိုးခြင်းတွေ ...
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာအသွင်နဲ့
နောက်ကြောင်းကောင်းဖို့အတွက် ...
ချစ်သူကောင်း အမူအရာတွေအဖြစ်
ဟန်ဆောင်နေတတ်တယ် ...။
ဒါပေမယ့် ...
ဘ၀ရဲ့ခက်ခဲမှုတွေ ...
ဘ၀ရဲ့အလှည့်အပြောင်းတွေကြောင့်
ရုန်းကန်ရမယ့် အခြေအနေကို ...
ရောက်လာတဲ့အခါ ...
ရင်ဆိုင်လာရတဲ့အခါ ...
ပြုံးရွှင်စွာ ကြိုလေ့ရှိတဲ့ မျက်နှာတွေက
အလိုမရှိတဲ့မျက်နှာထားတွေ ဖြစ်လာမယ်
အမြဲဖွင့်ထားတဲ့ တံခါးတွေက ...
အမြဲပိတ်ထားတဲ့ တံခါးတွေ ဖြစ်လာမယ်....။
လေးစားမှုတွေနဲ့ ဆက်ဆံရေးက
မထီမဲ့မြင်ခြင်းတွေ ဖြစ်လာမယ် ...
မြတ်နိုးတဲ့ ချစ်ခြင်းတွေက ...
တန်ဖိုးမဲ့ ချစ်ခြင်းတွေ ဖြစ်လာမယ်...။
တစ်ဘ၀လုံး ချစ်မယ့်သူက ...
ချစ်မိတာမှားလေခြင်း ဖြစ်လာမယ်
မလွတ်တမ်း ...
ဆုပ်ကိုင်ထားတဲ့ လက်တွေက ...
လက်တွဲဖြုတ်ရင်း ...
စွန့်ခွာသွားခြင်းတွေ ဖြစ်လာတတ်တယ်။
တကယ်တော့ ...
စစ်မှန်သော မိတ်ဆွေကောင်း
စစ်မှန်သော ချစ်သူကောင်းတို့၏
စိတ်ဓာတ်နှင့်မေတ္တာတရားသည်
မည်သည့် အခြေအနေ ...
မည်သည့် အချိန်အခါမျိုးတွင်မှ ...
ပြောင်းလဲသွားလေ့ မရှိတတ်ပါ ...။
မြ၀ဏိုးစံ(ပေါင်းတည်)
No comments:
Post a Comment