
“ဥပစ္ဆေဒကကံ = ကပ်၍ ဖြတ်တတ်သောကံ”
***********************************
အသက်ရှည်ဖို့ရန်အတွက် အတိတ်က ကံကလေးက ပို့ပေးလို့ လူ့ပြည် လူ့လောကတော့ရောက်လာတာ -- မှန်တယ်၊ ဒါပေမဲ့လို့ နောက်ထပ် ဥပစ္ဆေဒကကံတစ်ခုက ပေါ်လာပြန်
တယ်၊ ဥပစ္ဆေဒကကံ ဆိုတာကလည်း တခြားဟာတော့မဟုတ်ဘူး၊ ခုနက, အတိတ်က သူတစ်ပါးရဲ့ အသက်တွေကို သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကံပဲ၊
အဲဒီကံက ရင့်ကျက်လာတဲ့ အချိန်အခါမှာ ခုနက အကျိုးပေးနေတဲ့ လူ့လောကလူဖြစ်အောင် လူ့ခန္ဓာငါးပါးရရှိအောင် အကျိုးပေးနေတဲ့ ဒီကုသိုလ်ကံကို သူကကပ်ပြီးတော့ ဖြတ်တောက်
နေတယ်၊ အဲဒီကုသိုလ်ကံက အသက်ရှည်စေတတ်တဲ့ကံပဲ၊
အတိတ်က လွန်ကျူးခဲ့တဲ့ ဒီပါဏာတိပါတကံက ဥပစ္ဆေဒကကံပဲ၊ အဲဒီကံက အသက်တိုစေ
တတ်တဲ့ကံပဲ၊ အသက်ရှည်စေတတ်တဲ့ကံရဲ့ စွမ်းအားကို အသက်တိုစေတတ်တဲ့ ဒီကံက
လာပြီးတော့ ဖြတ်တောက်ပစ်လိုက်တယ်။
ရှစ်ဥသဘလောက် ရှိတဲ့ ခရီးတစ်ခု ဆိုကြပါစို့၊ အဲသလောက် ရှစ်ဥသဘလောက်ခရီးကို သွား
နိုင်တဲ့ မြားတစ်စင်းကို ကျွမ်းကျင်တဲ့ လေးသမားတစ်ဦးက ပစ်ပြီးတော့ လွှတ်လိုက်တယ်။ အဲဒီ
ပစ်လွှတ်လိုက်တဲ့မြားကို နောက်ထပ် ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တစ်ဦးက မြားတစ်စင်းနှင့် ထပ်ပြီး
တော့ အောက်ကို ကျသွားအောင် ပစ်လွှတ်လိုက်သလိုပဲ၊ နောက်ထပ် တစ်ခါ ဒီမြားကို ဆောက်
ပုတ်နှင့် ရိုက်ပြီးတော့ အောက်ကိုကျသွားအောင် ရိုက်ချလိုက်သလိုပဲ ပုဂ္ဂိုလ်တစ်ယောက်ရဲ့
အသက်ကိုလည်း ခုနက တင်းပုတ်ကြီးနှင့် ထုပြီးတော့ တိုသွားအောင်ပြုလုပ်လိုက်သလို ဒီကံ
က ချက်ချင်း ဖြတ်တောက် ပစ်လိုက်တယ်၊
အဲဒီလို ဖြတ်တောက်လိုက်တဲ့အတွက်ကြောင့် ဘာဖြစ်လာသလဲ?
အသက်ရှည်စေတတ်တဲ့ လူ့ဘ၀ရောက်ကြောင်းဖြစ်တဲ့ ကံရဲ့စွမ်းအားကလေးကို ဒီပါဏာတိ
ပါတကံလို့ခေါ်ဆိုအပ်တဲ့ အတိတ်ကတည်ထောင်ခဲ့တဲ့ ဥပစ္ဆေဒကကံက လာပြီးတော့ သက်
တမ်းကို တိုအောင်ဖြတ်တောက်ပေးလိုက်တယ်။
ဘယ်လို ဖြတ်တောက်ပေးသလဲလို့မေးတော့ ---
ခိုးသားဓားပြတွေကို တောအုပ်ထဲကို ရောက်အောင် ပို့သွင်းပေးလိုက်တယ်၊ ဒီကံက တည်
ထောင်ဖန်ဆင်းပေးလိုက်တယ်။ သူက တောလမ်းခရီးတစ်ခုကို ဖြတ်ပြီးသွားတော့မယ်ဆို
လို့ရှိရင် သူသွားမည့်လမ်းခရီးမှာ ခိုးသားဓားပြတွေက စောင့်ဆိုင်းနေအောင် ခိုးသားဓားပြတွေ
ရဲ့ စိတ်ဓာတ်ကို ဒီကံက လှုံ့ဆော်ပေးလိုက်တယ်ပေါ့နော်၊ ဓားပြတွေက ဟိုက အသင့်စောင့်
နေပြီ။
နောက်တစ်ခု ---
ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထားကို ဒီအချိန်အခါမှာ ကြမ်းတမ်းတဲ့ ငါးလိပ်မကန်းရှိနေတဲ့ ဒီရေထဲကို မရောက်ရောက်အောင်, ဒီရေထဲ မဆင်းဆင်းအောင် ဒီကံက ပို့ဆောင်ပေးတယ်။
“ကံဆန်းကြယ်ပုံ အတွေ့အကြုံတစ်ရပ်”
*********************************
ဘုန်းကြီး အစင်ရွာမှာ နေစဉ်အခါတုန်းက ကုလားဆိုတဲ့ ကလေးသူငယ်ကလေး တစ်ယောက်
ကို တွေ့ခဲ့ဖူးတယ်။ သူ့ကံက ဘယ်လိုအကြောင်း တိုက်ဆိုင်ခဲ့တယ်ဆိုတာတော့ မပြောတတ်
ဘူး၊ အစင်ရဲ့ တစ်ဘက်ကမ်းမှာ စုန်းမကျွန်းဆိုတဲ့ ကျွန်းတစ်ကျွန်းရှိတယ်၊ အဲဒီကျွန်းကို သွား
တဲ့အခါ ချောင်းကလေးတစ်ခုကို သူက ဖြတ်ဖြတ်ပြီးကူးသွားပြီးတော့ အဲဒီကျွန်းမှာ လယ်သွား
လုပ်ရတယ်။
သူရဲ့အမျိုးသမီးကို သူက အဲဒီလယ်တောကို သွားစဉ်အခါမှာ, အဲဒီချောင်းကို ဖြတ်ဖြတ်ပြီး ကူး
စဉ်အခါမှာ “ငါ လွန်ခဲ့တဲ့ ဘ၀တုန်းကရေနစ်ပြီးသေခဲ့တာ ဒီနေရာကလေးပဲ”ဆိုပြီး သူ ခဏခဏ
ပြောပြတယ်။ အဲဒီနေရာကလေးကို မကြာခဏ ဖြတ်ပြီး ကူးနေကျပဲ။
တစ်နေ့တော့ သူက အဲဒီနေရာကလေးကို ဖြတ်ကူးတယ်၊ အဲဒီနေရာမှာရေက ဒူးလောက်ပဲ ရှိပါ
တယ်၊ ဒူးလောက်ရှိတဲ့ နေရာကလေးမှာ ဖြတ်ကူးရင်းနှင့် သူ ရေနစ်ပြီး သေသွားရရှာပါတယ်။
ဒီနေရာကို မဆင်း ဆင်းဖြစ်အောင် ကံက တည်ထောင် ဖန်ဆင်းပေးလိုက်တယ်။ ဒူးလောက်
သာ ရှိတဲ့ ရေဟာသေဖို့တော့ မကောင်းဘူး၊ ဒါပေမဲ့ အဲဒီနေရာကျတော့ သူရုန်းလို့ မရဘူး။
ဘာဖြစ်လို့ သူ ရုန်းလို့ မရဘူးလို့ သိသလဲလို့ မေးတော့, သူ့နောက်မှာ သူ့ရဲ့ယောက်ဖခေါ်မ
လား ဒကာတစ်ယောက် ပါလာတယ်၊ ဒကာတစ်ယောက်က နောက်ကနေ ရပ်ကြည့်နေတယ်၊
သူက ရှေ့ကနေ အရင် ကူးသွားတယ်၊ ရေ ဒူးလောက်ရှိတဲ့ အဲဒီနေရာကို ရောက်တဲ့အခါကျ
တော့ “ကျွန်တော်ဘယ်လို ဖြစ်မှန်း မသိဘူး”ဆိုပြီး နောက်ကို လှည့်ပြီး စကားပြောတယ်၊ ပြန်
ဆုတ် လာခဲ့ဆိုတော့ ပြန်ဆုတ်လို့လည်း မရတော့ဘူး၊ ကျွန်တော် လှုပ်လို့မရဘူးလို့ သူက လှမ်းပြောလိုက်တယ်၊ ပြောပြီး လဲသွားတယ်၊ လဲသွားပြီး သူ့ကို လိုက်ရှာတယ်၊ နှစ်ရက်ကြာမှ သွားတွေ့တယ်။
ဒါပဲ -- ဒီကပ်ပြီးညှဉ်းပန်း နှိပ်စက် ဖြတ်တောက်မည့် ကံတစ်ခုက ဒီရေထဲ မဆင်း ဆင်းအောင်
ပို့ဆောင်ပေးနေတယ်။ ဘေးအန္တရာယ်ရှိတဲ့နေရာတစ်ခုခုကို
ရောက်အောင် ပို့ဆောင်ပေးတယ်။
အဲဒီလိုကံမျိုးကို ဥပစ္ဆေဒကကံလို့ ခေါ်ပါတယ်၊ ဒီဥပစ္ဆေဒကကံကိုပဲ ဥပဃာတကကံလို့လည်း
ခေါ်ပါတယ်။ ဒါကြောင့် ဘေးအန္တရာယ်အမျိုးမျိုးတွေကျရောက်အောင် ဒီပါဏာတိပါတကံ
က လိုက်ပြီးတော့ ပို့ဆောင်ပေးနေတယ်။
ဖားအောက်တောရဆရာတော်
(စိတ်ဓါတ်ပြုပြင်ပြောင်းလဲရေးတရားဒေသနာတော်)
Buddhavasa Tiloka
No comments:
Post a Comment