
"ငါတို့ရဲ့မြတ်ဗုဒ္ဓ ဘာတွေထားခဲ့သလဲ (၂) "
★ မြတ်ဗုဒ္ဓကသူ့ဓမ္မကိုထားဖြစ်ခဲ့တယ် ဘယ်သူကိုမှ ဘယ်ဘက်ကမှဒုက္ခမပေးဘူး။
ဂျီဆက် (Jesus)ပေါ်လာတယ် သမ္မာကျမ်းစာကို ထားခဲ့တယ် လောကကြီးကို ဘယ်သူ့မှဒုက္ခမပေးဘူး။ကမ္ဘာပေါ်မှာသိပ်ချစ်စရာကောင်းတဲ့
ဘာသာရေးခေါင်းဆောင် (၂)ယောက်၊ အစ္စလာမ် ဘာသာ-တည်ထောင်သူမှာ မိုဟာမက်
သည်လည်း (originally) ကတော့သူတော်ကောင်းပဲ ဖြစ်မှာပါပဲ။
သို့သော် သူ့နောက်လိုက်တွေ နောက်လူတွေက တယ်ပီးမှ မိုက်တာ။သူသေပြီးနောက်
နှစ်(၆၀)လောက်ကြာတော့ (ကုရ်အံ ) ပြန့်ပွားရေးအတွက် မြင်းတပ်တွေနဲ့
ဓားတွေ လှံတွေနဲ့ တပ်ကြီးစုဖွဲ့ပြီးတော့ (ဆော်ဒီအာရေဗျနိုင်ငံ မက္ကာ)ကနေပြီး
မြောက်ဘက်ကိုချီတက် ပြီးဓားတချင်းချင်းနဲ့ သိမ်းပိုက်တိုက်ခိုက်လိုက်ကြတာ ရုရှားပြည်ကြီးတ၀က်လောက်ကုန်ရော။
★ တရားနာပရိတ်သတ်တွေ ကြည့်ပါ (ဥစဘက်ကစ်စတန်)
(တာဂျစ်ကစ်စတန်) စသည့် (စတန်) (စတန်) နဲ့
ဆုံးတဲ့တိုင်းပြည်တွေ လှမ်းကြည့်လိုက်စမ်း
(Converted into Islamism by force (or) by Source) ပဲလေ။
အရှေ့ဘက်ကိုလည်း ချီတက်လာသေးတယ် အိန္ဒိယ ပြည်တစ်ပြည်လုံး
ရှိသမျှ ဗုဒ္ဓဘာသာ ရှေးဟောင်းဘုန်ကြီးကျောင်းတွေ
ဟိန္ဒြူဘုရားရှိခိုးကျောင်း အကုန်လုံးမီရှို့ အကုန်ဖျက်ပြီး
သံဃာတော်မြတ်တွေ အကုန်သတ် ဗောဓိပင်ကို အမြစ်ကလှဲ၊
ဗီဟာ (Viha) ဆိုတာ ၀ိဟာရပဲ Monestary တွေသိပ်ပေါတဲ့ဒေသကို ၀ိဟာရနယ်ခေါ်တာပဲ။အကုန်မီးရှို့ပစ်တာပဲ။
ဘုရားရှင် ပရိနိဗ္ဗာန်စံ ပြီးနှစ်(၂၀၀)အကြာမှာပေါ်လာတဲ့
အသောကမင်းကြီးတည်ထားခဲ့တဲ့ ဓမ္မခန္ဓာ (၈၄၀၀၀) ကုန်တာပဲအဲ့ဒီမှာ။
★ ပြီးတော့အနောက်ဘက်ကို ချီတက်ရော ခရစ်ယာန်ဘာသာက
မိုဟာမက်ထက် နှစ်(၆၀၀) လောက်စောပြီးပေါ်နေပြီလေ။
အနောက်ဘက်မှာက ခရစ်ယာန်ဘာသာက နေရာယူပြီးသွားပြီ လွှမ်းမိုးထားပြီ။
မြင်းတပ်တွေနဲ့ချီတက်လာတော့ ဟိုဘက်ကလည်း မခံတော့ဘူးလေ ပြန်ပြီးတိုက်ခိုက်လိုက်ကြတာ။ဘာသာရေး (၂)ခု စစ်ဖြစ်လိုက်တာ
နှစ်(၄၀)တောင်ကြာတယ်။ဗုဒ္ဓဘာသာကြောင့် ကမ္ဘာလူသားတွေ
သွေးတစ်စက်တစ်ပေါက်မှ ကျခဲ့ဖူးတယ်လို့ (History of Religion)
ဘယ်ဘာသာရေး သမိုင်းမှာမမရှိပါဘူး။အတိုပြန်ချုံးလိုက်ပါ။
လောကကြီးရဲ့ ကျေးဇူးရှင်မြတ်ဗုဒ္ဓဟာ သူ့အသက်ကိုပဓာန မထားပဲကျင့်ပြီးတော့
မနားမနေလုပ်ကိုင်ပြီး ထားခဲ့တာ ဒီဓမ္မကိုလူသားတွေ ကျင့်လို့ သုံးလို့မကုန်နိုင်ဘူး။
★ ဘုန်ကြီးတော့အသက် (၂၀၀)လောက်ရှည်ချင်တယ်။
ဘာလို့လဲဆိုတော့သတ္တ၀ါတွေကိုလည်း ကိုယ်စိတ်ချမ်းသာစွာနဲ့
အသက်ရှည်ကြပါစေ။လို့အမြဲဆုတောင်းတယ်။ ဘာလို့လဲဆိုတော့
စည်းစိမ်းခံချင်လို့မဟုတ်ဘူး။လောကကြီးကိုအကျိုးပြုတဲ့
ပုဂ္ဂိုလ်တွေက သိပ်ပြီးတော့နည်းတယ်။ ဖျက်ဆီးနှောက်ယှက်တဲ့သူတွေသိပ်များတယ်။
လောကကြီးကိုကျေးဇူးများများပြုချင်လို့ အသက်ရှည်ချင်တယ်။နောက်တစ်နည်းက ကိုယ့်အတွက် ဓမ္မကိုအချိန်များများကျင့်ချင်လို့
ဒါကတော့မွန်မြတ်သောရည်ရွယ်ချက်။လောကကြီးမှာ ကျေးဇူးပြုတဲ့သူနဲ့
ဖျက်ဆီးတဲ့သူဖျက်ဆီးတဲ့သူကပိုများတယ်။
★ ဒို့တတွေ လောကကြီးကို ကျေးဇူးပြုတဲ့ထဲမှာပါရမယ်။ဒီလိုလေး experience လုပ်ကြစမ်းပါ။
Encourage လုပ်ကြစမ်းပါ။ ဘုန်းကြီးတို့ စစ်ကိုင်း သီတဂူ အာယုဒါန ဆေးရုံ ကုတင် (၁၀၀)ကို
ဝန်ထမ်း (၈၀)ရှိတယ်။ ၀န်ထမ်းနဲ့ ဆေးဖိုး ဆွမ်းဖိုး လျှပ်စစ်မီတာဖိုး မော်တော်ကားဖိုး
ဆီဖိုး အားလုံးကို တစ်လကို သိန်း(၁၀၀) လောက်ကုန်ကျပါတယ်။
ဘုန်းကြီးတို့ Successfully Runningပဲ။ဘာလို့ဆိုရင် တိုင်းပြည်က
ဒကာ ဒကာမတွေရဲ့ နှလုံးထဲက သဒ္ဓါက သိပ်အံသြစရာကောင်းပါတယ်။
ဒီသဒ္ဓါထဲမှာ မေတ္တာလည်းပါတယ်။ ကရုဏာလည်းပါတယ်။ ပညာလည်းပါတယ်။
ဒီလေးခုကို Quality of the Heart ပဲ။အဲ့ဒါရှိရင် လူဖြစ်ရကျိုးနပ်ပြီ။
(ကျေးဇူးတော်ရှင် သီတဂူဆရာတော် ဘုရားကြီး)
ဆက်လက်ကူးယူဖော်ပြပါမည် _/\\_ _/\\_ _/\\_
(အသံနားထောင်ပြီး ပြန်ရေးရသောကြောင့် စာလုံးပေါင်းမှားပါက ခွင့်လွတ်ပေးကြပါရန်)
( ဓမ္မမိတ်ဆွေသူတော်စဉ်များ ကျန်းမာချမ်းသာကြပါစေ )
Creat Post By .... Pay Thoe
No comments:
Post a Comment