
လောကဓံ (၈)မျိုး
=============
မြတ်စွာဘုရားက လောကသဘာဝကို ရှစ်မျိုးခွဲပြီး လောကဓမ္မသုတ် မှာ လောကဓံ(၈)မျိုးဆိုပြီး ဟောကြားခဲ့ပါတယ်။
..
မြန်မာလူမျိုးတိုင်းလည်း လောကဓံဆိုတဲ့စကား၊ လောကဓံရှစ်ပါးဆို
တဲ့စကား အမြဲတစေ ကြားဖူး ပြောဖူးကြမှာပါ။
လောကဓံ(၈)မျိုးဆိုတာ
လောကမှာ သတ္တ၀ါ တွေကြုံ တွေ့နေ ရတဲ့၊ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးရှိတယ်လို့အနက်ဖော်ဆောင်ပါတယ်။
...
ဒီလိုဆိုရင် ဘယ်လိုသဘာဝရှစ်မျိုးလဲ၊
လောကဓံရှစ်ပါးဆိုတာဘာတွေပါလဲ ဆိုတာကို
မသိသေးသူများလည်း မှတ်သားဖို့
သိပြီးသူများလည်း ပြန်လည်နှလုံးသွင်းဖို့အတွက်
ဖော်ပြပေးလိုက်ပါတယ်။
...
သက်ရှိသတ္တ၀ါတွေ ကြုံတွေ့နေရတဲ့ အတွေ့အကြုံ ရှစ်မျိုးရှိတယ်။ အဲဒီ ရှစ်မျိုးက တော့-
၁။ “လာဘော” ကိုယ်လိုချင်တာ ရတယ်၊
.
၂။ “အလာဘော” ကိုယ်လိုချင်တာ မရဘူး၊
.
၃။ “ယသော” အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်၊
.
၎။ “အယသော” အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူး၊
.
၅။ “နိန္ဒာ” ကဲ့ရဲ့မှုကိုခံရတယ်၊
.
၆။ “ပသံသာ” ချီးမွမ်းခံရတယ်
.
၇။ “သုခ” ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်၊ အဆင်ပြေတယ်၊
.
၈။ “ဒုက္ခ” ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး၊ ဆင်းရဲတယ်၊ အဆင်မပြေဘူး၊။
.
အားလုံးပေါင်းလိုက်ပြီး လောကဓံရှစ်မျိုးရယ်လို့ ခေါ်ပါတယ်။
..
လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပါပဲ။ မကြုံ တွေ့တဲ့လူ မရှိပါဘူး။
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပါပဲ။
အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပါပဲ။
မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်သတ္တ၀ါဖြစ်စေ၊ လောကထဲမှာနေရင် လောကရဲ့
သဘာဝနဲ့ဆက်စပ်နေမှာပါပဲ။
..
ဒါကြောင့်မို့ မိတ်ဆွေအာလုံးလည်း ဒီလောကရဲ့သဘာဝကို နားလည်သူများ၊
တရားဓမ္မနဲ့နေထိုင်သူများပီပီ..
အဆိုးလောကဓံနဲ့ပဲတွေ့တွေ့၊
အကောင်းလောကဓံနဲ့ပဲကြုံကြုံ
ကောင်းတာဆိုးတာ ကြုံတွေ့လာတိုင်း မြတ်စွာဘုရားရဲ့တရားတော်များနဲ့အညီ
နှလုံးသွင်းမှန်ကန်စွာနဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်ကြပါစေ။
ဒီနေရာမှ ပြန်လည်မျှဝေသည်..။
No comments:
Post a Comment