
"ကျောင်းအလှူသည် ကောင်းကျိုးချမ်းသာအားလုံးကိုလှူရာရောက်
သည်"
" ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကိုနေရာကောင်း တစ်ခုရအောင်
ဖန်တီးပေးတာဖြစ်လို့တုံ့ပြန်မှု နိယာမ အရ ကိုယ့်ဘ၀မှာလည်းနေရာ တွေနဲ့ချည်း
တွေ့ကြုံဆုံစည်းရမှာမလွဲပါဘူး။
ဘယ်လောက်တောင်နေရာကောင်း
လိုက်သလဲဆိုရင် ကျောင်းအလှူလှူဖူးတဲ့သူအမိဝမ်းတွင်းမှာ ပဋိသန္တေနေတဲ့အခါ သူတခါတွေလို
ကျဉ်းကျဉ်းကျုတ်ကျုတ် မနေရဘဲ ဆယ့်နှစ်တောင်တိုက်ခန်းမှာ နေရသလို
ချောင်ချောင်ချိချိ သက်သာစေတာ ကျောင်းအလှူတစ်ခုတည်းရှိပါတယ်။"
ထို့အပြင်................................
"ကောင်းရာလားရောက်၊ ဗိမာန်ပေါက်၍၊ လန့်ကြောက်ကင်းစွာ၊သားရဲခွာလျက်။
အိမ်မက်ကောင်းမြင်၊သတိထင်သည်၊စံဝင်နိဗ္ဗာန်ကျောင်းကျိုးတည်း"
"ကောင်းရာလားရောက်"
★ ကျောင်းအလှူရှင်ဟာ နိဗ္ဗာန်ရောက်တဲ့ဘ၀တိုင်အောင် ဘ၀တိုင်း
ဘ၀တိုင်း ကောင်းရာသုဂတိမှာပဲ ကျင်လည်ရပါတယ်။တစ်ကြိမ်တစ်ခါ
ကျောင်းလှူခဲ့ဖူးတဲ့ကုသိုလ်က ဘ၀တိုင်း ဘ၀တိုင်းရဲ့ သေခါနီးမှာနိမိတ်
လာထင်လို့ ကမ္ဘာပေါင်းများစွာ ကောင်းရာသူဂတိချည်းရောက်ရတာ
မဟုတ်ပါဘူး။ကျောင်းအလှူကြောင့်ရလာတဲ့ ကောင်းကျိုးချမ်းသာတွေ
ကို
အသုံးပြုပြီး ကုသိုလ်အသစ်အသစ်တွေ ဘ၀တိုင်းထပ်ဆင့်ပြုလုပ်သွားနိုင်တဲ့
အတွက် ဘ၀တိုင်းရဲ့ စုတိစိတ်တိုင်းမှာ ယူစရာကုသိုလ်အာရုံ တစ်ခုမဟုတ်တစ်ခု
ရှိသွားလို့ပါ။
"ဗိမာန်ပေါက်"
★ ကျောင်းအလှူရှင်ဟာဖြစ်လေရာဘ၀တိုင်း အဆောက်အအုံကောင်းကောင်းနဲ့
နေရပါတယ်။နတ်ဖြစ်လည်း နတ်ဗိမာန်ကောင်းကောင်း လူဗိမာန်ကောင်းကောင်းပေါ့။
ကိုယ်ကိုမမွေးခင်ကတည်းက ကိုယ့်မိဘက အိမ်ဟောင်းတိုက်ဟောင်းကိုဖျက်ပြီး
နတ်ဗိမာန်တမျှ ခမ်းနားကြီးကျယ်တဲ့ အိမ်သစ် တိုက်သစ် ကြိုတင်ဆောက်လုပ်ပြီးသား
ဖြစ်နေပါလိမ့်မယ်။
"လန့်ကြောက်ကင်းစွာ"
ကျောင်းအလှူရှင်ဟာ ကျောင်းအလှူအကျိုးပေးရာဘ၀တိုင်း
ကြောက်ရွံ့ခြင်းကင်းတင်းတဲ့သူ
ရဲစွမ်းသတ္တိရှိတဲသူဖြစ်နိုင်ပါတယ်။ဟင်းလင်းပြင်မှာနေတာထက် အဆောက်အဦးတွင်းမှာနေတာက ကြောက်စိတ်ပိုကင်းစေတာမို့
ကျောင်းလှူခြင်းဖြင့်
ကျောင်းနေပုဂ္ဂိုလ်ကို ကြောက်စိတ်ကင်းအောင် ပြုလုပ်ပေးရာရောက်
တဲ့အတွက်
တူသောအကျိုးပေးတာပါပဲ။ကျောင်းတိုင်နဲ့အမိုးအကာအခင်းတွေ ခိုင်မာရင် ခိုင်မာသလောက် စိတ်ဓာတ်လည်း ပိုပြီးခိုင်မာလာပါတယ်။ စိတ်ဓာတ်ခိုင်မာလေ
ကြောက်ရွံ့ခြင်းကင်းလေပါပဲ။
"သားရဲခွာလျက်"
★ ခြင်္သေ့ သစ် ကျား စတဲ့သားရဲတိရိစ္ဆာန်တွေ မြွေ ၊ကင်း စတဲ့အဆပ်ရှိတဲ့ သတ္တ၀ါတွေ
မင်စာ ၊တစ္ဆေ ၊မြေဘုတ် ၊ဘီလူး၊ နဂါး၊ကုမ္ဘဏ် စတဲ့ မကောင်းဆိုးဝါးတွေဟာ
ကျောင်းအလှူ လှူခဲ့ဖူးသူရဲ့ ထံပါးကနေ ဝေးရာကို ပြေးခွာရှောင်ကွင်း သွားကြလိမ့်မယ်။
တကယ်လို့ ရှောင်ကွင်းမသွားခဲ့ရဲ့တောင်မှ ဘာမှအန္တရာယ်မပြုနိုင်ပါဘူး။
"အိမ်မက်ကောင်းမြင်"
လုံခြုံတဲ့ အဆောက်အဦတစ်ခုဟာ နေထိုင်သူကို ဘ၀အိမ်မက် ပန်းအိမ်မက်
တွေကိုစိတ်တိုင်းကျ မက်ခွင့်ရစေနိုင်တဲ့အတွက် ကျောင်းအလှူရှင်ဟာ
ဖြစ်လေရာဘ၀တိုင်း အိမ်မက်လှလှလေးတွေပဲ မြင်မက်ရပါတယ်။
အိပ်စက်နားနေချိန်မှာလည်း အိမ်မက်လှသလို နေ့စဉ်လက်တွေ့ဘ၀ရဲ့
စိတ်ကူးယဉ်အိမ်မက်(ဘ၀မျှော်လင့်ချက်) တိုင်းဟာလည်း မျှော်လင့်ရင်
မျှော်လင့်သလို ဖြစ်လာတဲ့အတွက် အချိန်တိုင်းမှာ အိမ်မက်လှနေပါတယ်။
"သတိထင်သည်"
★ အိမ်တစ်ဆောင် ကျောင်းတစ်ဆောင်စတဲ့ အဆောကအဦတစ်ခုဟာ
အလွယ်တကူမေ့ပျော်သွားနိုင်တဲ့ လှူဖွယ်ဝတ္ထုမျိုးမဟုတ်တဲ့ အတွက်
အလှူရှင်ကလည်း လှူဖွယ်ဝတ္ထုကို အမြဲသတိရသလို အလှူခံပုဂ္ဂိုလ်
အဆက်ဆက်ကလည်း အလှူရှင်ကလည်း အမြဲသတိရနေတတ်ပါတယ်။အကြာကြီးသတိရစရာ လှူဖွယ်ဝတ္ထုမျိုး ပေးလှူခဲ့တာမို့ ကျောင်းအလှူရှင်ဟာ
အကျိုးပေးရာဘ၀တိုင်း သတိအားကောင်းတဲ့သူ ဖြစ်ရပါတယ်။မှတ်ဉာဏ်အားကောင်းတဲ့
အတွက် ပညာရေး စီးပွားရေးတွေမှာ အလွယ်တကူနဲ့အောင်မြင်သလို အသက်ကြီးတဲ့အခါမှာလည်း
ဘယ်တော့မှသူငယ် မပြန်တော့ပါ။
"စံဝင်နိဗ္ဗာန်"
ကျောင်းလှူကတည်းက ဒီကျောင်းအလှူဟာ နိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေ
ဒီကျောင်းအလှူကြောင့် သံဃာတော်အရှင်မြတ်များ ထိုးထွင်းသိတဲ့
သစ္စာလေးပါးတရားကို သိခွင့်ရပါစေ လို့ဆုတောင်းစိတ်ညွှတ်ခဲ့အတွက်
နောက်ဆုံးပါရမီပြည့်တဲ့ဘ၀မှာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုပြီး ဆင်းရဲခပ်သိမ်းချုပ်ငြိမ်းရပါတယ်။နိဗ္ဗာန်ကိုမရည်စူးဘဲကျောင်းလှူ
ရင်တော့
နိဗ္ဗာန်မရောက်ပါဘူး။
ဒီအကျိုးခုနှစ်မျိုးဟာ ကျောင်းအလှူကြောင့် ရနိုင်တဲ့ အကျိုးတရားများစွာထဲက အထူးနှစ်သက်ဖွယ်ကောင်းတဲ့ ၀ိသေသအကျိုးတွေပါပဲ ၀ိသေသအကျိုးတွေပါပဲ။
" ကျောင်းလှူတယ်ဆိုတာ သူတစ်ပါးကိုနေရာကောင်း တစ်ခုရအောင် ဖန်တီးပေးတာဖြစ်လို့
တုံ့ပြန်မှု နိယာမ အရ ကိုယ့်ဘ၀မှာလည်းနေရာ တွေနဲ့ချည်း တွေ့ကြုံဆုံစည်းရမှာ
မလွဲပါဘူး။ဘယ်လောက်တောင်နေရာကောင်းလိုက်သလဲဆိုရင်
ကျောင်းအလှူလှူဖူးတဲ့သူ
အမိဝမ်းတွင်းမှာ ပဋိသန္တေနေတဲ့အခါ သူတခါတွေလို ကျဉ်းကျဉ်းကျုတ်ကျုတ်
မနေရဘဲ ဆယ့်နှစ်တောင်တိုက်ခန်းမှာ နေရသလို ချောင်ချောင်ချိချိ သက်သာစေတာ
ကျောင်းအလှူတစ်ခုတည်းရှိပါတယ်။"
★ တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က
သံဃိကကျောင်းအလှူဟာ အနိုင်းမဲ့အလှူဖြစ်ပါတယ်လို့
"၀ိဟာရဒါနံ သံဃဿ အဂ္ဂံ ဗုဒ္ဓေန ၀ဏ္ဏိတံ "
ဆိုတဲ့ စကားတော်နဲ့အညီ ဟောကြားညွှန်ထားတာမို့ သဒ္ဓါတရားရှိသူတိုင်း သံဃိကကျောင်းအလှူဆိုတဲ့ အနှိုင်းမဲအလှူကို လှူဒါန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
(အရှင်ဆန္ဒဓိက)
{ကျောင်းအလှူသည် ကောင်းကျိုးချမ်းသာအားလုံးကို
လှူရာရောက်သည် စာ(၂၂ မှ ၂၇)ထိ}
"ဓမ္မမိတ်ဆွေများ ကျောင်းတစ်ဆောင် တိုက်တစ်လုံးမလှူနိုင်သော်မှ ထိုအလှူမျိုးနှင့် ကြုံလာလျှင်ပါဝင်လှူဒါန်းနိုင်ကြပါစေ ကျောင်းအို အဟောင်းများကိုပြင်ဆင်ပေးနိုင်ကြပါစေ ....။
Creat Post By .... Pay Thoe
No comments:
Post a Comment