
ရာဇဂြိုလ်က ၀က်မကလေး
သမထ ကုသိုလ်ကြောင့် ဗြဟ္မာ့ဘုံ
ရောက်ရသော်လည်း ၀ိနိပါတဘေးက
မလွတ်နိုင်ပုံကို ပြောပြပါဦးမယ်။
ဓမ္မပဒအဋ္ဌကထာမှာလာတဲ့ ရာဇဂြိုလ်
မြို့က သူကပေါရောသိကာအမည်ရှိတဲ့
ဝက်မကလေးတစ်ကောင်အကြောင်းပါ။
သမထ ကုသိုလ်ကြောင့် ဗြဟ္မာ့ဘုံ
ရောက်ရသော်လည်း ၀ိနိပါတဘေးက
မလွတ်နိုင်ပုံကို ပြောပြပါဦးမယ်။
ဓမ္မပဒအဋ္ဌကထာမှာလာတဲ့ ရာဇဂြိုလ်
မြို့က သူကပေါရောသိကာအမည်ရှိတဲ့
ဝက်မကလေးတစ်ကောင်အကြောင်းပါ။
တစ်နေ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး
သံဃာတော်များစွာ ခြံရံပြီး ရာဇဂြိုလ်မြို့
ထဲ ဆွမ်းခံကြွတော်မူပါတယ်။
မြို့အ၀င်မှာ ၀က်မကြီးတစ်ကောင်လူတွေ
စွန့်ထားတဲ့ မစင်တွေ အားပါးတရစားနေ
တာမြင်တော့ ဘုရားရှင်က ပြုံးတော်မူပါ
တယ်။ ဒီအခါမှာ အရှင်အာနန္ဒာက ပြုံး
တော်မူရခြင်း အကြောင်းကို မေးလျှောက်
တဲ့အခါ ဘုရားရှင်က အာနန္ဒာ ဒီဝက်မက
လေးဟာ ကကုသန်မြတ်စွာဘုရားရှင်လက်
ထက်တုန်းက ဆွမ်းစားကျောင်း အနီးမှာ
ကြက်မတစ်ကောင် ဖြစ်ခဲ့ရတယ်။
ရဟန်းတော်များရဲ့ တရားဒေသနာရွတ်ဖတ်
သံ နားထောင်ခဲ့ရတဲ့ ကုသိုလ်ကြောင့်ကြက်
မဘ၀ကသေတဲ့အခါ ဥဗ္ဗရီအမည်ရှိတဲ့မင်းမျိုး
သတို့သမီးတစ်ယောက်သွားဖြစ်တယ်။ တစ်
နေ့သောအခါမှာ ရေအိမ်ဝင်ရင်း ပိုးလောက်
တို့ကို တွေ့မြင်ရတဲ့အခါ ပိုးလောက်ဟူသော
အမှတ်သညာကို အခြေခံထားပြီး သမထရှု
ပွားလိုက်တာ ပထမဈာန်ကို ရရှိသွားပါတယ်။
အဲဒီဈာန်တန်ခိုးကြောင့် သေတဲ့အခါ ဗြဟ္မာ
ဘုံကို ရောက်ရတယ်။ တစ်ဖန်ဗြဟ္မာဘုံက
စုတေပြီး လူ့ပြည်မှာ မိန်းကလေးတစ်ယောက်
ဖြစ်တယ်။ မိန်းကလေးဘ၀က စုတေတဲ့အခါ
မှာတော့ အခုလို ၀က်မကလေးတစ်ကောင်
လာဖြစ်ရတယ်လို့ မိန့်တော်မူတာကြောင့်အရှင်
အာနန္ဒာနှင့်အတူရဟန်းများစွာဟာ ပုထုဇဉ်မှန်
သမျှ ၀ိနိပါတဘေးက မလွတ်နိုင်ပုံကိုတွေးပြီး
ကြီးစွာသံဝေဂဖြစ်ကြပါတယ်။
ဒါကြောင့် သမထကုသိုလ်ဟာလည်း ဘဝ
သံသရာအတွက် စိတ်မချရသေးဘူးဆိုတာ
ပေါ်လွင်နေပါတယ်။
မေတ္တာရှင် ရွှေပြည်သာ
မဂ်တား ဖိုလ်တား အန္တရာယ်များ
No comments:
Post a Comment