
*ကြိုးလည်းကြိုးစားရမည်*
*******************
တစ်ချို့ ကဆုတော့တောင်းပါသည်။
ဖြစ်တော့ဖြစ်ချင်သည်။လိုတော့လိုချင်
သည်။သဒ္ဓါတရားလည်းနည်းပါ၊စာဂ
လည်းမရှိ၊ပညာလည်းမကြိုးစား၊ဝီရိယ
လည်းမပါဘူးဆိုလျှင် ဘယ်လိုမှမရနိုင်
ပါ။'ဆု'ဆိုတာတောင်းရပါမည်။
*******************
တစ်ချို့ ကဆုတော့တောင်းပါသည်။
ဖြစ်တော့ဖြစ်ချင်သည်။လိုတော့လိုချင်
သည်။သဒ္ဓါတရားလည်းနည်းပါ၊စာဂ
လည်းမရှိ၊ပညာလည်းမကြိုးစား၊ဝီရိယ
လည်းမပါဘူးဆိုလျှင် ဘယ်လိုမှမရနိုင်
ပါ။'ဆု'ဆိုတာတောင်းရပါမည်။
ဆုတောင်းခြင်းသည်ပဲ့ကိုင်ခြင်းပင်ဖြစ်
သည်။ဘယ်ကိုသွားချင်ပါသည်ဆိုသော
ပဲ့လေးနှင့်ဦးတည်ချက်ကို ရည်ရွယ်
လိုက်ခြင်းဖြစ်ပါသည်။တချို့ ကလှော်ရုံ
သာလှော်ခတ်သည်။ပဲ့လည်းမပါ ဦးတည်ချက်လည်းမရှိသည့်အခါ ဝဲဂ
ယက်လည်နေသလိုရောက်ချင်ရာ
ရောက်၊ပေါက်ချင်ရာပေါက်၊ကပ်ချင်
သည့်နေရာကပ်၊ခွာချင်သည်နေရာမှာ
ခွာ၏။ဦးတည်ချက်မပီပြင်သည့်အခါမှာ
လိုချင်သည့်ပန်းတိုင်ကို မရောက်နိုင်ပါ။
ဆုတောင်းခြင်းသည်ပဲ့ကိုင်လိုက်ခြင်းပင်
ဖြစ်သည်။ဦးတည်ခက်ကိုအတည်တကျလုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ဘုရားရှေ့ မှာ(ဆုတောင်းသည်)ဟု
အကြိမ်ကြိမ်ဆုတောင်းနေရုံဖြင့်ရပ်နေ၍
မရနိုင်ပါ။မိမိကဝီရိယလည်းရှိရမည်။
ပညာလည်းလေ့လာရမည်။ကျင့်ကြံမှု
လည်းပြင်းထန်းစွာလုပ်ရမည်။သို့ မှသာ
လျင် မိမိလိုချင်သည့် ပန်းတိုင်ကိုရောက်
နိုင်ပါမည်။
ဦးတည်ချက်မှန်စွာဖြင့်အဆက်မပြတ်
ဆက်လက်ကြိုးစားသွားမည်ဆိုလျင်
အရိယာဘက်ကမ်း၏ ပထမဆုံးပန်းတိုင်
ဖြစ်သောသောတာပတ္တိမဂ်၊သောတာ
ပတ္တိဖိုလ်သည် မလွဲမသေရောက်ရှိလာ
မည်ဖြစ်သည်။ထိုကြောင့်သောတာပတ္တိ
မဂ်သို့  လှမ်းဝင်နိုင်ရန်အတွက်သာ
ကျွန်တော်တို့ တစ်တွေသည်လူလာဖြစ်
ရခြင်းဖြစ်သည်။ဒီအချိန်မှာမိမိကိုယ်ကို
ဒွိဟိတ်၊တိဟိတ်ဆိုပြီးခွဲခြားမနေဘဲ
ကျင့်ကြံရပါမည်။
လယ်တီဆရာတော်ဘုရားကြီး၏
ဗောဓိပက္ခိယဒီပနီ၌ရေးသားထားသည်မှာ
(၁)အိုနာသေဘေး သံသရာရေးကို
မမြင်ဘဲအပျော်တွေနှင့်အချိန်ကုန်နေ
ခြင်း။
မမြင်ဘဲအပျော်တွေနှင့်အချိန်ကုန်နေ
ခြင်း။
(၂)မဂ်၊ဖိုလ်ရထိုင်သော ခေတ်ကာလ
မဟုတ်ဟုထင်မှတ်ခြင်း။
မဟုတ်ဟုထင်မှတ်ခြင်း။
(၃)ပါရမီအရင့်ကိုစောင့်စားနေခြင်း။
(၄)ယခုကာလရှိသူတို့ ကို ဒွိဟိတ်
ပုဂ္ဂိုလ်များဟုထင်မှတ်ခြင်း။
ပုဂ္ဂိုလ်များဟုထင်မှတ်ခြင်း။
(၅)အဓိပတိဖြစ်သောရှေးရှေးဆရာကြီး
တို့ ပင်မဖြစ်နိုင်ကြကုန်ဟု ဆန္ဒဥဿဟ
ကိုစွန့် ထားခြင်းအစရှိသည့်ဓမ္မန္တရာယ်
တွေကိုစွန့် ထားရမည်။
တို့ ပင်မဖြစ်နိုင်ကြကုန်ဟု ဆန္ဒဥဿဟ
ကိုစွန့် ထားခြင်းအစရှိသည့်ဓမ္မန္တရာယ်
တွေကိုစွန့် ထားရမည်။
ယခုအခါသာသနာနှင့်ကြုံကြိုက်ကြ
ကုန်သောသူအပေါင်းတို့ သည် ယခု
ဘဝ၌ပင် အပါယ်သံသရာမှ ကျွတ်ထိုက်
လျင်လည်းကျွတ်စေရမည်။မကျွတ်
ထိုက်လျင်လည်း နောက်ဘဝ၌ကျွတ်
လွတ်နိုင်ရန်သမထ ဝိပဿနာပါရမီ
မျိုးစေ့ကိုအောင်မြင်စွာ ရစေမည်ဟု
ထက်သန်သောဆန္ဒ၊ဝီရိယဖြင့်သမထ
အလုပ်၊ဝိပဿနာအလုပ်များကို
ယောက်ျား မိန်းမ အားထုတ်ကြမှသာ
ဘဝအခြေအနေနှင့် လူဖြစ်ကျိုးနပ်ရန်
ပြဆိုခဲ့သည်ဟုရေးသားခဲ့ပါသည်။
ဒွိဟိတ်ဆိုသည်မှာ-လောဘ၊ဒေါသနှစ်မျိုးကို အထိုက်အသင့်(အချိန်အခါ
အလိုက်)ထိန်းနိုင်သူ၊မောဟကြီးမားသူ(ရုပ်၊နာမ်၊ပညတ်၊ပရမတ်တို့ 
ကိုနားလည်နိုင်စွမ်းမရှိသူ၊စိတ်မဝင်စားသူ)ကိုခေါ်သည်။
တိဟိတ်ဆိုသည်မှာ-လောဘ၊ဒေါသ၊မောဟ နည်းနိုင်သမျှနည်းအောင်ထိန်းနိုင်သူ၊ရုပ်၊နာမ်၊ပညတ်၊ပရမတ်တို့ ကို
ခွဲခြားနားလည်နိုင်စွမ်းရှိသူ(စိတ်ဝင်တစားကြိုးစားသူ)ကိုခေါ်သည်။
ထိုကြောင့် မိမိကိုယ်မိမိ တိဟိတ်ပုဂ္ဂိုလ်ဟူ၍ ယုံကြည်မှုအပြည့်ဖြင့် ခိုင်မာစွာ ဆုံးဖြတ်ချက်ချပြီး ကြိုးစားရပါမည်။
အကယ်၍ဒွိဟိတ်ဖြစ်နေလျင်သော်မှအကျိုးမယုတ်နိုင်ပါ။နောင်ဘဝ
အတွက်ပါရမီဖြည့်ပြီးသား ဖြစ်သွားနိုင်ပါမည်။
ယခုဤတရားစာအုပ်ကို ဆက်၍ဖတ်နေသူသည်စဉ်းစားတွေးခေါ်ဉာဏ်(စိန္တာ
မယဉာဏ်)ရှိနေပြီဖြစ်သည့်အတွက်ဒွိဟိတ်မဟုတ်တော့ပေ။တိဟိတ်ဖြစ်
နေပေပြီ။
ယခုဤတရားစာအုပ်ကို ဆက်၍ဖတ်နေသူသည်စဉ်းစားတွေးခေါ်ဉာဏ်(စိန္တာ
မယဉာဏ်)ရှိနေပြီဖြစ်သည့်အတွက်ဒွိဟိတ်မဟုတ်တော့ပေ။တိဟိတ်ဖြစ်
နေပေပြီ။
*SS ခင်မောင်အေး၏'လူဖြစ်ကျိုးနပ်ဖို့ သောတာပန်သို့ 'စာအုပ်မှမိမိဖတ်ရှု
သိရှိရသလို ဓမ္မမိတ်ဆွေများအားလုံးကိုလည်းသိရှိနိုင်ရန်ရည်ရွယ်လျှက်
ကူးယူပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာနိုင်ကြပါစေ။
No comments:
Post a Comment