
★ နိဗ္ဗာန်ဆိုတာ ★
နိဗ္ဗာန်ဆိုတာ ရာဂ ဒေါသ မောဟ တို့ရဲ့ ကုန်ရာ
ခမ်းရာ ချုပ်ရာ ငြိမ်းရာ ဟာ နိဗ္ဗာန်ပါ။
ဇမ္ဗုခါဒကပုဏ္ဏားက - နိဗ္ဗာနံ နိဗ္ဗာနန္တိ ခေါ ဘန္တေ
သာရိပုတ္တ ကတမံ နိဗ္ဗာနံ - သာရိပုတ္တရာအရှင်မြတ်ကြီး
ဘုရား နိဗ္ဗာန် - နိဗ္ဗာန် လို့ အရှင်ဘုရားတို့ ဟောပြောလေ့
ရှိကြပါတယ်။ နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာပါလဲဘုရားတဲ့။
နိဗ္ဗာန်ဆိုတာ ရာဂ ဒေါသ မောဟ တို့ရဲ့ ကုန်ရာ
ခမ်းရာ ချုပ်ရာ ငြိမ်းရာ ဟာ နိဗ္ဗာန်ပါ။
ဇမ္ဗုခါဒကပုဏ္ဏားက - နိဗ္ဗာနံ နိဗ္ဗာနန္တိ ခေါ ဘန္တေ
သာရိပုတ္တ ကတမံ နိဗ္ဗာနံ - သာရိပုတ္တရာအရှင်မြတ်ကြီး
ဘုရား နိဗ္ဗာန် - နိဗ္ဗာန် လို့ အရှင်ဘုရားတို့ ဟောပြောလေ့
ရှိကြပါတယ်။ နိဗ္ဗာန်ဆိုတာ ဘယ်လိုဟာပါလဲဘုရားတဲ့။
ထိုအခါ သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက …
အာဝုသော ဇမ္ဗုခါဒက ရာဂက္ခယော ဒေါသက္ခယော
မောဟက္ခယောတိ ဣဒံဝုစ္စတိ နိဗ္ဗာနံ ။
ဒကာတော် ဇမ္ဗုခါဒကပုဏ္ဏား … ရာဂ ဒေါသ မောဟ
တို့ရဲ့ကုန်ရာဟာ နိဗ္ဗာန်ပါဘဲတဲ့။ မြန်မာလိုပြောတော့
တပ်မက်ခြင်း ပြစ်မှားခြင်း တွေဝေခြင်း ကုန်ရာသဘော
ဟာ နိဗ္ဗာန်ပါ။
"တပ်မက် ပြစ်မှား တွေဝေငြား သုံးပါးကင်းရာ နိဗ္ဗာန်ပါ"
နိဗ္ဗာန်ဆိုတာ သာယာ မုန်းထား သိမှားတဲ့ စိတ်တွေရဲ့
ကုန်ရာ ချုပ်ရာ ငြိမ်းရာ ကို ခေါ်ပါတယ်။
ထင်ရှားမရှိတဲ့အာရုံတွေရဲ့အပေါ်မှာ သာယာ မုန်းထား
သိမှားတဲ့ စိတ်တွေ မဖြစ်သလိုဘဲ, ထင်ရှားရှိတဲ့အာရုံ
တွေရဲ့အပေါ်မှာလဲ သာယာ မုန်းထား သိမှားတဲ့စိတ်တွေ
မဖြစ်တဲ့အတိုင်း သိမြင်ကျင့်သုံးတတ်ဖို့လိုပါတယ်။
ချမ်းသာသုခအနေနဲ့ မရှိမရအပ်တဲ့ အာရုံဝတ္ထုပစ္စည်းစု
တွေကို ချမ်းသာသုခအနေနှင့် အရှိမှတ်ပြီး လိုချင်တာ
ရချင်တာ ယူချင်တာ သိမ်းပိုက်ချင်တာ စွဲလန်းတာ
ချစ်ခင်တာ စုံမက်တာ မြတ်နိုးတာ နှစ်သက်တာ"ရာဂ"
လို့ခေါ်ပါတယ်။ (တနည်း) မီးတောက်မီးရောင်ကို ရွှေ
ရောင်ထင်မှတ်ပြီး တိုးပြန်တဲ့ ပိုးဖလံ ပမာ …
သတ္တဝါတို့ရဲ့စိတ်ကလည်း တင့်တယ် - မြဲစွာ - ချမ်းသာ-
စိုးရ သာရလေးလုံး ကင်းသုဉ်းနေတဲ့ အာရုံဝတ္ထု ပစ္စည်းစု
တွေကို တင့်တယ် - မြဲစွာ - ချမ်းသာ - စိုးရ သာရလေးလုံး
အပြည့်ဖုံးနေသည်ထင်မှတ်ခါ လိုချင် တပ်မက် နှစ်သက်
စွဲလန်းနေတဲ့သဘောကို "ရာဂ" လို့ ခေါ်ပါတယ်။
အို နာ သေ မကင်းတဲ့ ဘဝတွေကို အကောင်းထင်ပြီး
လိုချင်တာ ရချင်တာ ယူချင်တာ တောင့်တစွဲလန်းတာ
မျိုးကို အလိုဆိုး ဟုဆိုသည်။
မွေး အို နာ သေ နှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘဝကို
လိုချင်တာ ရယူသိမ်းပိုက်ချင်တာ မျိုးကို အလိုဆိုးဟု
မှတ်ယူရမည်။
ရယူသိမ်းပိုက်လို့ မရကောင်း မဖြစ်ကောင်းတဲ့…
၁။ မျက်စိဖြင့်မြင်သိအပ်သော အဆင်းမျိုးစုံ ရူပါရုံတို့ကို
ရယူသိမ်းပိုက်ချင်တဲ့အလို ,
ရယူသိမ်းပိုက်ချင်တဲ့အလို ,
၂။ နားဖြင့်ကြားသိအပ်သော အသံမျိုးစုံ သဒ္ဒါရုံတို့ကို
ရယူသိမ်းပိုက်ချင်တဲ့အလို ,
ရယူသိမ်းပိုက်ချင်တဲ့အလို ,
၃။ နှာခေါင်းဖြင့် နမ်းရှူအပ်တဲ့ အနံ့မျိုးစုံ ဂန္ဓာရုံတို့ကို
ရယူသိမ်းပိုက်ချင်တဲ့အလို ,
ရယူသိမ်းပိုက်ချင်တဲ့အလို ,
၎။ လျှာဖြင့်တွေ့အပ်တဲ့ တွေ့ဖွယ်မျိုးစုံ ရသာရုံတို့ကို
ရယူသိမ်းပိုက်ချင်တဲ့အလို ,
ရယူသိမ်းပိုက်ချင်တဲ့အလို ,
၅။ ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြင့် ထိတွေ့အပ်တဲ့
အတွေ့မျိုးစုံ ဖေါဌဗ္ဗာရုံတို့ကို ရယူသိမ်းပိုက်ချင်တဲ့
သဘောတို့ကို အလိုဆိုးဟု မှတ်ယူရမည်။
ဘဝထဲမှာနေလျက် ဘဝမှလွတ်မြောက်ချင်တဲ့အလို
ဘဝမရှိမှ ဘဝလွတ်မြောက်မည်ဟုထင်၍ ဘဝကင်း
ရာကို လိုချင်တဲ့အလို
ခံစားမှု ငါးမျိုးကို ဘယ်တော့မှပျောက်ပျက်ကုန်ဆုံး
မသွားဘဲ ခံစားနေချင်တဲ့အလိုတွေဟာလည်း
ပုထုဇဉ်(အရူး အကန်း အနှမ်း)တွေရဲ့ အလိုဆိုးတွေပါ။
ခံစားတာ နှင့် ခံစားချင်တာ
မြင်တာ နှင့် မြင်ချင်တာ
ကြားတာ နှင့် ကြားချင်တာ
နံတာ နှင့် နံချင်တာ
စားတာ နှင့် စားချင်တာ
ထိတာ နှင့် ထိချင်တာ ။
မြင်တဲ့အပေါ် မမြင်ချင်တာ အလိုဆိုး ဝိဘဝတဏှာ
မြင်တဲ့အပေါ် မြင်ချင်တာ အလိုဆိုး ဘဝတဏှာ
မြင်တဲ့အပေါ် သာယာတာ ကာမတဏှာ အလိုဆိုးပါ။
(မြင် ကြား နံ စား ထိ - စသည်)
ကာမတဏှာ အလိုဆိုး
ဘဝတဏှာ အလိုဆိုး
ဝိဘဝတဏှာ အလိုဆိုး
ဒီအလိုဆိုးသုံးမျိုး ကုန်ရာ ချုပ်ရာ ငြိမ်းရာ ကို
နိဗ္ဗာန် ဟု ခေါ်ဆိုပါသည်။
* ဆရာတော် ဦးသြသဓ
(ပခမ်းရိပ်သာ - ဟင်္သာတမြို့)ဟောကြားတော်မူသော
အလိုဆိုးငြိမ်းရာနိဗ္ဗာန်ပါတရားတော်မှ ကောက်နှုတ်
ပူဇော်ပါသည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ…
- တရားကိုတရားအတိုင်း - အရှိကိုအရှိအတိုင်း
သိမြင် ကျင့်သုံးနိုင်ကြပါစေ ။
အတွေ့မျိုးစုံ ဖေါဌဗ္ဗာရုံတို့ကို ရယူသိမ်းပိုက်ချင်တဲ့
သဘောတို့ကို အလိုဆိုးဟု မှတ်ယူရမည်။
ဘဝထဲမှာနေလျက် ဘဝမှလွတ်မြောက်ချင်တဲ့အလို
ဘဝမရှိမှ ဘဝလွတ်မြောက်မည်ဟုထင်၍ ဘဝကင်း
ရာကို လိုချင်တဲ့အလို
ခံစားမှု ငါးမျိုးကို ဘယ်တော့မှပျောက်ပျက်ကုန်ဆုံး
မသွားဘဲ ခံစားနေချင်တဲ့အလိုတွေဟာလည်း
ပုထုဇဉ်(အရူး အကန်း အနှမ်း)တွေရဲ့ အလိုဆိုးတွေပါ။
ခံစားတာ နှင့် ခံစားချင်တာ
မြင်တာ နှင့် မြင်ချင်တာ
ကြားတာ နှင့် ကြားချင်တာ
နံတာ နှင့် နံချင်တာ
စားတာ နှင့် စားချင်တာ
ထိတာ နှင့် ထိချင်တာ ။
မြင်တဲ့အပေါ် မမြင်ချင်တာ အလိုဆိုး ဝိဘဝတဏှာ
မြင်တဲ့အပေါ် မြင်ချင်တာ အလိုဆိုး ဘဝတဏှာ
မြင်တဲ့အပေါ် သာယာတာ ကာမတဏှာ အလိုဆိုးပါ။
(မြင် ကြား နံ စား ထိ - စသည်)
ကာမတဏှာ အလိုဆိုး
ဘဝတဏှာ အလိုဆိုး
ဝိဘဝတဏှာ အလိုဆိုး
ဒီအလိုဆိုးသုံးမျိုး ကုန်ရာ ချုပ်ရာ ငြိမ်းရာ ကို
နိဗ္ဗာန် ဟု ခေါ်ဆိုပါသည်။
* ဆရာတော် ဦးသြသဓ
(ပခမ်းရိပ်သာ - ဟင်္သာတမြို့)ဟောကြားတော်မူသော
အလိုဆိုးငြိမ်းရာနိဗ္ဗာန်ပါတရားတော်မှ ကောက်နှုတ်
ပူဇော်ပါသည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ…
- တရားကိုတရားအတိုင်း - အရှိကိုအရှိအတိုင်း
သိမြင် ကျင့်သုံးနိုင်ကြပါစေ ။
Ko Kyisoe ဖေ့ဘုတ်မှ
No comments:
Post a Comment