
“လူနှင့်တိရစ္ဆာန် ခြားနားဟန်”
ဘေးကိုဘေးဟူ၍ မသိတတ်ရှာသေးသော တိရစ္ဆာန်တို့သည် မိမိတစ်ကိုယ်ကောင်းကိုတည်
ဆောက်လျက် သူတစ်ပါး တစ်ကိုယ်ကောင်းကို ဖျက်ဆီးပစ်လေ့ရှိကြ၏။
ဘေးကို ဘေးဟူ၍ သိတတ်သောလူသားတို့သည်ကား မိမိ၏ တစ်ကိုယ်ကောင်းကို စွန့်လွှတ်
၍ သူတစ်ပါးတစ်ကိုယ်ကောင်းကို စောင့်ရှောက်ပေးလေ့ရှိကြ၏။ ဤသည်မှာ လူနှင့်တိရစ္ဆာန်
တို့၏ ကွာခြားချက်တည်း။
တိရစ္ဆာန်တို့သွားလမ်းသည် ဒုစရိုက်လမ်းဖြစ်ပြီး၊ လူသားစစ်စစ်တို့၏ သွားလမ်းကား သုစရိုက်
လမ်းဖြစ်၏။ ထို့ကြောင့် လူစိတ်ရှိသော လူသားစစ်စစ်ဖြစ်ချင်လျှင်-
(၁) သူတစ်ပါးတို့အပေါ် ရက်ရောမှု၊ ပေးကမ်းစွန့်ကြဲခြင်း ဒါနဖြင့် မိမိ၏တစ်ကိုယ်ကောင်း စိတ်
ထားကို ဖယ်ရှားပစ်ရမည်။
(၂) သူတစ်ပါးတို့ကို လုယက်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် သူ့ကောင်းစားရေး တားမြစ်နေသော
တစ်ဖက်သတ်စိတ်ကိုလည်း သီလဖြင့် ဖယ်ရှားပစ်ပေးနေရမည်။
မဟာဗောဓိမြိုင်ဆရာတော်
Buddhavasa Tiloka
ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....
No comments:
Post a Comment