
ငါသည် မုချသေရမည် အချိန်ပိုင်းသာ လိုတော့သည်။
အသေမဦးခင် ဥာဏ်ဦးအောင် တရားအားထုတ်ပါတော့မည်။
ငါ့အားအသက်ရှင်၍ နေရခြင်းသဘောသည် အမြဲမရှိ၊
ငါ့အား သေခြင်းသဘောသည် အမြဲရှိ၏..
တစ်နေကုန်ပြန် ငါ့ရုပ်နာမ် ၊ သေရန် တစ်ရက်နီးခဲ့ပြီ...
ကိုယ့်ထက်ကြီးသူ ၊ ကိုယ့်အောက်လူ ၊ ရွယ်တူသေဘက်များခဲ့ပြီ
ခဏမစဲ အိုရမြဲ ကိုယ်လည်း သေဘက်နီးခဲ့ပြီ
မသေရမှီ ပါရမီ ငါသည်ဖြည့်မှ သင့်တော့မည်...
ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်းဖို့သာ
ဓမ္မသာတည်း ဘယ်မှာအမြဲ ရှိနိုင်ပဲမို့ ရုပ်ခဲနာမ်ဆို
ခန္ဓာကိုယ်လည်း အိုလေနာလေ သေသာသေ၍
အခြေတကျ ဘယ်ဘ၀မှ မရကြဘူး .....
မဟာဂန္ဓာရုံအဓိဋ္ဌာန်
No comments:
Post a Comment