
"သံဝေဂဖြစ်ဖို့အရင်လုပ်ကြ"
★ ဘ၀ကို ကြဲကြဲကြည့်ရင် သံဝေဂဉာဏ်ဖြစ်တယ်။ ခပ်စိပ်စိပ် အသေးစိတ်ကြည့်နိုင်ရင်
ဝိပဿနာဉာဏ် ဖြစ်တယ်။သံဝေဂ ဖြစ်မှ ၀ိပဿနာ အားထုတ်ချင်တာ။
သံဝေဂဆိုတာ ဘ၀ကိုတွေးကြောက်တာ ဘ၀ကိုတွေးပူတာ ဘ၀ကိုရွှံမုန်းတာ
ဘ၀ကိုငြီးငွေ့တာ။
။ငြီးငွေ့ပြီး ဒီဘ၀အဆုံး ဒီဒုက္ခရဲ့အဆုံး ဒီကိလေသာရဲ့အဆုံး
ကိုရှာတာ။ ဘုန်းကြီးတို့ ဆရာတော် အနီးစခန်းရှိစဉ်က ဆရာတော်ကို
မစိုးရိမ်းတိုက်အုပ် သံဃာယတနာ ဒုတိယ ဥက္ကဋ္ဌ ဦသူရိယ ကမေးတယ်
မင်းတို့ ဘာတရားတွေဟောလဲ ဆိုတော့ ဆရာတော်က ဖြေတယ် အလှူဆိုရင် အလှူ
အကြောင်းပေါ့ဘုရား ဒါနဆိုရင် ဒါန အကြောင်းလေးပေါ့ဘုရား ဆက်စပ်တာကိုဟော
ပါတယ် ဘုရားလို့ လျောက်တယ်။ ဆရာတော်ကြီးက ထပ်မေးတယ်
ဝိပဿနာရော ဟောလားဆိုတော့ ရံဖန်ရံခါဟောတယ်ဘုရား လို့လျောက်တယ်။
မစိုးရိမ်ဆရာတော်ကြီးက ၀ိပဿနာကိုနည်းနည်းပဲဟော သံဝေဂကထာ
များများဟောဆိုပြီး ပြောတော်မူတယ်။
★ မှန်တယ်ဆရာတော်ကြီးပြောတာ ဘုန်းကြီးတို့ သပိတ်အိုင်တောရက ထွက်တော့
ဝိပဿနာတွေ တအားဟောတယ်။ အဲ့ဒီအခါ သပိတ်အိုင်ဆရာတော်ကြီးကပြောတယ်
မင်းဘာတွေဟောလဲ ဘယ်နေရာတွေဟောလဲဆိုတော့ ဆရာတော်က "တပည့်တော်
တစ်နိုင်ငံလုံး လိုက်ပြီးဟောပါတယ် ဘုရားလို့" သီတဂူဆရာတော်က လျောက်သောအခါ
သပိတ်အိုင်ဆရာတော်ကြီးက "မင်းတို့က အိုးကွဲတွေကိုရေလောင်းနေတာကွ"
လို့ပြောတော်မူတယ် မှန်တယ် ဘုန်းကြီးက ရေအိုးထဲ ရေတွေလောင်းပေးတယ်
အိုးတွေက ကွဲတော့ တရားပွဲပြီးလို့ သာဓုဆိုရင် အားလုံးပြီးသွားရော ပျောက်သွားရော
နောက်ပိုင်း ဘုန်းကြီးတို့ ကိုယ့်စီမံကိန်းနဲ့ဆိုင်တာတွေပဲ ဟောပါတော့တယ်။
သံဝေဂမဖြစ်ဘဲနဲ့တော့ တိုက်တွန်းလည်း အားထုတ်မှာ မဟုတ်ပါဘူး။
အဲ့ဒီတော့ ဘုန်းကြီးတို့ရဲ့ ဘ၀ကို (၁၀၀)တမ်းကို (၁၀)ပုံ ပုံပြီး
သံဝေဂဖြစ်အောင်ကြည့်ကြရအောင်။
၁။ မွေးစမှသည် ၁၀ နှစ်ထိ မန္ဒဒသက =မန္ဒ ဆိုတာ ထုံထိုင်းတဲ့ အရွယ်
ဉာဏ်နည်းတဲ့ အရွယ် နုနယ်တဲ့အရွယ် လို့ခေါ်တယ်။
၂။ ၁၁ နှစ်မှသည် ၂၀ နှစ်ထိ ခိဍ္ဋာ ဒသက = ရွှင်မြူးခုန်ပေါက်တဲ့ အရွယ်
ပျော်ရွှင် မြူထူးတဲ့အရွယ် လို့ခေါ်တယ်။
၃။ ၂၁ နှစ်မှသည် ၃၀ နှစ်ထိ ၀ဏ္ဏဒသက =ရုပ်အဆင်းတိုးတက်တဲ့အချိန်
ခေါ်တယ်။
၎။ ၃၁ နှစ်မှသည် ၄၀ နှစ်ထိ ဗလဒဿက = ခွန်အားတိုးတက်တဲ့အချိန်လို့
ခေါ်တယ်။
၅။ ၄၁ နှစ်မှသည် ၅၀ နှစ်ထိ ပညာဒသက =ပညာသင်လို့
အကောင်းဆုံးအချိန်ပညာရှာလို့ အကောင်းဆုံးအချိန်လို့ ခေါ်တယ်။
၆။ ၅၁ နှစ်မှသည် ၆၀ နှစ်ထိ ဟာနိဒသက =ရုပ်အားတွေ
ဉာဏ်အားတွေ ရပ်တန့်သွားပြီး ရုတ်လျော့သွားတဲ့ အချိန်လို့ခေါ်တယ်။
၇။ ၆၁ မှသည် ၇၀ နှစ်ထိ ပဗ္ဘာရ ဒသက =လမ်းလျှောက်ရင်
ကိုင်းသွားတဲ့အရွယ်လို့ ခေါ်တယ်။
၈။ ၇၁ နှစ်မှသည် ၈၀ နှစ်ထိ ၀င်္ကဒသန =ခါးတွေကောက်သွားတယ်
ဇက်တွေ ကိုင်းသွားတဲ့အရွယ်လို့ ခေါ်တယ်။
၉။ ၈၁ နှစ်မှသည် ၉၀ နှစ်ထိ မောမူဟ ဒသက= တွေဝေထိုင်မှိုင်းသွားပြီ
မေ့ကုန်ပြီစားပြီးမှန်လည်း မသိဘူး မေ့တဲ့အရွယ်လို့ ခေါ်တယ်။
၁၀။ ၉၁ နှစ်မှသည် ၁၀၀ နှစ်ထိ သယန ဒသက = အိပ်ရာထဲမှာ လဲပြီး
မထနိုင်တော့တဲ့အရွယ်လို့ ခေါ်တယ်။
တို့တစ်တွေ ဘ၀ (၁၀)ပုံပုံပြီးတော့ သံဝေဂယူပြီးတော့ ဘယ်အပိုင်းထဲရောက်နေပြီလဲ
ဘာလုပ်သင့်လဲ ဆိုတာသိပြီး ၀ိပဿနာဉာဏ်သို့ တက်လှမ်းနိုင်ကြပါစေသတည်း။
ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....
Creat Post By .... Pay Thoe
No comments:
Post a Comment