
“အရှင်လတ်လတ်သေသူ”
သတိကင်းပေါ့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေကြတဲ့ ပုဂ္ဂိုလ်တွေကို သေနေတဲ့သူတွေလို့ဘုရားရှင်မိန့်တော်မူပါတယ်။ အသက်နဲ့ခန္ဓာ အိုးစားကွဲပြီး သေပွဲဝင်တဲ့အသေမျိုး မဟုတ်သေး
လို့ လောကအနေနဲ့တော့ အသက်ရှိနေ အသက်ရှင်နေပါသေးတယ်။
တရားသဘောအနေနဲ့တော့ ဒါန သီလ ဘာဝနာတရားတို့ကို ပြုလုပ်အားထုတ်ဖို့ သတိမရဘဲ မေ့နေတဲ့အတွက်
ကြောင့်“အရှင်လတ်လတ် သေနဲ့တဲ့လူ”လို့ မြတ်ဗုဒ္ဓက
ဟောတော်မူတာပါ။
သိသာအောင် ပြောပြရရင် လောကမှာ အသက်မရှိတဲ့ သူသေကောင်ကြီးဟာ ဒီအချိန်ဟာ ငါ့အတွက် ဆွမ်းလောင်းရမယ့်အချိန်၊ ဒီအချိန်ဟာ ငါးပါးသီလ၊ ရှစ်ပါးသီလ ဆောက်တည်ရမယ့်အချိန်၊ ဒီအချိန်ဟာဖြင့် ဘုရားဝတ်ပြုရမယ့်အချိန်၊ မေတ္တာပွားရမယ့်အချိန်၊ ဝိပဿနာပွားရမယ့်
အချိန်လို့ သတိမရတော့ပါဘူး။
ဒီလိုပါပဲ သတိကင်းပြီး မေ့လျော့နေကြတဲ့ ပုဂ္ဂိုလ်များဟာလည်း ဒါန သီလ ဘာဝနာ ကုသိုလ်ကောင်းမှုများကို ပြုလုပ်အားထုတ်ဖို့ လုံးဝသတိမရတော့ပါ။
ဒါကြောင့် မေ့လျော့နေသူကို “အရှင်လတ်လတ်သေသူ” လို့ ခေါ်ပါတယ်။ ယောဂီတို့ထဲမှာရော
အရှင်လတ်လတ်သေတဲ့ ယောဂီဘယ်နှစ်ယောက်ရှိသလဲ။ မရှိပါဘုရား။ အရှင်လတ်လတ် မသေချင်ကြနဲ့နော်။ မှန်ပါ့ဘုရား။
ချမ်းမြေ့အရှင်ဣန္ဒက
No comments:
Post a Comment