
"စိတ်ပိုင်းလည်း တိုးတက်ပါစေ"
======================
ယနေ့ ကမ္ဘာကြီးတိုးတက်နေတယ် ဆိုတော့
အများက သဘောကျသလိုလိုပါပဲ။
တိုးတက်တယ်ဆိုပေမယ့်
အဝတ်အစား၊ အနေအထိုင်၊
အသုံးအဆောင်တွေဘက်မှာသာ
တိုးတက်နေတာပါ။
သူတော်ကောင်းတရားကျတော့
မတိုးတက်ပါဘူး။
ဒီတိုးတက်မှုတွေက
ကြာရှည်လည်း မခံပါဘူး။
ယခုလို ရုပ်ဝတ္ထုတစ်ဖက်တည်း
တိုးတက်နေပြီးတော့
အကျင့်စာရိတ္တဆိုတဲ့
နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုမပါရင်
ဘယ်လောက်ချမ်းသာချမ်းသာ
စိတ်ရဲ့ ငြိမ်းချမ်းမှုဆိုတာကတော့ မရနိုင်ပါဘူး။
(အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး)
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၃၈) မှ
ကောက်နုတ်ပူဇော်ပါသည်။
“ ထေရဝါဒ ရနံ့ ” https://www.facebook.com/thefragranceoftheravada
ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....
No comments:
Post a Comment