/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, December 20, 2013

**မိဘက သားသမီးကို၊ ဆရာက တပည့်ကို၊ ဆဲဆူဆုံးမတာဟာ ဖရုသ၀ါစာကျူးလွန်ပါသလား? **

 



ဖရုသ၀ါစာ ဆိုတာ ဒုစရိုက်(၁၀)ပါးထဲမှာ တစ်ပါး အပါအ၀င် ဖြစ်ပါတယ်။ ဒုစရိုက်(၁၀)
ပါးကို ကျူးလွန်တဲ့သူဟာ အပါယ်ကျပါတယ်။

မိဘတွေက သားသမီးကို၊ ဆရာက တပည့်ကို
ဆဲဆူဆုံးမတဲ့အခါ ဖရုသ၀ါစာဖြစ်ရင် မိဘဆရာတွေ အကုန်လုံး အပါယ်ကျကုန်မှာပေါ့။
    

  ဒုစရိုက်(၁၀)ပါးမှာ==”ကိုယ်၌ဖြစ်သော ကာယကံ(၃)ပါး”=
 ၁။ ပါဏာတိပါတ၊ 
၂။ အဒိန္နဒါန၊
 ၃။ ကာမေသုမိစ္ဆာစာရ၊ ”နုတ်၌ဖြစ်သော ၀စီကံ(၄)ပါး”
၎။ မုသာဝါဒ၊ 
၅။ ပိသုဏ၀ါစာ၊
 ၆။ ဖရုသ၀ါစာ၊ 
၇။ သမ္ဖပ္ပလာပ၊ ”စိတ်၌ဖြစ်သောမနောကံ(၃)ပါး”
 ၈။ အဘိဇ္ဈာ၊
 ၉။ ဗျာပါဒ၊ 
၁၀။ မိစ္ဆာဒိဌိ၊              တို့ ဖြစ်ပါတယ်။
      

အဲဒီ(၁၀)ပါးထဲက တစ်ပါးပါးကို ကျူးလွန်ရင် အပါယ်ကျပါတယ်။ ကျူးလွန်လို့ အပါယ်
ကျရောက်ရတဲ့ သာဓက ၀တ္ထုတွေလည်း အများကြီးရှိပါတယ်။  ဖရုသ၀ါစာရဲ့  အနက်က
ကြမ်းတမ်းသောစကားပဲ၊ အဌကထာမှာ ဖွင့်ထားတာက လွှသွားကို ကိုင်တွယ်တဲ့အခါ ကြမ်း
တမ်းသော အတွေ့ ကို ထိတွေ့ ရသလို ကြမ်းတမ်းစွာ ဆဲဆိုလိုက်တဲ့အတွက် ကြားရသူ တစ်
ဖက်သားအဖို့  နားမခံသာ နှလုံးမသာ ရှိလှအောင် အခံရခက်တဲ့ စကားမျိုး ဖြစ်ပါတယ်။
      

ဖရုသ၀ါစာဖြစ်ဖို့  အင်္ဂါ(၃)ပါးရှိတယ်၊ ဘာတွေလဲဆိုတော့....၁။ စိတ်ဆိုးခြင်း၊ ၂။ ဆဲ
ရေးအပ်သူ(အဆဲခံရသူ) ၃။ ဆဲရေးခြင်းတို့ ဖြစ်တယ်။ အဲဒီအင်္ဂါ(၃)ပါးနဲ့ ညီညွတ်မှ ဖရုသ၀ါ
စာလို့  ခေါ်ဆိုနိုင်တယ်။ ကြမ်းတမ်းသော စကားလို့  ဆိုတဲ့နေရာမှာ စေတနာသာ အဓိကပါ။
ကြမ်းတမ်းတဲ့ စကားတိုင်းကို ဖရုသ၀ါစာလို့  မဆိုနိုင်သလို၊ စကားသံမှာ ကြားရသူ တစ်ဖက်
သားအဖို့  နူးညံ့တယ်လို့  ယူဆရပေမယ့်၊ ”ဖရုသ၀ါစာ” ဖြစ်နေတတ်တယ်။ အဲဒီအကြောင်း
ကို အဌသာလိနီ အဌကထာနဲ့  သီလက္ခန် အဌကထာ ဖရုသ၀ါစာ အဖွင့်မှာ သာဓက၀တ္ထုတွေ
နဲ့  ဆုံးဖြတ်ပြထားတယ်။
     

 စကားကြမ်းတမ်းပေမယ့် ဖရုသ၀ါစာ ကံမမြောက်တဲ့  ၀တ္ထုကို သာဓက ပြောရမယ်ဆို
ရင်==”တစ်ခါက သူငယ်လေးတစ်ယောက်ဟာ တောထဲကိုသွားဖို့  ဟန်ပြင်တယ်။ အဲဒီမှာ
မိခင်ဖြစ်သူက မသွားဖို့  အတန်တန် တောင်းပန်တယ်။ ဒါပေမဲ့ သားဖြစ်သူ သူငယ်က မိခင်
ရဲ့ စကားကို ဂရုမစိုက်ဘူး။ တောကိုသွားဖို့ ပဲ ပြင်ဆင်နေတယ်၊ ဒီအခါမှာ မိခင်က သားကို
တောထဲမသွားစေလိုတဲ့အတွက် ”နင့်ကို ကျွဲရိုင်းမကြီး လိုက်ခတ်ပါစေ။” လို့  ဆဲရေးကြိမ်း
မောင်းလိုက်တယ်။ မိခင်ကဘယ်လောက်လဲ ဆဲရေးကြိမ်းမောင်းကြိမ်းမောင်း နာခံမှု မရှိဘူး။
တောထဲကိုပဲ ထွက်သွားပါတယ်။
    

  တောထဲရောက်တော့... အံ့သြစရာပဲ.. ကျွဲရိုင်းမကြီးကမိခင်ဆဲရေးလိုက်တဲ့အတိုင်း သူ
ငယ်ကို လိုက်ခတ်ပါလေရော၊ အဲဒီအခါ ကျတော့မှ သူငယ်က မိခင်ရဲ့ စကားကို မနာယူမိတဲ့
အတွက် နောင်တရမိတော့တယ်။ ဒီတော့ သူငယ်က ဘာမှစဉ်းစား မနေတော့ဘူး။ 


သစ္စာဆို
လိုက်တယ်၊ ” မိခင်သည် ငါ့ကို တောသို့ မသွားစေလိုသည့်အတွက် စိတ်ဆိုး၍ ပြောမိသော
စကားသာဖြစ်၏။ သို့ အတွက် အမေပြောသလို မဖြစ်ပါစေနဲ့  အမေစိတ်မှာ ရှိသလိုသာ ဖြစ်
ပါစေ။ ဤစကား မှန်ကန်ပါက ကျွဲရိုင်းမသည် ငါ၏နောက်သို့  မလိုက်စေသတည်း။” အဲဒီလို
သစ္စာဆိုတဲ့စကား ဆုံးတာနဲ့  ကျွဲရိုင်းမဟာ ရောက်တဲ့နေရာမှာပဲ ရပ်ပြီး ရှေ့ဆက်မတိုးတော့
ဘူး။ တိုင်မှာ ချည်ထားတဲ့အတိုင်း ငြိမ်နေတော့တာပဲ၊ ဒီလိုနဲ့  အဲဒီသူငယ်  အသက်ချမ်းသာ
ရာရသွားတယ်။
     

 အဲဒီဝတ္ထုကိုကြည့် မိခင်ရဲ့ စကားက သိပ်ကြမ်းတမ်းနေတယ်။ ဒါပေမဲ့ သားငယ် အပေါ်
မှာ ကျွဲရိုင်းမ ခတ်စေလိုတဲ့ စေတနာမပါဘူး၊ သားငယ် တောကို မသွားစေလိုလို့  လတ်တ
လောပြောလိုက်ရတဲ့ စကားသာ ဖြစ်တယ်။ အဌကထာမှာ မိခင်ရဲ့ အတွင်းစိတ် နူးညံ့နေတဲ့
အတွက် ဖရုသ၀ါစာ မဖြစ်ဘူးလို့  ဆုံးဖြတ်ထားတယ်။ ဆရာသမားတွေ တပည့်ကို ဆူဆဲတဲ့
အခါ တတ်စေ၊ တော်စေလိုတဲ့ ဆန္ဒဖြစ်တဲ့အတွက် ဖရုသ၀ါစာ မဖြစ်ဘူး။
     

 စကားနူးညံ့နေပေမယ့် ဖရုသ၀ါစာ ဖြစ်ပုံသာဓကကို ပြောပြရရင်==”လူတစ်ယောက်
ဟာ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်တယ်၊ အဲဒီတော့ ဘုရင်က ရာဇ၀တ်သားကို သတ်ပစ်ဖို့ 
အလိုရှိတယ်၊ ဒါပေမဲ့ အမိန့် ချတဲ့ နေရာကျတော့ မျက်နှာပြုံးပြုံးရွှင်ရွှင်နဲ့ ”ဒီရာဇ၀တ်သား
ဟာ ဒီပြစ်မှုဒီပြစ်မှုတွေ ကျူးလွန်တဲ့အတွက် တရားဥပဒေကြောင်းအရ ဤရာဇ၀တ်သားကို
ချမ်းသာစွာ သိပ်ထားလိုက်ကြ” လို့ အမိန့် ချလိုက်တယ်။


 တကယ်တော့ ဒါသေမိန့် ချလိုက်
တာပဲ၊ ဒါကိုဘေးက ၀န်ကြီးတွေ၊ အမတ်တွေကလည်း သိတယ်၊ အဲဒါကိုကြည့် ဘုရင်ပြော
လိုက်တဲ့စကားက ကြားရသူ တစ်ဖက်သားအဖို့  နားချမ်းသာစရာပဲ၊ အတွင်းစိတ်စေတနာက
တော့ အလွန်ကြမ်းကြုတ်နေတဲ့အတွက် ဖရုသ၀ါစာ ဖြစ်ကြောင်း ဆုံးဖြတ်ပြထားတယ်။
      

ဒါဆို ဖရုသ၀ါစာမှာ စေတနာက အဓိကပါ။ ”အဆဲခံရတဲ့သူဟာ သီလ၊ သမာဓိ၊ ပညာ
စတဲ့ ဂုဏ်မရှိရင် သိပ်အပြစ်မကြီးပါဘူးတဲ့။ သီလ၊ သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေနဲ့  ပြည့်စုံ
နေတဲ့ ပုဂ္ဂိုလ်ကို ဆဲဆူမိရင်တော့ အပြစ်က သိပ်ကြီးလေးလှပါတယ်။ ဒီတော့ ဖရုသ၀ါစာ
မဖြစ်အောင် နေနိုင်သဖြင့် နိဗ္ဗာန်ထိတိုင် လျောက်လှမ်းနိုင်ကြပါစေသတည်း။


{ ရဝေနွယ်(အင်းမ)၏ ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲမှ  ကောက်နုတ်   ရေးသားပါသည်။}

     http://www.damanady.tk/ (ဓမ္မနဒီ) ဆိုဒ်မှ မျှဝေခံစားသည်။

No comments:

Post a Comment