ပင့်ကူပမာ ရှုမှတ်ပါ
********************
ဝိပဿနာ ရှုမှတ်တဲ့အခါမှာ
ပင့်ကူထုံးကို နှလုံးမှုသင့်တယ်။
ပင့်ကူက စေးကပ်တဲ့ ကြိုးမျှင်နဲ့
ပင့်ကူအိမ် ဖွဲ့ဆောက်ပြီးတဲ့အခါ
အိမ်အလယ်မှာ ရပ်စောင့်နေတယ်။
ကြိုးမျှင်တစ်နေရာမှာ
ပိုးကောင်တစ်ကောင် လာငြိတွယ်ရင်
ပင့်ကူက ချက်ချင်းသွားပြီး
ဖမ်းစားလိုက်တယ်။ ပြီးတော့
အိမ်အလယ်မှာ ထိုင်စောင့်နေပြန်တယ်။
ယောဂီ တို့လည်း
တရားရှုမှတ်ဖို့
ကရိကမ်လုပ်ပြီးတဲ့အခါ
ဖောင်းတယ်၊ ပိန်တယ် ဆိုတဲ့
ချည်တိုင်မှာ အသိစိတ်ကို
သတိနဲ့ ကပ်ထားရမယ်။
ခန္ဓာကိုယ် တစ်နေရာမှာ
ဝေဒနာ ပေါ်လာရင်
ဝေဒနာဆီကို အာရုံပြောင်းရွေ့ပြီး
ရှုမှတ်ရမယ်။
ဝေဒနာ ပျောက်သွားတော့
မူလချည်တိုင်မှာ
သတိပြန်ကပ်ထားရမယ်။
တော်ကူး ဆရာတော်ဘုရားကြီး
********************
ဝိပဿနာ ရှုမှတ်တဲ့အခါမှာ
ပင့်ကူထုံးကို နှလုံးမှုသင့်တယ်။
ပင့်ကူက စေးကပ်တဲ့ ကြိုးမျှင်နဲ့
ပင့်ကူအိမ် ဖွဲ့ဆောက်ပြီးတဲ့အခါ
အိမ်အလယ်မှာ ရပ်စောင့်နေတယ်။
ကြိုးမျှင်တစ်နေရာမှာ
ပိုးကောင်တစ်ကောင် လာငြိတွယ်ရင်
ပင့်ကူက ချက်ချင်းသွားပြီး
ဖမ်းစားလိုက်တယ်။ ပြီးတော့
အိမ်အလယ်မှာ ထိုင်စောင့်နေပြန်တယ်။
ယောဂီ တို့လည်း
တရားရှုမှတ်ဖို့
ကရိကမ်လုပ်ပြီးတဲ့အခါ
ဖောင်းတယ်၊ ပိန်တယ် ဆိုတဲ့
ချည်တိုင်မှာ အသိစိတ်ကို
သတိနဲ့ ကပ်ထားရမယ်။
ခန္ဓာကိုယ် တစ်နေရာမှာ
ဝေဒနာ ပေါ်လာရင်
ဝေဒနာဆီကို အာရုံပြောင်းရွေ့ပြီး
ရှုမှတ်ရမယ်။
ဝေဒနာ ပျောက်သွားတော့
မူလချည်တိုင်မှာ
သတိပြန်ကပ်ထားရမယ်။
တော်ကူး ဆရာတော်ဘုရားကြီး
No comments:
Post a Comment