/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, December 6, 2013

* သစ္စကပရိဗိုဇ်*


* သစ္စကပရိဗိုဇ်*
************

သစ္စကပရိဗိုဇ်သည် ဝေသာလီပြည် မင်းသား ၅၀၀ တို့၏ဆရာဖြစ်သည်။ သစ္စက၏ ဆွေမျိုးဆက်မှာ အောက်ပါအတိုင်းဖြစ်သည်။ ဝေသာလီပြည် လီစ္ဆဝီမင်းသားများသည် အယူဝါဒကို လေ့လာ၍ ပြဿနာ မေးလေ့ရှိကြသည်။
ဝါဒ ၅၀၀ ကိုတတ်မြောက်သော နိဂဏ္ဍပရိဗိုဇ် တစ်ယောက်သည် ဝေသာလီပြည်သို့ ရောက်လာ၍ မင်းသားတို့က ကိုးကွယ်ဆည်းကပ်ကြသည်။ အလားတူ ဝါဒ ၅၀၀ ကိုတတ်ကျွမ်းသော နိဂဏ္ဍဂိုဏ်းဝင် ပရိဗိုဇ်မတစ်ယောက်သည်လည်း ဝေသာလီပြည်သို့ ရောက်လာ၍ မင်းသားတို့က ပူဇော်ကိုးကွယ်ထားကြသည်။ ထို နိဂဏ္ဍပရိဗိုဇ် ၂ဦး အိပ်ထောင်ကျသောအခါ သစ္စာ လောလာ အဝဓာရိကာ ပဋိစ္ဆာဒါ ဟူသော သမီး ၄ယောက်နှင့် သစ္စက ဟူသော သားငယ်တစ်ယောက်ကို ဖွားမြင်သည်။ ထိုသားသမီးများသည် အဖေဘက်မှ ဝါဒ ၅၀၀။အမိဘက်မှ ဝါဒ ၅၀၀ စုစုပေါင်း ဝါဒ ၁၀၀၀ ပြု၍ ဇမ္ဗူဒိပ်ကျွန်းကို လှည့်လည်လျက် ဝါဒပြိုင်ပွဲ ဝါဒစစ်ထိုးပွဲများ ပြုလုပ်ကြသည်။ အစဉ်အတိုင်း လှည့်လည်၍ သာဝတ္ထိပြည်သို့ရောက်သောအခါ အရှင်သာရိပုတ္တရာမထေရ်နှင့် တွေ့ဆုံ၍ ဝါဒပြိုင်ပွဲ ကျင်းပရာ ပရိဗိုဇ်မများ ရှုံးနိမ့်၍ အရှင်သာရိပုတ္တရာထံ၌ ဘိက္ခူနီမ ပြုလုပ်ကြသည်။ အငယ်ဆုံးဖြစ်သော သစ္စကပရိဗိုဇ်မူကား ဝါဒ ၁၀၀၀ကိုတတ်မြောက်ပြီးနောက် ဝေသာလီပြည်၌ပင်လျှင် လီစ္ဆဝီမင်းသား ၅၀၀တို့ အပေါ် ဆရာပြုလုပ်ပြီး ပညာသင်ကြားလျက် အသက်မွေးမြူနေသည်။ ဝေသာလီပြည်သို့ မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာသောအခါ သစ္စကသည် အတ္တဝါဒကို ကိုင်စွဲ၍ မြတ်စွာဘုရား၏ အနတ္တဝါဒကို ယှဉ်ပြိုင်လျက် ၂ ကြိမ်တိုင်တိုင် စကားစစ်ထိုးသည်။ သစ္စကပရိဗိုဇ် ရှုံးနိမ့်သော်လည်း မိမိအယူဝါဒကို မစွန့်ဘဲ ဝါဒ ၁၀၀၀ ဆရာကြီးအဖြစ် ဆက်လက်ရပ်တည် နေလေသည်။ သို့ရာတွင် မြတ်စွာဘုရားကိုမူကား နောက်ထပ်တစ်ဖန် ယှဉ်ပြိုင် မပြောဝံ့တော့ချေ။


**မာဂဏ္ဍိယပရိဗိုဇ်**
****************
မာဂဏ္ဍိယပရိဗိုဇ်ကား အိမ်ထောင်ပြုသောပရိဗိုဇ်ဂိုဏ်းဝင် ဖြစ်လေသည်။ ထိုပရိဗိုဇ်များ၏ အယူဝါဒမှာ ကာမဂုဏ်အာရုံခံစားမှုကို မပယ်စွန့်ရ။ မျက်စိ(စက္ခုနြေ္ဒ)အင်အားရှိ၍ ကြီးပွားစေရန်အတွက် မျက်စိအကြိုက် အာရုံများကို ကြည့်ရှု့ရမည်။ နား(သောတိနြေ္ဒ)အင်အားရှိ၍ ကြီးပွားစေရန်အတွက် နားအကြိုက် အာရုံများကို နားထောင်ပေးရမည်။ နှာခေါင်း(ဃာနိနြေ္ဒ)အင်အားရှိ၍ ကြီးပွားစေရန်အတွက် နှာခေါင်းအကြိုက် ပန်းရနံ့များကို ရှူရှိုက်နမ်းရှုပ်ပေးရမည်။လျှာ (ဇိဝိနြေ္ဒ)အင်အားရှိ၍ ကြီးပွားစေရန်အတွက် လျှာအကြိုက်အရသာများကို စားသုံးမှီဝဲရမည်။ ကိုယ် (ကာယိနြေ္ဒ)အင်အားရှိ၍ ကြီးပွားစေရန်အတွက် ကာယအကြိုက် အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံများကို ခံစားပေးရမည်။ စိတ်ကို ကြီးပွားတိုးတက်စေအတွက် စိတ်ကြိုက် အာရုံများကို အစာကျွေးပေးရမည်ဟု ဆိုသည်။ ယင်းဝါဒကို ဆဒွါရဝုဍ္ဎိဝါဒ (ဆဒွါရ=ဒွါရ ၆ပါး ဝဍ္ဎိ=ကြီးပွားရေး။ဒွါရ ၆ပါးကြီးပွားရေးဝါဒ) ဟုခေါ်၍ ဗြာဟ္မဇာလသုတ်၌ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ(မျက်မြင်လက်တွေ့ လောကနိဗ္ဗာန်ဝါဒ)ဟု ဟောကြားတော်မူသည်။ဓမ္မစင်္ကြာ

 ဒေသနာတော်၌ ကာမသုခလ္လိကာနုယောဂအကျင့် ဟု ဟောကြားတော်မူသည်။

*ဥရုဝေလကဿပညီနောင် ရှင် ၁၀၀၀*
******************************
မာဂဓတိုင်းအတွင်း၌ ဂယာမြစ်သည် မြင့်မြတ်သည်ဟု ဗြာဟ္မဏပုဏ္ဏားတို့နှင့် ရသေ့များက ယူဆယုံကြည်ကြသည်။ ကဿပမျိုးနွယ် ညီနောင် ၃ ယောက်တို့သည် ရသေ့ဝတ်၍ တရားကျင့်ရာ အစ်ကိုအကြီးဆုံးသည် ဂယာမြစ်ညာရှိ ဥရုဝေလ(သဲကမ်းပါး)အရပ်၌ နေသောကြောင့် ဥရုဝေလကဿဟု အမည်တွင်သည်။တပည့် ၅၀၀ ရှိသည်။အစ်ကိုလတ်သည် ဂယာမြစ်ကမ်းနား၌နေ၍ တရားကျင့်သောကြောင့် ဂယာကဿပဟု အမည်တွင်သည်။ ညီအငယ်ဆုံးသည်ကား ဂယာမြစ်အောက်ပိုင်းတွင်နေ၍ တရားကျင်ရာ နဒီကဿပဟု အမည်တွင်သည်။ တပည့်အခြံအရံ ၂၀၀ ရှိသည်။ ဖော်ပြပါ ကဿပညီနောင် ဦးဆောင်သော ရသေ့ ၁၀၀၀ တို့၏ အယူဝါဒနှင့် အကျင့်မှာ ဂယာမြစ်ရေကို ချိုးလျှင် မကောင်းမှု အကုသိုလ် စင်ကြယ်သည်ဟု ယူဆ၍ နေ့စဉ် တစ်နေ့အနည်းဆုံး ၃ကြိမ် ရေဆင်းချိုးကြရသည်။ ရေငုပ်ကြရသည်။ နံနက်စောစော အလွန်ချမ်းအေးချိန်၌ ရေချိုး ရေငုပ်ကြရ၍ ခိုက်ခိုက်တုန်ချမ်းလာသောအခါ မီးဖိုကြီးများဖို၍ မီးလှုံကြရသည်။ နေမွန်းတည့်ချိန် မီးပုံ ၄ပုံအလယ်တွင်ရပ်၍ နေကိုကြည့်ရသော ပဉ္စတပအကျင့်ကိုလည်း ကျင့်ကြသည်။ ဤသို့အားဖြင့် ထိုရသေ့များမှာ ရေငုပ်ခြင်း မီးလှုံခြင်း နေပူခံခြင်း အအေးဒဏ်ခံခြင်း စသည်ဖြင့် ခန္ဓာကိုယ် ပင်ပန်းဆင်းရဲအောင် ညှင်းပန်းနှိပ်စက်ခြင်းဖြင့် ကိလေသာကုန်ခန်းနိုင်သည်။ ကိလေသာစင်ကြယ်နိုင်သည် ဟုယူဆကြသည်။ ယင်းအကျင့်လမ်းစဉ်ကို ဓမ္မစင်္ကြာဒေသနာတော်၌ အတ္တကိလ မထာနုယောဂအကျင့် ဟု ဟောကြားထားတော်မူသည်။ နောက်ပိုင်း၌ ဗုဒ္ဓမြတ်စွာဘုရားနှင့် တွေ့ကြုံသောအခါ ထိုရသေ့များသည် မိမိတို့အယူကို စွန့်၍ ရဟန်းပြုခဲ့ကြသည်။

**ကာဠဒေဝီလရသေ့ အာဠာရရသေ့ ဥဒကရသေ့**
***************************************
ကာဠဒေဝီရသေ့ကြီးသည် ဈာန်လမ်းစဉ်ကို လိုက်နာကျင့်သုံးသည်။ ဈာန်တန်ခိုးဖြင့် အမြင့်ဆုံးဖြစ်သော အရှုပဗြဟ္မာပြည်သို့ ရောက်ကြောင်းကို အမြင့်မြတ်ဆုံး နောက်ဆုံးပန်းတိုင် ဟုယူဆလေသည်။ ယင်း ဈာန်လမ်းစဉ်မှာ မြတ်စွာဘုရား ပွင့်တော်မမူမီက အမြန်ဆုံးလမ်းစဉ်ဟု မဇ္ဈိမဒေသ၌ လက်ခံထားကြသည်။ အာဠာရသေ့နှင့် ဥဒကရသေ့တို့သည်လည်း ဈာန်လမ်းစဉ်ကို လိုက်နာကျင့်သုံးကြ၍ အရှုပဗြဟ္မာဘုံကို အမြင့်မြတ်ဆုံး နောက်ဆုံးပန်းတိုင်ဟု ယူဆကြသည်။ အာဠာရသေ့ကြီးသည် အာကိဉ္စညာယတနဈာန် ဟုဆိုအပ်သော အရှုပ တတိယအဆင့်ဈာန်ကို ရလေသည်။ ဥဒကရရသေ့ကြီးသည်။ အရှုပ တတိယဈာန်ကို ရပြီးဖြစ်သည့်အပြင် နေဝသညာနာသညာယတနဈာန်ဟု ဆိုအပ်သော အမြင့်ဆုံးအဆင့် အရှုပစတုတ္ထဈာန်ရရန် ကျင့်နည်းက်ုလည်း အဖဆရာကြီး ရာမ ထံမှ ရှိခဲ့သည်။ မိမိကိုယ်တိုင်ကား ထိုဈာန်ကို မရခဲ့ချေ။ ကျင့်နည်းကိုသာ ဘုရားလောင်းအား ပြောပြခဲ့သည်။ ဘုရားအလောင်းတော်သည် တောထွက်ပြီးနောက် တရားရှာဖွေစဉ် အာဠာရနှင့် ဥဒကရသေ့ကြီးထံ နည်းခံကာ ဈာန်လမ်းစဉ်ကို အမြင့်ဆုံးအဆင့်ရောက်အောင် လက်တွေ့ကျင့်ကြံအားထုတ်၍ လေ့လာစူးစမ်းခဲ့သည်။သို့ရာတွင် သံသရာမှ ထွက်မြောက်ကြောင်းမဟုတ် ဟု သိမြင်တော်မူ၍ ယင်းဈာန်လမ်းစဉ်ကို စွန့်လွတ်ခဲ့သည်။

**မာဂဓတိုင်းဘာသာရေးအချုပ်**
************************
အချုပ်အားဖြင့် ထိုအချိန်က မာဂဓတိုင်းတွင်ရှိနေသော အယူဝါဒ သို့မဟုတ် ဘာသာရေးမှာ အကျဉ်းအားဖြင့် ကြိယဘာသာ အကြိယဘာသာ ဟူ၍ ၂ပါးရှိသည်။ ထိုတွင် ကြိယဘာသာကား ကောင်းမှုပြုလုပ်လျှင် တမလွန်၌ ကောင်းကျိုး မကောင်းမှုပြုလျှင် တမလွန်၌ မကောင်းကျိုး ခံစားရသည်။ ဟု ယူသောဘာသာဖြစ်သည်။ အကြိယဘာသာကား ဣသရနိမ္မာနဘာသာနှင့် အဟေတုကဘာသာဟူ၍ ၂မျိုးပြားပြန်သည်။ ကောင်းကျိုး မကောင်းကျိုး ဟူသမျှ ထာဝရဘုရားကသာ ပြုလုပ်နိုင်သည်။ ပေးစွမ်းနုင်သည်။ကုသိုလ်ကံ အကုသိုလ်ကံ ကယင်းအကျိုးများကိုမပေးနိုင် ဟုယူသောဘာသာသည် ဣသရနိမ္မာနဘာသာ ဖြစ်သည်။ အဟေတုကဘာသာကား ကောင်းကျိုး မကောင်းကျိုးသည် ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ရသည် မဟုတ်သည့်အပြင် ထာဝရဘုရားကြောင့် ဖြစ်လာရသည်လည်း မဟုတ်ဘဲ တိုက်ဆိုင်မှုအရ ဖြစ်ပေါ်လာရသည် ဟု ယူသောဘာသာဖြစ်သည်။ အကျဉ်းအားဖြင့် ဖော်ပြပါ ဘာသာ ၂ပါးအပြင် အလတ်အားဖြင့် ဗြဟ္မဏဘာသာနှင့် ပုရဏဘာသာ မက္ခလိဘာသာ စသော တိတ္ထိဆရာကြီး ၆ဦး တို့၏ ဘာသာအားဖြင့် ၇ပါးရှိပြီး အကျယ်အားဖြင့် ၉၉ပါးရှိသည်ဟု ဆိုသည်။

**အိန္ဒိယဝါဒရှင်များနှင့် ဒဿနအချုပ်*
*****************************
အိန္ဒိယတိတ္တိယ ခေါ် ဝါဒရှင်များ၏ အယူအဆများကို လေ့လာသုံးသပ်လျှင် အချုပ်အားဖြင့် ဒဿနဆိုင်ရာ အတွေးအမြင် ၄မျိုးရှိသည်ကို တွေ့ရသည်။ ယင်း ၄မျိုးကား (1)အတ္တရှိဝါဒကို ကိုင်စွဲသည့် ဒဿနဂိုဏ်း။(2)အတ္တမရှိဝါဒက်ု ကိုင်စွဲသည့် ဒဿနဂိုဏ်း။(3)အတ္တရှိ မရှိ ၂မျိုးလုံးကို တပေ့င်းတည်းပြု၍ ကိုင်စွဲသည့် ဒဿနဂိုဏ်း။(4) အတ္တရှိ မရှိ ၂မျိုးလုံး တပေါင်းတည်းပြုထားသည်ကို ငြင်းပယ်သည့် ဒဿနဂိုဏ်း။ ယင်း ၄ဂိုဏ်းအနက် ထင်ရှားသောအရှိဝါဒရှင်များကား ဘုရားအလောင်းတော် ဒုက္ကရစရိယာကျင့်စဉ်က ပထမဦးဆုံး နည်းခံခဲ့သော အာဠာရကာလာမရသေ့နှင့် ဥဒကရာမပုတ္တရသေ့တို့ ဖြစ်သည်။ ဤရသေ့တို့သည် အလွန်ရှေးကျပြီး အရှိဝါဒကိုစွဲကိုင်သော သချာင်္ဒဿနဂိုဏ်းရှင်များ ဖြစ်သည် ဟုဆိုသည်။မရှိဝါဒကိုကိုင်စွဲသော ထင်ရှားသည့် ဝါဒရှင်မှာ အဇိတကေသကမ္ဗလ ဖြစ်သည်။ ရှိ မရှိ ၂မျိုးကိုတပေါငးတည်းပြု၍ စွဲကိုင်သော ထင်ရှားသည့်ဝါဒရှင်မှာ နိဂဏ္ဍနာဋပုတ္တ ဖြစ်သည်။ ရှိ မရှိဝါဒ ၂မျိုးလုံးကို တပေါင်းတည်းပြုထားသည်ကို ငြင်းပယ်သော ထင်ရှားသည့် ဝါဒရှင်ကား သဉ္စယဗေလဋ္ဌပုတ္တ ဖြစ်သည်ကို တွေ့ရှိရသည်။ ယင်း အယူဝါဒ ၄ရပ်ကို အကျယ်ချဲ့လျှင် ၆၂ပါးသော အယူဝါဒဖြစ်လာကြောင်း ဒီဃနိကာယ် ဗြဟ္မဇာလသုတ်၌ မြတ်စွာဗုဒ္ဓ ဟောထားသည်ကို

 တွေ့ရှိနိုင်သည်။

*မိစ္ဆာဒိဋ္ဌိ ၆၂ပါးအကျဉ်း**
*******************
(1) သဿတဒိဋ္ဌိ=ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် ၅မျိုးတို့တွင် တစ်ပါးပါးကို အတ္တဟုလည်းကောင်း လောကဟုလည်းကောင်း ယူပြီး ထိုအတ္တနှင့် လောကကို မြဲ၏ဟု ယူခြင်း ၄ပါး။

(2) ဧကစ္စသဿတဒိဋ္ဌိ=အတ္တနှင့် သင်္ခါရကို အချို့မြဲ အချို့မမြဲ ဟုယူခြင်း ၄ပါး။
(3)အန္တာနန္တဒိဋ္ဌိ=ပဋိဘာဂနိမိတ်ကို စကြာဝဠာအဆုံးတိုင်အောင် မပွားမူ၍ ထိုပဋိဘာဂနိမိတ်ကို လောကဟူ ယူကာ လောကသည် အဆုံးရှိ၏ ဟုယူပြီး ပဋိဘာဂနိမိတ်ကို စကြာဝဠာဆုံးတိုင်အောင် ပွားများ၍ လောကသည် အဆုံးမရှိ၏ ဟုယူခြင်း ၄ပါး။
(4) အမရာဝိက္ခေပဒိဋ္ဌိ= ဧဝန္တိပိ မေ နော စသောနည်းဖြင့် အဆုံးပိုင်းခြားကင်းသော အယူစကားဖြင့် ပစ်ချခြင်း တစ်နည်း အမရာမည်သော ငါးသည် ငုပ်ခြင်း ပေါ်ခြင်းအစွမ်းဖြင့် ရေ၌ပြေးသွား၍ ဖမ်းရန်မတတ်နိုင်သကဲ့သို့ ဤ အမရာဝိက္ခေပဝါဒသည်လည်း ထိုမှဤမှ ပြေးသွား၍ ဖမ်းယူရန်မလွယ်၍ အမရာဝိက္ခေပ ဟုခေါ်သော အယူ ၄ပါး။
(5) အဓိစ္စသမုပ္ပန္နဒိဋ္ဌိ= အကြောင်းကင်း၍ ဖြစ်၏ ဟုယူသော အယူ ၂ပါး။
(6)ဥဒ္ဓမာဃာတနသညီဒိဋ္ဌိ= သေသည်မှ အထက်၌ သညာရှိ၏ဟု ယူသော အယူ ၁၆ပါး။
(7) ဥဒ္ဓမာဃာတနအသညီ= သေသည်မှ အထက်၌ သညာမရှိဟု ယူသော အယူ ၁၈ပါး။
(8) ဥဒ္ဓမာဃာတနနေဝသညီနာသညီဒိဋ္ဌိ= သေသည်မှ အထက်၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ် ဟုယူသော အယူ၈ပါး။
(9) ဥစ္ဆေဒဒိဋ္ဌိ= သတ္တဝါသေလျှင်ပြတ်၏ဟု ယူသော အယူ၇ပါး။
(10) ဒိဋ္ဌဓမ္မနိဗ္ဗာနဒိဋ္ဌိ= မျက်မှောက် ဤအတ္တဘော၌ပင် ဒုက္ခငြိမ်း၏ ဟုယူသော အယူ ၅ပါး။စုစုပေါင်း မိစ္ဆာဒိဋ္ဌိ ၆၂ပါး ဖြစ်ပ့သည်။

(ဦးစိန်ထွန်း/သုတေသီ) ရေးသားသော စာအုပ်မှ ကောက်နှုတ်တင်ပြသည်။

No comments:

Post a Comment