မြန်မာတွေနေတဲ့
မြန်မာပြည်
************************
သစ်ပင်ကမ္ဘာ ၊ ရုက္ခရွာ၌
ရသာချိုမြ ၊ သီကင်းလှသည့်၊
ဗန္ဓရသရက်၊ ပင်ပျိုထက်ဝယ်
တွယ်ဖက်တက်လျှောက်၊ နွယ်ယှက်ပေါက်သည့်
ဂွေးတောက်ကပ်ပါး ၊ ပူးဝင်ပွား၍
တူးခါးဖန်သက် ၊ ရသာပျက်ကာ
မျိုးဆက်သိမ်ဖျုင်း ၊မျိုးပျက်ခြင်းကို
ထင်လင်းရှုမြင် ၊ပမာထင်၍
ဆင်ခြင်သုံးသပ်ကြည့်ပါလေ ။
လူတို့ကမ္ဘာ ၊ သတ္တရွာ၌
နေရာပိုင်းရှာ ၊ စည်းရိုးတား၍
မြေသားပထ၀ီ ၊ တိုင်းဌာနီဟု
တည်ရာပိုင်နက် ၊ နယ်မြေထက်ဝယ်
ဆက်ဆံချုပ်ခြား ၊ အုပ်စိုးလာလျှက်
ရှည်ကြာမှီတင်း ၊ နေထိုင်ရင်းမှ
သက်ဆင်းပေါက်ပွား ၊ နိုင်ငံသားတို့
မြေသားစဉ်ဆက် ၊ ပေါင်းနွယ်ဖက်ကြ
မျိုးဆက်တစ်ခု ၊ ၀ံသာနုကို
ပြုစုတည်တံ့ ၊ သွေးသန့်သန့်ဖြင့်
ခန့်ငြားထည်ဝါခဲ့ကြသည် ။
သို့သော်ခန့်ညား ၊ စည်းဝိုင်းတားလျှက်
နေငြားသော်လည်း ၊ လူ့ရွာထဲဝယ်
စည်းကွဲချိုးဖောက် ၊ တိုးဝင်နှောက်ပြီး
ဂွေးတောက်ပင်နှယ် ၊ ကပ်ပါးနွယ်၍
နယ်ကျော်ကြိုးရှုပ် ၊ အမျိုးဖြုတ်မည့်
သွေးစုပ်ရန်ဆွယ် ၊ အသွယ်သွယ်ကို
တွယ်ကပ်မှီခွဲ ၊ ရှိစမြဲတည့်
ဇွဲလုံးလပွား ၊ သတိထား၍
တရားသစ္စာ ၊ ဖြောင့်မှန်စွာဖြင့်
တာဝန်သယ်ပိုး ၊ စောင့်ကြပ်မိုးလော့။
မျိုးနွယ်ညံ့ဖျင်း ၊ သီငုံကင်းကာ
လူချင်းမျိုးဖုံ ၊ မျိုးမတုံးရေး
နှလုံးမြဲမြံ ၊ သန်ဒိဌာန်ဖြင့်
အားမာန်ဝင့်ကာ ၊ ကြူရင့်ပါအံ့
ကမ္ဘာအရှည် ၊ မြန်မာတည်၍
တည်သည့်ဒို့မြေ ၊ မြန်မာနေမည်
မိုးမြေသိမ့်သိမ့် တုန်စေသတည်း။
မြင့်ကြူနိုင် (မုံရွာ)
ဖိုးပညော(သပိတ်ကျင်း) ရေးသားသောဒို့အမျိုး ဒို့ဘာသာ
မကွယ်ပျောက်စေဖို့
စာအုပ်မှ ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်။
No comments:
Post a Comment