လူ.ဘဝဂုဏ်ရည်(၆)ချက်
လူ.ဘဝဂုဏ်ရည်(၆)ချက်
*******************
(၁)ဘုရားသာသနာနဲ.တွေ.ကြုံရခြင်းဘုရားသာသနာနဲ.တွေ.ရရင် လူဖြစ်ရကျိုးနပ်ပြီ၊ လူရဲ.လုပ်ပိုင်ခွင့် အကုန်လုံးရပြီ၊လုပ်ပိုင်ခွငင့်သုံးလို.ရရင်
ခံစားခွင့်လည်း လိုသလောက် ရမှာပေါ့။
သာသနာနဲ.မတွေ.တဲ့အခါ လူရဲ.လုပ်ပိုင်ခွင့်ဆိုတာ ကျန်နေတတ်တယ်။
ဟာနေတတ်တယ်။ဒါကြောင့် ဘုရားသာသနာနဲ.တွေ.ပြီဆိုရင် အဲဒါလူ.ဘဝဂုဏ်ရည် တစ်ချက်ပဲ။
(၂)မိကောင်း၊ဖကောင်း၊ဆရာကောင်း၊သမားကောင်း စတဲ့အမှီကောင်းတွေနဲ. တွေ.ကြုံခွင်.ရကြခြင်း။ပုထုဇဉ်ဆိုတာ ကိုယ့်အသိနဲ.ကိုယ်၊ကိုယ့်သဘောနဲ.ကိုယ် သွားလို.မရဘူး။ဘုရားနဲ.ပစ္စေကဗုဒ္ဓါကလွဲရင် ပညာရှိသူတော်ကောင်းများရဲ. လမ်းညွှန်ချက်မပါပဲ ရှေကိုသွားလို.မရဘူး၊မဂ်ဖိုလ်ကို
မရနိုင်ဘူး၊အပေါ်ကို တက်လို. မရဘူး၊ ပညာရှိသတော်ကောင်းတို.ရဲ. လမ်းညွှန်ချက်
အမြဲလိုတယ်။ဒါကြောင့် လူ.ဘဝ ဒုတိယဂုဏ်ရည်က မိကောင်း၊ဖကောင်း၊ဆရာကောင်း၊သမားကောင်း စသည့် အမှီကောင်းတွေနဲ. တွေ.ကြုံရခြင်း ဖြစ်တယ်။
ဒါကကုသိုလ်ခေါ်တယ်၊ဒါက အကုသိုလ်ခေါ်တယ်၊ဒါကလုပ်ရတယ်၊ဒါကမလုပ်ရဘူး၊ဒီလိုလုပ်ရင် ဒါမျိုးဖြစ်တယ်၊ဒီလိုဖြစ်စေချင်ရင် ဒီလိုလုပ်ရတယ်။ ဒါက သာသနာခေါ်တယ်။ဒါကရတနာခေါ်တယ်၊စသည်ဖြင့် ကြောင်းကျိုးပြ လမ်းညွှန်ပေးတတ်တဲ့ ပညာရှိသူတော်ကောင်းတွေနဲ.တွေ.ကြုံရပြီဆိုရင် ဒါကလည်း လူ.ဘဝရဲ.ဂုဏ်ရည်တစ်ချက်ပဲ။
(၃)တရားရှိတဲ့နေရာ၊ ရတနာသုံးပါးထွန်းကားတဲ့နေရာ၊သာသနာရှိတဲ့နေရာမှာ ဖြစ်ခွင့်နေခွင့်ရခြင်း၊မြန်မာပြည်မှာ ဘယ်ကုသိုလ်မဆို အချိန်မရွေး ပြုလုပ်အားထုတ်ခွင့်ရှိနေတယ်။ဒါလည်းလူ.ဘဝဂုဏ်ရည်တစ်ချက်ပဲ။
(၄)ရုပ်ပိုင်းဆိုင်ရာ ခန္ဓာတည်ဆောက်မှုပြည့်စုံခြင်း၊မျက်စေ့ကောင်းတယ်၊နားကောင်းတယ်၊ခြေကောင်းတယ်၊လက်ကောင်းတယ်၊ကျန်းမာရေးကောင်းတယ်၊တစ်ကိုယ်လုံးသုံးလို.ရတယ်၊ ဒါလည်း လူ.ဘဝဂုဏ်ရည် တစ်ချက်ပဲ။
(၅)စိတ်ပိုင်းဆိုင်ရာ ခန္ဓာတည်ဆောက်မှု ပြည့်စုံခြင်း၊သမ္မာဒိဋ္ဌိစစ်စစ်ဖြစ်ခြင်း၊ သဒ္ဓါတရား အားကောင်းခြင်း၊သူများကိုချမ်းသာစေချင်တဲ့ မေတ္တာတရားထားတတ်ခြင်း၊သူများအပေါ်ကိုယ်ချင်းစာတတ်တဲ့ သနားကြင်နာတတ်တဲ့ ဂရုဏာတရားထားတတ်ခြင်း၊သူများတွေ ချမ်းသာကြတာကို ကိုယ်ချမ်းသာသလို ဝမ်းသာတတ်တဲ့ မုဒိတာတရားထားတတ်ခြင်း၊မှန်ကန်တဲ့စေတနာ ကောင်းကောင်းထားတတ်ခြင်း၊စသည်ဖြင့် လူလိမ္မာလို.ခေါ်ဆိုလို.ရတဲ့ စိတ်ပိုင်းဆိုင်ရာ ခန္ဓာတည်ဆောက်မှု ပြည့်စုံတယ်ဆိုလို.ရှိရင် ဒါလည်း လူ.ဘဝဂုဏ်ရည်တစ်ချက်ပဲ။
(၆)ကုသိုလ်တရားကို အလွန်လိုချင်တဲ့ ကုသိုလ်ဆန္ဒပြင်းပြတဲ့ အမျိုးကောင်းသား၊သမီး ဖြစ်ရခြင်း၊ကုသိုလ်ကို သိပ်လိုချင်တယ်။ကုသိုလ်နဲ.လူ ခွဲလို.မရ။ဘာလို.တုန်းဆိုရင် ကုသိုလ်လည်းရ၊ဝမ်းလည်းဝ လမ်းစဉ်နဲ.သွားမှ၊ကုသိုလ်မရ ဝမ်းသာဝတဲ့ လမ်းနဲ.သွားရင် တိမ်းကုန် မှောက်ကုန်မယ်။ပစ္စုပ္ပန်မှာ ဘာပဲရှိရှိ ရှိသမျှနဲ. ချမ်းသာအောင် နေတတ်မှာမဟုတ်ဘူး။ဒါကြောင့် တွေ.သမျှနဲ. ချမ်းသာအောင်နေတတ်ဖို.အခြေအနေပေးသမျှနဲ. ငြိမ်းအေးအောင်နေတတ်ဖို.ဆိုတာ တရားလည်းလိုတယ်။အဲဒီလို သိပြီးတော့ ကုသိုလ်တရားကို သိပ်လိုချင်ရမယ်။ယခုကြုံတွေ.နေရတဲ့
အချိန်၊ကာလ၊ဘဝတွေဟာဖေါ်ပြပါ အခြေအနေတွေ အားလုံးပြည့်စုံအောင် လုပ်လို.ရတဲ့
အချိန်ပဲ မဟုတ်ပါလား ဓမ္မာ့မိတ်ဆွေတို.။ ဂုဏ်ရည်အားလုံးပြည့်စုံအောင် ကြိုးစားကြပါစို.လို. တိုက်တွန်းလျှက်...
တိပိဋ္ဋကယောဆရာတော်ဘုရားကြီး၏ ကုသိုလ်လည်းရ၊ဝမ်းလည်းဝ စာအုပ်မှ ပြန်လည်မျှဝေသည်။
No comments:
Post a Comment