သာသနာ့အတွင်းပိုး
*****************
ဗုဒ္ဓဘာသာဝင်တိုင်းဟာ
သာသနာတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့
အထက်ကပြောခဲ့သော အပြင်ပိုး မထိုးနိုင်အောင်လည်း
ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်သလို
အတွင်းပိုးမထိုးနိုင်အောင်လည်း
ကာကွယ်စောင့်ရှောက်ကြရမှာ
ဖြစ်ပါတယ်။
သာသနာ့အတွင်းပိုးဆိုတာ
ယခုခေတ်ကာလ လုပ်စားနေကြတဲ့ ဘိုးတော်၊ ဗေဒင်
အိမ်ဦးတင်နေကြတဲ့ကိစ္စ
ဖြစ် ပါတယ်။ အဲဒီအယူအဆတွေဟာ
ဗုဒ္ဓသာသနာတော်မြတ်ကြီးကို တိုက်ရိုက်မဖျက်ဆီးနိုင်ပေမဲ့
ဗုဒ္ဓအယူဝါဒကို ကိုးကွယ်ယုံကြည်တဲ့နေရာမှာ သန့်ရှင်းကြည်လင်မှု
မရှိနိုင်တဲ့အတွက် ပျက်စီးရာ
ပျက်စီးကြောင်း
လမ်းမှားတွေပဲ ဖြစ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓသာသနာဆိုတာ-
ဗုဒ္ဓေါ မေ သရဏံ
အညံ နတ္ထိ ဘုရားမှတစ်ပါး ကိုးကွယ်ရာ မရှိ။
ဓမ္မော မေ သရဏံ အညံ နတ္ထိ တရားမှတစ်ပါး ကိုးကွယ်ရာ မရှိ။
သံဃော မေ သရဏံ အညံ နတ္ထိ သံဏာမှတစ်ပါး ကိုးကွယ်ရာ မရှိ။
ဆိုတာတွေပဲ ဖြစ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓသာသနာစစ်စစ်ဟာ ရတနာသုံးပါးမှတစ်ပါး
အခြားထွေထွေရာရာတွေကို
ကိုးကွယ်စရာ မလိုပါဘူး။
ရတနာသုံးပါးကိုသာ ယုံယုံကြည်ကြည်နဲ့ နှစ်နှစ်ကာကာ
ကိုးကွယ်ဖို့ပဲလိုပါတယ်။
နတ်ကိုးကွယ် မှု ဘိုးတော်ကို
အားကိုးမှု ဗေဒင်ကို ယုံကြည်မှုတွေ ရှိနေကြတဲ့အတွက် ဂေါတမဗုဒ္ဓကို
အမျိုးမျိုး ပုံစံသွင်းပြီး ခုတုံးလုပ် ခံနေတာဟာ
ရင်နင့်စရာကောင်းလှပါတယ်။
အချို့သောနေရာများနဲ့ ဂျာနယ်မဂ္ဂဇင်းတွေမှာ
အခါအားလျော်စွာ
တွေ့ရတတ်ပါတယ်။ဆင်ခံဘုရား၊
အင်းခံဘုရား မြွေဘုရား လက်ဖက်ခြောက်ဘုရား စသော
ဆင်းထုတော်အမျိုးမျိုးတွေဟာ
ဘိုးတော် ဗေဒင်တွေရဲ့
လက်ချက်သာ ဖြစ်ပါတယ်။
ဘိုးတော်၊ ဗေဒင်၊ မယ်တော်၊ ၀ိဇ္ဇာ၊ နတ်၊ စတာတွေကို မိရိုးဖလာ
ထုံးတမ်းစဉ်လာအရ ယုံကြည်မှု၊ ကိုးကွယ်မှု၊ ရှိနေတာကို
အပြစ်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့
ဘာသာရေးနဲ့ ရောထွေးမှု
မရှိစေဖို့ အရေးကြီးပါတယ်။
ဒီလိုအယူအဆတွေဟာ အချိန်ကြာလာတဲ့အခါ
အသိအမြင်လွဲမှားတဲ့ နောင်လာနောင်သားတွေအဖို့
ဘာသာရေးအသွင်ကို ကူးပြောင်းသွားတတ်ပါတယ်။
ထေရ၀ါဒဗုဒ္ဓသာသနာနှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက်ဖြစ်နေတဲ့
အဲဒီအလွဲမှားတဲ့ အယူအဆတွေကို မိမိတို့ရင်သွေးငယ်များကပါ
လက်ခံယုံကြည် ကျင့်သုံးသွားမယ်ဆိုပါက
ရရှိလာမဲ့
အကျိုးဆက်ကတော့ ဗုဒ္ဓဘာသာရဲ့ ပျက်စီးရာ ပျက်စီးကြောင်းဖြစ်တဲ့
အနီးကပ်ဆုံးအန္တရာယ်ပါပဲ
ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်များအနေနဲ့ အမှားကို
အမှားမှန်းသိပါလျက် ရှေ့ဆက်မှားနေဦးမယ်ဆိုပါက
“ ပိုးဖလံမျိုး
မီးကိုတိုး “ ဆိုသလို ကိုယ်ကျိုးနည်းကမှာ
မိမိတို့သာလျှင်
ပထမဦးဆုံးဖြစ်ပါတယ်။ မှားသောအယူကိုယူခြင်းဟာ
မိစ္ဆာဒိဌိဖြစ်ပါတယ်။
မိစ္ဆာဒိဌိဟာ အကုသိုလ်စာရင်းများမှာ
ပါဝင်တဲ့အတွက် အပြစ်နဲ့တကွဖြစ်ခြင်း၊
မကောင်းသောအကျိုးကိုပေးခြင်း
စသော
ဆိုးကျိုးတွေကိုသာ ဖြစ်စေပါတယ်။
ကောင်းမွန်မှန်ကန်သောအယူကို ယူခြင်းဟာ သမ္မာဒိဌိ ဖြစ်ပါတယ်။
သမ္မာဒိဌိဟာ ကုသိုလ်စာရင်းမှာ ပါဝင်တဲ့အတွက်
အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းများကို ဖြစ်စေပါတယ်။
ကောင်းကျိုး
မကောင်းကျိုးပေးတယ်ဆိုတဲ့ နေရာမှာ ပစ္စုပ္ပန်၊
သံသရာ နှစ်မျိုးရှိပါတယ်။
တစ်ချို့ကျတော့
ယခု ပစ္စုပ္ပန်ဘ၀ကတည်း ကောင်းကျိုး
မကောင်းကျိုးတွေကို ခံစားရပါတယ်။
တစ်ချို့ကျတော့
နောင်သံသရာဘ၀တွေ ရောက်မှသာ ခံစားရပါတယ်။
ဒါကြောင့်မို့ ပစ္စုပ္ပန်လုပ်ဆောင်ချက် မှန်ကန်ဖို့ အရေးကြီးပါတယ်။
ပစ္စုပ္ပန်လုပ်ဆောင်ချက် မမှန်ကန်ဘူးဆိုရင် သံသရာအတွက်ပါ
နစ်မွန်းစရာဖြစ်သွားတတ်ပါတယ်။
ဘိုးတော၊် ဘွားတော၊်
နတ်ကတော်၊ ၀ိဇ္ဇာ ၊ ဘိုးဘိုးအောင်၊ ဘိုမင်းခေါင် ၊ သူရဿတီ
၊ ရွှေဖျဉ်းညီနောင် စတာတွေဟာ လူတို့အတွက်
အကျိုးမဲ့ကိုသာ ဖြစ်စေပါတယ်။
စစ်မှန်သော ရတနာသုံးပါးနဲ့ ကံ ကံ၏အကျိုးကို ယုံကြည်ပြီး
စည်းကမ်းတကျ လိုက်နာကျင့်သုံးမှသာလျှင် ဘ၀ငြိမ်းချမ်းရေးနှင့်
သံသရာမှ လွတ်မြောက်ရေးတို့ကို
လွယ်ကူစွာ
လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် သာသနာကို အမှီပြုပြီး
ကပ်ပါးလုပ်စားနေကြတဲ့
သာသနာ့အတွင်းပိုးများကို
ဗုဒ္ဓဘာသာဝင်တိုင်း ဝေးဝေးကနေ ရှောင်ကြဉ်ရမှာ ဖြစ်နေတယ်….။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ
စစ်မှန်သောဘာသာ
သာသနာကို တွေ့နေကြပါလျက် အခြားသော
အယူအဆများကို အားကိုးမှားနေမယ်ဆိုပါက မြွေပွေး
ခါးပိုက်ပိုက်သလိုမျိုး
အလွန်အန္တရာယ် ကြီးမားလွန်းလှပါတယ်….။
ဗုဒ္ဓဘာသာဝင်တိုင်း အခုလိုစစ်မှန်သော ဗုဒ္ဓဘာသာကို
ကိုးကွယ်ဆည်းကပ်နေရတာဟာ
မိဘဘိုးဘွား
ဆရာသမားတို့ရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ မိဘဘိုးဘွား
ဆရာသမားတွေဟာ
လူမျိုးရေးနဲ့ ဘာသာရေးတွေကိုပါ
မပျောက်မပျက်အောင်
ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ကြသလို
မျိုးဆက်သစ် လူငယ်တွေရဲ့ လက်အတွင်းကိုလည်း
တာဝန်ကျေပြွန်စွာ ပေးအပ်နိုင်ခဲ့ကြပါတယ်…။
အဲဒီလိုပါပဲ…..။ မျိုးဆက်လူငယ်တွေကလည်း မိမိတို့
လက်ဝယ်အတွင်းကို
ရောက်ရှိနေသော အမျိုးဘာသာ သာသနာကို
မပျောက်မပျက်အောင်
ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို
နောင်လာမဲ့ မျိုးဆက်သစ်
လူငယ်များထံကိုလည်း စစ်မှန်သောအယူဝါဒကို သံသယကင်းရှင်းစွာ
ကိုးကွယ်ဆည်းကပ်နိုင်အောင်
ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါတယ်….။
အဲဒီလို တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း လက်ဆင့်ကမ်းကာ
သယ်ဆောင်သွားမှသာလျှင်
ထေရ၀ါဒ သာသနာတော်မြတ်ကြီးနှင့်
တိုင်းရင်းမြန်မာလူမျိုးတွေဟာ
ကမ္ဘာရှည်သရွေ့တည်တံ့ခိုင်မြဲနေမှာ
ဖြစ်ပါတော့တယ်…..။
**** အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့ ****
အပင်ပေါက်စ ညောင်ပင်လေးကို
ငယ်သေးတယ်ဆိုပြီး အထင်မသေးလိုက်ပါနဲ့။
ကြာလာလျှင် ကြီးမားသော သစ်ပင်ကြီးကိုလည်း
ဝါးမြိုသွားနိုင်ပါတယ်….။
မြန်မာမိန်းကလေးတွေ
လူမျိုးခြား ဘာသာခြားတွေနှင့်
အိမ်ထောင်ပြုနေကြတာကိုလည်း
ပေါ့ပေါ့ဆဆ မနေလိုက်ကြပါနဲ့ ……။
ကြာလာလျှင် လူမျိုးရော ဘာသာပါ
ပျောက်သွားနိုင်ပါတယ်……။
က္ကုဒံမေ ပုညံ သဗ္ဗာဒုက္ခာ ပရိမုစ္ဆဿာမိ။
မှတ်ချက်။ ။ ။
။ ဤဆောင်းပါးသည် ထေရ၀ါဒ
ဗုဒ္ဓဘာသာတည်တံ့ပြန့်ပွားရေးနှင့်
တိုင်းရင်းသား မြန်မာလူမျိုး တည်တံ့ခိုင်မြဲရေးကို
ရည်ညွှန်းပါသည်။
မူရင်း။ ။ ။ ။
အဂ္ဂပူဇော်စာစောင်
အရှင်ပညောဘာသ ရေးသားသော “ အမျိုးကိုချစ် ဘာသာကိုမပစ်နဲ့
“
စာအုပ်မှ ပြန်လည်ရေးသား တင်ပြအပ်ပါသည်…..။
ရေးသားဖော်ပြပေးတာ ကျေးဇူးအထူးတင်ပါတယ်ဗျာ...
ReplyDelete