/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, December 14, 2013

******ကုသိုလ် ရတယ်ဆိုတာ*****

Photo: ကုသိုလ် ရတယ်ဆိုတာ
*********************

       ကုသိုလ်ကို ပါဠိလို ပုညလို့ခေါ်တယ်၊ ပုညဆိုတာ ညစ်ပတ်ပေကျံနေတဲ့စိတ်ကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်တတ်တယ်လို့ အဓိပ္ပါယ်ရတယ်၊ မိမိတို့ စိတ်သန္တာန်မှာ အကုသိုလ်ကိလေသာ အမည်းအညစ်တွေက အနမတဂ္ဂ သံသရာက ပေကျံပါလာတာဆိုတော့ မိမိစိတ်ဟာ မည်းညစ်ပေရေနေတာပဲ၊ ဒီအမည်းအညစ်တွေ သန့်ရှင်းသွားအောင်၊ စင်ကြယ်သွားအောင်၊ ဖြူစင်သွားအောင် သန့်ရှင်းပေး၊ သုတ်သင် ဆေးကြောပေးတာ ကုသိုလ်ပဲ။

        အဝတ်တွေ မည်းညစ်ပေရေနေရင် ဆပ်ပြာနဲ့ လျှော်ရဖွပ်ရတယ်၊ ဆပ်ပြာနဲ့လျှော်လိုက် ဖွပ်လိုက်တဲ့အခါ အဝတ်တွေဟာ သန့်ရှင်းဖြူစင်သွားတယ်၊ ဒီလိုပဲ၊ မိမိစိတ်ကို သန့်ရှင်းဖြူစင်အောင် ဒါန သီလ ဘာဝနာ ကုသိုလ်တွေပြု လျှော်ဖွပ်ပေးရတယ်၊ ဒီလိုဆိုတော့ ဒါန သီလ ဘာဝနာကုသိုလ်တွေကို ဆပ်ပြာလို့ ခေါ်ရမယ်၊ တစ်နည်း ချွတ်ဆေးလို့ ခေါ်ရမယ်။

        ဒါနဘာလို့ပြုလဲဆိုရင် ကုသိုလ်လိုချင်လို့ပြုတာ၊ သီလ ဘာလို့ဆောက်တည်လဲ၊ ကုသိုလ်လိုချင်လို့ ဆောက်တည်တာ၊ ဘာဝနာ ဘာလို့ပွားလဲ၊ ကုသိုလ် လိုချင်လို့ပွားတာ၊ ကုသိုလ်လိုချင်လို့ ဒါန သီလ ဘာဝနာ ကုသိုလ်တွေပြုတယ် ဆိုတော့ ကုသိုလ်ရလားမေးရင် ကုသိုလ်ရတယ်၊ ကုသိုလ်ဘယ်လိုရလဲဆိုတော့ ကုသိုလ်စိတ်ကလေး ရလိုက်တာပဲ။

       ကုသိုလ်စိတ်ဆိုတာ ဖြူစင်တဲ့စိတ်ဆိုတော့ ဖြူစင်တဲ့စိတ်ကလေး ဖြစ်သွားတာကိုပဲ ကုသိုလ်ရတယ်လို့ခေါ်တယ်၊ `` ကုသိုလ်ထုပ် ´´ လို့ ကုသိုလ်ကို အထုပ်အထည်နဲ့ တင်စားခေါ်ကြတယ်၊ တကယ့်တော့ ကုသိုလ်ပြုတဲ့အချိန် ဖြူစင်တဲ့စိတ်ကလေး ရလိုက်တာဟာ ကုသိုလ် ရတာပါပဲ။

        ပုထုဇဉ်ရဲ့ သန္တာန်မှာ အကုသိုလ်က တပ်စွဲနေရာယူထားတော့ ပုထုဇဉ်ဆိုတာ မောင်မဲ+မယ်မဲ၊ ဦးမဲ+ဒေါ်မဲ ပဲ၊ မောင်ဖြူ+မယ်ဖြူ၊ ဦးဖြူ+ဒေါ်ဖြူဖြစ်အောင် အကုသိုလ်တွေကို ကုသိုလ်နဲ့ တိုက်ထုတ်နေရတာ၊ မောင်ဖြူ+မယ်ဖြူ၊ ဦးဖြူ+ဒေါ်ဖြူဆိုတာ အရိယာကိုပြောတာ၊ အရိယာဆိုတာ ဖြူစင်သူပဲ၊ ကုသိုလ်ပြုတယ်ဆိုတာ အရိယာလမ်းစဉ်ပဲ။

         စိတ်ဆိုတာ ကုသိုလ်ပြုတဲ့အချိန်လေး ဖြူစင်တာပဲ၊ သာမန်ကိုယ့်ဟာကို အေးအေးဆေးဆေးနေတာ အကုသိုလ်  အကြမ်းစားတွေ မဖြစ်ပေမယ့် တွေဝေမိန်းမောနေတဲ့ မောဟ အကုသိုလ်၊ စိတ်တွေ ဟိုရောက်ဒီရောက် ပျံလွင့်နေတဲ့ ဥဒ္ဓစ္စ အကုသိုလ်၊ ငါလို့ထင်မှတ်နေတဲ့ ဒိဋ္ဌိ အကုသိုလ် တွေကတော့ အချိန်ပြည့်ဖြစ်နေတာပဲ။

         ကုသိုလ်ဆိုတာ လုပ်ယူမှရတာ၊ အကုသိုလ်က လုပ်မယူရဘဲ အလိုအလျောက် ဖြစ်နေတာ၊ ကုသိုလ်က တန်ဖိုးကြီး သစ်ပင်နဲ့တူတယ်၊ အကုသိုလ်က အသုံးမဝင်တဲ့ ပေါင်းပင်၊ မြက်ပင်တွေနဲ့ တူတယ်၊ တန်ဖိုးကြီးသစ်ပင်တွေဟာ သေသေချာချာ ဂရုတစိုက် စိုက်ပျိုးယူရတာ၊ ပေါင်းပင်၊ မြက်ပင်တွေက စိုက်စရာမလိုဘဲ အလိုအလျောက် ပေါက်နေကြတာ၊ ခုတ်လို့ ရှင်းလို့ကို မနိုင်နိုင်အောင်ဘဲ၊ ကုသိုလ်နဲ့ အကုသိုလ်က ဒီသဘောရှိတယ်။ ။

  ဖြစ်သော် သန့်ရှင်း
  အပြစ်ကင်း၍
  ကောင်းခြင်းသုခ
  ကျိုးပေးက
  ကုသလဟုခေါ်။
  ဖြူစင်သန့်ရှင်း
  အပြစ်ကင်း၍
  ကောင်းခြင်း စိတ်အစဉ်
  ဖြစ်သွားလျှင်
  ကုသိုလ် ရခြင်းပင်။


  အရှင်သံဝရာလင်္ကာရ
  ဓမ္မပိယဆရာတော်


ကုသိုလ် ရတယ်ဆိုတာ
******************
ကုသိုလ်ကို ပါဠိလို ပုညလို့ခေါ်တယ်၊ ပုညဆိုတာ ညစ်ပတ်ပေကျံနေတဲ့စိတ်ကို ဖြူစင်သန့်ရှင်းအောင် သုတ်သင်တတ်တယ်လို့ အဓိပ္ပါယ်ရတယ်၊ မိမိတို့ စိတ်သန္တာန်မှာ အကုသိုလ်ကိလေသာ အမည်းအညစ်တွေက အနမတဂ္ဂ သံသရာက ပေကျံပါလာတာဆိုတော့ မိမိစိတ်ဟာ မည်းညစ်ပေရေနေတာပဲ၊ ဒီအမည်းအညစ်တွေ သန့်ရှင်းသွားအောင်၊ စင်ကြယ်သွားအောင်၊ ဖြူစင်သွားအောင် သန့်ရှင်းပေး၊ သုတ်သင် ဆေးကြောပေးတာ ကုသိုလ်ပဲ။

အဝတ်တွေ မည်းညစ်ပေရေနေရင် ဆပ်ပြာနဲ့ လျှော်ရဖွပ်ရတယ်၊ ဆပ်ပြာနဲ့လျှော်လိုက် ဖွပ်လိုက်တဲ့အခါ အဝတ်တွေဟာ သန့်ရှင်းဖြူစင်သွားတယ်၊ ဒီလိုပဲ၊ မိမိစိတ်ကို သန့်ရှင်းဖြူစင်အောင် ဒါန သီလ ဘာဝနာ ကုသိုလ်တွေပြု လျှော်ဖွပ်ပေးရတယ်၊ ဒီလိုဆိုတော့ ဒါန သီလ ဘာဝနာကုသိုလ်တွေကို ဆပ်ပြာလို့ ခေါ်ရမယ်၊ တစ်နည်း ချွတ်ဆေးလို့ ခေါ်ရမယ်။

ဒါနဘာလို့ပြုလဲဆိုရင် ကုသိုလ်လိုချင်လို့ပြုတာ၊ သီလ ဘာလို့ဆောက်တည်လဲ၊ ကုသိုလ်လိုချင်လို့ ဆောက်တည်တာ၊ ဘာဝနာ ဘာလို့ပွားလဲ၊ ကုသိုလ် လိုချင်လို့ပွားတာ၊ ကုသိုလ်လိုချင်လို့ ဒါန သီလ ဘာဝနာ ကုသိုလ်တွေပြုတယ် ဆိုတော့ ကုသိုလ်ရလားမေးရင် ကုသိုလ်ရတယ်၊ ကုသိုလ်ဘယ်လိုရလဲဆိုတော့ ကုသိုလ်စိတ်ကလေး ရလိုက်တာပဲ။

ကုသိုလ်စိတ်ဆိုတာ ဖြူစင်တဲ့စိတ်ဆိုတော့ ဖြူစင်တဲ့စိတ်ကလေး
 ဖြစ်သွားတာကိုပဲ ကုသိုလ်ရတယ်လို့ခေါ်တယ်၊ `` ကုသိုလ်ထုပ် ´´ လို့ ကုသိုလ်ကို အထုပ်အထည်နဲ့ တင်စားခေါ်ကြတယ်၊ တကယ့်တော့ ကုသိုလ်ပြုတဲ့အချိန် ဖြူစင်တဲ့စိတ်ကလေး ရလိုက်တာဟာ ကုသိုလ် ရတာပါပဲ။

ပုထုဇဉ်ရဲ့ သန္တာန်မှာ အကုသိုလ်က တပ်စွဲနေရာယူထားတော့ ပုထုဇဉ်ဆိုတာ မောင်မဲ+မယ်မဲ၊ ဦးမဲ+ဒေါ်မဲ ပဲ၊ မောင်ဖြူ+မယ်ဖြူ၊ ဦးဖြူ+ဒေါ်ဖြူဖြစ်အောင် အကုသိုလ်တွေကို ကုသိုလ်နဲ့ တိုက်ထုတ်နေရတာ၊ မောင်ဖြူ+မယ်ဖြူ၊ ဦးဖြူ+ဒေါ်ဖြူဆိုတာ အရိယာကိုပြောတာ၊ အရိယာဆိုတာ ဖြူစင်သူပဲ၊ ကုသိုလ်ပြုတယ်ဆိုတာ အရိယာလမ်းစဉ်ပဲ။

စိတ်ဆိုတာ ကုသိုလ်ပြုတဲ့အချိန်လေး ဖြူစင်တာပဲ၊ သာမန်ကိုယ့်ဟာကို အေးအေးဆေးဆေးနေတာ အကုသိုလ် အကြမ်းစားတွေ မဖြစ်ပေမယ့် တွေဝေမိန်းမောနေတဲ့ မောဟ အကုသိုလ်၊ စိတ်တွေ ဟိုရောက်ဒီရောက် ပျံလွင့်နေတဲ့ ဥဒ္ဓစ္စ အကုသိုလ်၊ ငါလို့ထင်မှတ်နေတဲ့ ဒိဋ္ဌိ အကုသိုလ် တွေကတော့ အချိန်ပြည့်ဖြစ်နေတာပဲ။

ကုသိုလ်ဆိုတာ လုပ်ယူမှရတာ၊ အကုသိုလ်က လုပ်မယူရဘဲ အလိုအလျောက် ဖြစ်နေတာ၊ ကုသိုလ်က တန်ဖိုးကြီး သစ်ပင်နဲ့တူတယ်၊ အကုသိုလ်က အသုံးမဝင်တဲ့ ပေါင်းပင်၊ မြက်ပင်တွေနဲ့ တူတယ်၊ တန်ဖိုးကြီးသစ်ပင်တွေဟာ သေသေချာချာ ဂရုတစိုက် စိုက်ပျိုးယူရတာ၊ ပေါင်းပင်၊ မြက်ပင်တွေက စိုက်စရာမလိုဘဲ အလိုအလျောက် ပေါက်နေကြတာ၊ ခုတ်လို့ ရှင်းလို့ကို မနိုင်နိုင်အောင်ဘဲ၊ ကုသိုလ်နဲ့ အကုသိုလ်က ဒီသဘောရှိတယ်။ ။


ဖြစ်သော် သန့်ရှင်း
အပြစ်ကင်း၍
ကောင်းခြင်းသုခ
ကျိုးပေးက
ကုသလဟုခေါ်။
ဖြူစင်သန့်ရှင်း
အပြစ်ကင်း၍
ကောင်းခြင်း စိတ်အစဉ်
ဖြစ်သွားလျှင်
ကုသိုလ် ရခြင်းပင်။



အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်) ဟောကြားသော တရားတော်မှ  ခံစားမျှဝေသည်။
 

No comments:

Post a Comment