/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, December 14, 2013

*မဟာယာနတို့၏ တန္တရ မန္တရအယူအဆများ*

Photo: *မဟာယာနတို့၏ တန္တရ မန္တရအယူအဆများ*
******************
တန္တရ ဟူသည်မှာ ဥာဏ်ပညာ ဟုအဓိပ္ပာယ်ရသည်။ အချို့က ဂါထာမန္တရား အင်းအိုင်ခါးလှဲ့ လက်ဖွဲ့ စသည်ကို ဖော်ပြသော ကျမ်းစာ ဟု အဓိပ္ပာယ်ကောက်ကြသည်။ တန္တရအယူ ဟူသည်မှာ ဂါထာမန္တရား များသည် လောကီဥာဏ်ပညာမှစ၍ လောကုတ္တရာဥာဏ်ပညာအထိ ရစေနိုင်သည် ဟု ယူဆသောအယူ ဖြစ်သည်။ တစ်ဖန် ယင်းဂါထာမန္တရားများကို ရွတ်ဖတ်ခြင်းဖြင့် လောကီကောင်းကျိုးချမ်းသာများကို သာမက နတ်ရွာချမ်းသာမှသည် မဂ် ဖိုလ် နိဗ္ဗာန် ချမ်းသာအထိ ရရှိစေနိုင်သည် ဟု အယူရှိပြန်သောကြောင့် မန္တရ ဟူ၍လည်း ခေါ်ပြန်သည်။ ထေရဝါဒဗုဒ္ဓဘာသာ၌ အသုံးပြုသော ပရိန်တော်များသည် ဘုရားရဟန္တာတို့၏ သီလ မေတ္တာ ဂရုဏာ စသော တန်ခိုးများကိုမူတည်၍ သစ္စာဆိုခြင်း အဓိဋ္ဌာန်ပြုခြင်းဖြင့် ဘေးအန္တရာယ် ကင်းရသည်ဟု အယူရှိကြသည်။ မဟာယာနအနွယ် တန္တရ မန္တရ အယူရှိသူများမှာကား ဂါထာမန္တရ ရွတ်ဆိုရုံဖြင့် မကောင်းမှု အကုသိုလ်ကံများ ပပျောက်သည်။ ငရဲကျမည့်ဘေးမှ လွတ်သည်။ အကုသိုလ်များကို ရှောင်ခြင်း ကုသိုလ်ပြုခြင်း သီလဆောက်တည်ခြင်းများ မလို။ မန္တာန်ရွတ်ရုံသာ လိုသည် ဟု အယူရှိကြသည်။ အမှန်မှာ မဟာယာနတို့သည် ၎င်းတို့ကျမ်းများ ကျယ်ပြန့်၍ သိရန်မလွယ်သောကြောင့် သုတ် တစ်သုတ်စီ တစ်သုတ်စီကို ၂ပိုင်း ၃ပိုင်း စသည်ဖြင့် ဆောင်ရွက်ကျက်မှတ်လွယ်ရန် အပိုင်းငယ်(ဓာရဏီ)များ ပြုလုပ်ခဲ့ကြသည်။ တစ်ဖန် ထိုအပိုင်းငယ် (ဓာရဏီ)များကိုပင် ထပ်မံချုံး၍ မန္တရား(မန္တာန်)များကို စီရင်ကြပြန်ရာမှ တန္တရ မန္တရ အယူအဆများ ပေါ်လာရတော့သည်။ အဆိုတစ်ရပ်ကမူ ယောဂါစာရဂိုဏ်းသည် ဝိညာဉ်ကိုဦးစားပေး၍ ဝိညာဉ်တိုးတက်ရန် ဘာဝနာပွားနည်းများကို အရေးထားဖော်ပြရာမှ တန္တရ မန္တရ အယူအဆ ပေါ်လာရပြီး ဓာရဏီ ခေါ်သော ပရိတ်အမျိုးမျိုးနှင့် မန္တာန်များ မဏ္ဍလ ခေါ် စက်ဝိုင်းတွင်းရှိ ရုပ်ပုံများ တြိဂံပုံ စသောအင်းကွက်များသည် သမာဓိလုပ်ငန်း၌ အရေးပါလာရသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ဤတန္တရ မန္တရ အယူရှိသူများသည် ဂုတ္တမင်းဆက် အစပိုင်း သာသနာသက္ကရာဇ် ၈၆၄ နှစ်(အေဒီ ၃၂၀)မှ ဟဿဝဒ္ဓနမင်းလက်ထက် သာသနာသက္ကရာဇ် ၁၁၅၀ ပြည့်နှစ်(အေဒီ ၆၀၆)အထိ ကာလအတွင်း၌ မဉ္ဇူသီရိမူလကပ္ပကျမ်း ဂုယှသမဇ္ဇကျမ်း စက္ကသံဝရကျမ်း စသော မန္တရားကျမ်းပေါင်းများစွာကို ရေးသားခဲ့ကြသည်။ မဉ္ဇူသီရိမူလကပ္ပကျမ်းသည် မန္တရား အင်းအိုင် ခါးလှဲ့ လက်ဖွဲ့ စီရင်ထုံးများကို ဖော်ပြထားသော ကျမ်းဖြစ်သည်။ ဂုယှသမဇ္ဇကျမ်းကား အရက်သောက်ခြင်း မေထုန်မှီဝဲခြင်း မန္တန်စုတ်ခြင်း စသည်များကို ဖော်ပြသောကျမ်း ဖြစ်သည်။ အဆိုတစ်ရပ်ကမူ မ ၃လုံးခေါ် မဇ္ဇ သေရည်သေရက် မူးယစ်ဆေးဝါးသုံးစွဲခြင်း မံသ အမဲသားငါး စားခြင်း မေထုန မေထုန်မှီဝဲခြင်းနှင့် (မစ္ဆရိယ ငါးမျှားခြင်း မုဒြ လက်နေဟန်အမျိုးမျိုးဖြင့် ကမ္မဋ္ဌာန်းထိုင်ခြင်း ၂မျိုး ပေါင်းစပ်က မ ၅လုံး)လုပ်ရပ်များကို တန္တရ မန္တရအနွယ် ဝဇိရယာနဂိုဏ်းက ကျင့်သုံးသော ကျင့်ဝတ်ဖြစ်သည် ဟုဆိုသည်။ ဤဝဇိရယာနတို့၏ ကျင့်ဝတ်ကို ဒုတိယနာဂအဇ္ဇုန(သာသနာ ၁၁၄၄-၁၁၉၄ နှစ် အေဒီ ၆၀၀-၆၅၀)က တီထွင်ခဲ့ပြီး အိန္ဒိယ အရှေ့ပိုင်းဒေသများ ဘင်္ဂလားနယ် အာသံ တောင်တန်းနှင့် အိန္ဒိယအနောက်ပိုင်း ပက်ယှဝါတို့၌ ပြန့်ပွားထွန်းကားခဲ့သည် ဟုဆိုသည်။ ဤ ဝဇိရယာနရဟန်းများသည် မိမိတို့၏ လုပ်ရပ်များ အယုတ်ညံ့ဆုံးဖြစ်စေကာမူ လူများအား မွန်မြတ်သော လုပ်ငန်းများဖြစ်ကြောင်း ထင်မြင်လာစေရန် သီရိသမဇ္ဇ ခေါ်ဂုယှသမဇ္ဇ(နာဂအဇ္ဇုနရေး) ပညောပယဝိနိစ္ဆယသိဒ္ဓိ (အနင်္ဂဝဇီရရေး)ကျမ်းနှင့် ရေးသူ အမည်မပေါ်သော သာဓနမာလာကျမ်း ညဏသိဒ္ဓိကျမ်းများကို  ရေးသားခဲ့ကြသည်။ ဤ ကျမ်းများတွင်  အထက်ဖော်ပြပါ မ ၃လုံး မ၅လုံး လုပ်ရပ်အပြင် လုယက်မှု လိမ်လည်မှု ခိုးမှု သူတစ်ပါးမယား ကြာခိုမှုများကိုပါ ထောက်ခံအားပေးထားသည် ဟုဆိုသည်။ သို့ရာတွင် ဤ တန္တရ မန္တရအနွယ် ဝဇိရယာနရဟန်းတို့၏ မ ၃လုံး မ ၅လုံး ခေါ် လုပ်ရပ်များကား အစပထမ၌ လျှို့ဝှက်တည်ရှိခဲ့သည်။ အဖွဲ့ဝင်အချင်းချင်းသာ သိကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် ၇ ရာစုအတွင်း၌ ယင်းတို့လုပ်ရပ်များကို ပုန်းလျှိုးပြုလုပ်ကြပြီး အပြင်လူများနှင့်တွေ့လျှင် မိမိတို့က မဟာယာန ဟု ထုတ်ဖော်ပြောကြသည်။ ၎င်းတို့တွင် သီးခြားဝိနည်း မရှိ၍ သိက္ခာတင် ရဟန်းပြုလိုသူများအား သဗ္ဗတ္ထိဝါဒ စသောဂိုဏ်းများထံ သိက္ခာတင်စေခဲ့ကြသည်။ နာလန္ဒ၌ မဟာယာနခိုင်မြဲသော ၈ ရာစုတွင် ထိုအရပ်ရှိ ရဟန်းများမှာ သဗ္ဗတ္ထိဝါဒဂိုဏ်း နောက်လိုက်များဖြစ်ပြီး ဗောဓိသတ်(ဘုရားလောင်း) ကျင့်စဉ်ကိုကျင့်လျက် အရက်သောက် မိန်းမလိုက်ကြသူ တန္တရယာနီ မတန္တရယာနီများသာ ဖြစ်ကြသည်။ ဤသို့ ယင်းလုပ်ရပ်များကို လျှို့ဝှက်ခဲ့ကြရာမှ  ၇ ရာစုအတွင်း၌ပင် ဣန္ဒဘူတိဘုရင်နှင့် သူ၏ဆရာ အနင်္ဂဝဇိရ ဦးဆောင်သော ပုဂ္ဂိုလ်တစ်စုသည် မိန်းမများကို ယောက်ျားတို့၏ လွတ်မြောက်ရေးပေးသူ မုတ္တပါဏီ (မုတ္တိဒါတြီ) အရက်ကို အမြိုက်(အမတ) ဟုခေါ်၍ ပွင့်ပွင့်လင်းလင်း ပြုလုပ်လာကြသည်။ ၎င်းတို့သည် ဘုရင့်သမီးကိုပင် ကာမ လှူဒါန်းစေခဲ့ကြသည်။ အချို့သော မဟာယာနအနွယ် တန္တရ မန္တရ ရဟန်းများသည် ဦးခေါင်းခွံကို သပိတ်ပြုကိုင်ကျင့်ခြင်း တောထဲနေကျင့်ခြင်း ဖိနပ်စီးကျင့်ခြင်း စောင်ခြုံကျင့်ခြင်း  ဆုံငယ်ဆွဲကိုင်ကျင့်ခြင်း စည်တိုတစ်မျိုး ဆွဲကိုင်ကျင့်ခြင်း စသည်ဖြင့် ဟိပနော်တစ်ဇင်း ခေါ် စိတ်ညှို့ပညာကို အသုံးပြုကာ  ယောဂအမျိုးမျိုး သိဒ္ဓိအဖုံဖုံကို လိုက်စားလျက် ဂါထာမန္တရား အင်းအိုင်ခါးလှဲ့ လက်ဖွဲ့ စုတ်ကြထိုးကြနှံကြလျက် ရှိသည်။ ဘုရင်များသည်ပင် စစ်ထွက်ရာ၌ အဆောင်ကောင်း ဆောင်ကြသည့်အပြင် သိဒ္ဓိမြောက်သူ ဂါထာမန္တရား မန်းမှုတ်တတ်သူများကိုခေါ်၍ စစ်ထွက်လေ့ရှိသည်အထိ တန္တရ မန္တရ အယူဝါဒ ခေတ်စား အရေးပါလာသည်။ အချုပ်အားဖြင့် သာသနာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ် (အေဒီ ၈၀၀)ခန့်တွင် အိန္ဒိယရှိ မဟာယာနများမှာ တန္တရ မန္တရ အယူရှိသော မဟာယာနချည်းသာ ရှိနေရတော့သည်။ ဗြာဟ္မဏဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့မှာလည်း ချွတ်စွပ်တူနေတော့သည်။ တစ်ဖန် ၎င်း တန္တရ မန္တရ အယူရှိသူတို့သည် အင်းအိုင်ခါးလှဲ့ လက်ဖွဲ့ ဂါထာ မန္တရား မှော် ဝိဇ္ဇာ စသော ပညာရပ်များနှင့် ပတ်သက်၍ လူပရိတ်သတ်ရှေ့တွင် ဆွေးနွေးလေ့ မရှိကြချေ။ သဘောတူသူအချင်းချင်း အစုငယ်များဖွဲ့၍ တိုးတိုးတိတ်တိတ် ဆွေးနွေးလေ့ရှိကြသည်။ ဆရာကလည်း မိမိတပည့်ရင်း လူယုံများကိုသာ ယင်းလျှို့ဝှက်ပညာရပ်ကို သင်ကြားပေးလေ့ရှိကြသည်။ ဤ ဝါဒကား လျှို့ဝှက်ဝါဒဖြစ်၍ မိမိအနေဖြင့် စာဖတ်ရုံဖြင့် နားမလည်နိုင်။ ကိုယ်တိုင် ကျင့်သုံးအားထုတ်သော်လည်း မရနိုင်။ ဆရာက လက်ထပ်သင်ပေးမှ ရနိုင်သည်။ ဤ တန္တရ မန္တရဂိုဏ်းတွင် ဆရာသည် ဗုဒ္ဓဖြစ်ပြီး ဆရာဖြစ်သူက ဗောဓိစိတ္တဘိသိက် ခေါ် ရေစင်သွန်းဖြန်းပေးမှ တပည့်ဖြစ်သူ ပညာဥာဏ်အဆင့်တိုး၍ ဆရာ ဟူသောဗုဒ္ဓအဖြစ်သို့ ရောက်နိုင်သည် ဟုဆိုသည်။ အမှန်မှာ ဂါထာမန္တရားရွတ်က မကောင်းဆိုးဝါးနှင့် ဘေးအန္တရာယ်များ ကင်းနိုင်သည် ဟူသော တန္တရ မန္တရအယူဝါဒသည် ကမ္ဘာဦးလူသား စတင်ပေါ်ထွန်းချိန်မှစ၍ ယနေ့တိုင် လူအဖွဲ့အစည်းအများစုတွင် တည်ရှိနေသော အယူဝါဒတစ်ရပ် ဖြစ်သည်ဟု ယူဆနိုင်သည်။ အလားတူ အိန္ဒိယပြည်တွင်လည်း ဗုဒ္ဓမြတ်စွာ မပေါ်ထွန်းမီကာလကပင် ဗြာဟ္မဏတို့က တန္တရ မန္တရအယူဝါဒကို လက်ခံကျင့်သုံးနေကြပြီး ဖြစ်သည်။ ၎င်းတို့၏ တန္တရ မန္တရကျမ်းများမှာ ကုဏ္ဍလိနီ ယောဂိနီ ကုလာဝဏ္ဏ ဂုတ္တသာဓန ရုဒြယမလ ဗြာဟ္မယမလ စသည်တို့ ဖြစ်ကြသည်။ ဤ ဗြာဟ္မဏတို့၏ တန္တရ မန္တရ ခေါ် စုန်း ကဝေ တစ္ဆေ မှော် ဝိဇ္ဇာအတတ်များသည် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းတရားနှင့် ဖီလာဖြစ်သောကြောင့် တိရစ္ဆာနဝိဇ္ဇာဖြစ်ကြောင်း ပယ်အပ်ကြောင်းကို ဗုဒ္ဓမြတ်စွာဘုရားက ဗြဟ္မဇာလသုတ္တန် မဟာသီလသုတ်၌ ဟောတော်မူခဲ့သည်။ တစ်ဖန် ဤ တန္တရ မန္တရ အတတ်ကို ဂန္ဓာရ မည်သောရသေ့စီရင်ခဲ့သည် ဟုဆိုသည်။ တနည်းအားဖြင့် ပန်ဂျပ်နှင့် ကသ္မီရတို့၏ အနောက်မြောက်ဘက်တွင် ကပ်လျက်ရှိသော ဂန္ဓာရတိုင်းသားများနှင့်တကွ ယင်းအနီးနားရှိ ကသ္မီရတိုင်းသားများပါ စုန်း နတ် တစ္ဆေ ကဝေ ပယောဂ စသော တန္တရ မန္တရ အတတ်များ တတ်မြောက်ကြကြောင်း ကျော်စောလျက်ရှိသည်။ ထိုသို့ ကျော်စောကြောင်းကို တရုတ်ရဟန်းတော် ဟီယန်ဆိုင် ၇ ရာစုနှင့် မာကိုပိုလို ၁၃ ရာစုတို့ကလည်း သူတို့၏ မှတ်တမ်းများတွင် ရေးသားခဲ့ကြသည်။ ယင်း ဂန္ဓာရတိုင်းမှလာသော အတတ်ပညာဖြစ်သောကြောင့် တစ်နည်းအားဖြင့် ဂန္ဓာရရသေ့ စီရင်သော အတတ်ပညာဖြစ်သောကြောင့် ယင်း တန္တရ မန္တရ အတတ်ကို ဂန္ဓာရီအတတ် ဟု ခေါ်ကြသည်။ ၎င်းကား စူဠဂန္ဓာရီ မဟာဂန္ဓာရီ ဟူ၍ ၂မျိုးကွဲသည်။ အသီတိမဟာ သာဝကီဝင်ဖြစ်သော ပိလိန္ဒဝစ္ဆထေရ်လောင်းလျာသည် ဘုရားနှင့်မတွေ့မီ စူဠဂန္ဓာရီအတတ်ကို တတ်၍ ကောင်းကင်ပျံနိုင်ကြောင်း မဟာဂန္ဓာရီအတတ်ကား ထိုထက် တန်ခိုးအာနုဘော် ကြီးကြောင်းကို ဓမ္မပဒအဋ္ဌကထာ၌ ဆိုထားသည်။ အလားတူ အလ္လကပ္ပမင်း ဝေဋ္ဌဒီပမင်း ဥတေနမင်း တို့သည် ဆင်များကို လာစေနိုင်သော ဟတ္ထိဂန္ဓ မန္တရားတတ်ကြောင်းကို ဓမ္မပဒအဋ္ဌကထာတွင် ဆိုထားသကဲ့သို့ စောရဃတက မည်သော ခိုးသူသတ်ယောက်ျားကလည်း လူကို လေဖြင့်မှုတ်၍ သေစေနိုင်သော မန္တရားကို တတ်ကြောင်း ရသဝါဟီနီ၌ ဖော်ပြထားသည်။ ၎င်း အပြင် ဆဝသီသမန္တန် ဝေဒဗ္ဗမန္တန် သဗ္ဗရုတညုဇာန မန္တရား ပဒလက္ခဏ မန္တရား စသည်အကြောင်းများကို ဖော်ပြသော ဇာတ်နိပါတ်တော်များလည်း ရှိသည်။ နောက်ပိုင်းတွင် ယင်းမန္တန်အတတ်များကို  တတ်မြောက်သော ဗြာဟ္မဏပုဏ္ဏားတို့သည် မဟာယာနသာသနာဘောင်သို့ ဝင်ရောက်လာကြပြီး ၎င်းတို့၏ တန္တရ မန္တရအကျင့်နှင့် ယောဂအကျင့်များကို ရဟန်းဝတ်ဖြင့် ကျင့်သုံးလာကြသဖြင့် ယင်းတန္တရ မန္တရအယူဝါဒသည် မဟာယာနဗုဒ္ဓဘာသာအတွင်း၌ ပေါ်လွင်လာရတော့သည်။ ဂါထာမန္တရားရွတ်ခြင်း အင်းချခြင်း စသော တန္တရ မန္တရအတတ်ဖြင့် လောကီသိဒ္ဓိပေါက်ရုံသာမက မဂ်ဖိုလ်နိဗ္ဗာန်ကိုပါ ရနိုင်သည် ဟုယူဆလာကြတော့သည်။ ဤနည်းဖြင့် ၎င်းရဟန်းများသည် တန္တရ မန္တရကျမ်းများကို အခိုင်အမာ ရေးသားလာကြတော့သည်။ မဟာယာန တန္တရ မန္တရဝါဒ၌ လက်ဝဲလမ်း လက်ယာလမ်း ဟူ၍ ခွဲခြားထားသည်။ ၎င်းတို့သည် ဘုရားလောင်းနတ်များအပြင် မယ်တော်နတ်သ္မီးအမျိုးမျိုးကိုလည်းးလက်ခံထားကြပြီး ၎င်းတို့၏ အကူအညီဖြင့် နတ်ကိုးကွယ်သူများ မန္တန်ရွတ်သူများ သိဒ္ဓိအမျိုးမျိုး တန်ခိုးအမျိုးမျိုး ရနိုင်သည်ဟု ယုံကြည်ကြသည်။ ဗြာဟ္မဏတို့သည် ရှီဝနတ်ဘုရား၏ ပုရိသနိမိတ်ကို ကိုးကွယ်သကဲ့သို့ ရှီဝနတ်ဘုရား၏ တန်ခိုးသတ္တိဟူသော ရှတ်ကတိ ခေါ် အမဓာတ်(ရှီဝ၏မိဘုရား) နတ်သမီးကိုလည်း ကိုးကွယ်ကြသည် ၎င်းနတ်မိဖုရားကို မဟာဒေဝီ မဟာမာတာ(မယ်တော်ကြီး) ဥမာ ဒုရဂါ ကာလီ ဟူ၍ အမည်အမျိုးမျိုး ခေါ်ကြသည်။ ယင်းနတ်သမီးသည် လက်ဝဲလမ်းခေါ် အောက်လမ်းသမားများ မှော်သွင်းသောအခါ ပသချိန်တွင် အလွန်ကြောက်မက်ဖွယ် ကြမ်းကြုတ်သော အသွင်ရှိသောကြောင့် စဏ္ဍီ သို့မဟုတ် ဘေရဝီ ဟူ၍ ခေါ်သည် ဤနတ်သမီးကို ဗြာဟ္မဏ တန္တရ မန္တရဝါဒီများ ကိုးကွယ်ကြသကဲ့သို့ မဟာယာန တန္တရ မန္တရဝါဒီများလည်း ကိုးကွယ်ကြသည်။ (ဦးစိန်ထွန်း/သုတေသီ) ဗဟုသုတရှာဖွေလေ့လာသူမိတ်ဆွေများ ကာယစိတ္တသုခနှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ အလုပ်မအားလပ်သည့်အတွက် သီးခံပေးပါ ခင်ဗျာ။ွ
်
 *မဟာယာနတို့၏ တန္တရ မန္တရအယူအဆများ*
********************************
တန္တရ ဟူသည်မှာ ဥာဏ်ပညာ ဟုအဓိပ္ပာယ်ရသည်။ အချို့က ဂါထာမန္တရား အင်းအိုင်ခါးလှဲ့ လက်ဖွဲ့ စသည်ကို ဖော်ပြသော ကျမ်းစာ ဟု အဓိပ္ပာယ်ကောက်ကြသည်။

တန္တရအယူ ဟူသည်မှာ ဂါထာမန္တရား များသည် လောကီဥာဏ်ပညာမှစ၍ လောကုတ္တရာဥာဏ်ပညာအထိ ရစေနိုင်သည် ဟု ယူဆသောအယူ ဖြစ်သည်။ 

တစ်ဖန် ယင်းဂါထာမန္တရားများကို ရွတ်ဖတ်ခြင်းဖြင့် လောကီကောင်းကျိုးချမ်းသာများကို သာမက နတ်ရွာချမ်းသာမှသည် မဂ် ဖိုလ် နိဗ္ဗာန် ချမ်းသာအထိ ရရှိစေနိုင်သည် ဟု အယူရှိပြန်သောကြောင့် မန္တရ ဟူ၍လည်း ခေါ်ပြန်သည်။

 ထေရဝါဒဗုဒ္ဓဘာသာ၌ အသုံးပြုသော ပရိန်တော်များသည် ဘုရားရဟန္တာတို့၏ သီလ မေတ္တာ ဂရုဏာ စသော တန်ခိုးများကိုမူတည်၍ သစ္စာဆိုခြင်း အဓိဋ္ဌာန်ပြုခြင်းဖြင့် ဘေးအန္တရာယ် ကင်းရသည်ဟု အယူရှိကြသည်။ မဟာယာနအနွယ် တန္တရ မန္တရ အယူရှိသူများမှာကား ဂါထာမန္တရ ရွတ်ဆိုရုံဖြင့် မကောင်းမှု အကုသိုလ်ကံများ ပပျောက်သည်။ ငရဲကျမည့်ဘေးမှ လွတ်သည်။ အကုသိုလ်များကို ရှောင်ခြင်း ကုသိုလ်ပြုခြင်း သီလဆောက်တည်ခြင်းများ မလို။

 မန္တာန်ရွတ်ရုံသာ လိုသည် ဟု အယူရှိကြသည်။ အမှန်မှာ မဟာယာနတို့သည် ၎င်းတို့ကျမ်းများ ကျယ်ပြန့်၍ သိရန်မလွယ်သောကြောင့် သုတ် တစ်သုတ်စီ တစ်သုတ်စီကို ၂ပိုင်း ၃ပိုင်း စသည်ဖြင့် ဆောင်ရွက်ကျက်မှတ်လွယ်ရန် အပိုင်းငယ်(ဓာရဏီ)များ ပြုလုပ်ခဲ့ကြသည်။ တစ်ဖန် ထိုအပိုင်းငယ် (ဓာရဏီ)များကိုပင် ထပ်မံချုံး၍ မန္တရား(မန္တာန်)များကို စီရင်ကြပြန်ရာမှ တန္တရ မန္တရ အယူအဆများ ပေါ်လာရတော့သည်။ 

အဆိုတစ်ရပ်ကမူ ယောဂါစာရဂိုဏ်းသည် ဝိညာဉ်ကိုဦးစားပေး၍ ဝိညာဉ်တိုးတက်ရန် ဘာဝနာပွားနည်းများကို အရေးထားဖော်ပြရာမှ တန္တရ မန္တရ အယူအဆ ပေါ်လာရပြီး ဓာရဏီ ခေါ်သော ပရိတ်အမျိုးမျိုးနှင့် မန္တာန်များ မဏ္ဍလ ခေါ် စက်ဝိုင်းတွင်းရှိ ရုပ်ပုံများ တြိဂံပုံ စသောအင်းကွက်များသည် သမာဓိလုပ်ငန်း၌ အရေးပါလာရသည်ဟု ဆိုသည်။

 မည်သို့ပင်ဖြစ်စေ ဤတန္တရ မန္တရ အယူရှိသူများသည် ဂုတ္တမင်းဆက် အစပိုင်း သာသနာသက္ကရာဇ် ၈၆၄ နှစ်(အေဒီ ၃၂၀)မှ ဟဿဝဒ္ဓနမင်းလက်ထက် သာသနာသက္ကရာဇ် ၁၁၅၀ ပြည့်နှစ်(အေဒီ ၆၀၆)အထိ ကာလအတွင်း၌ မဉ္ဇူသီရိမူလကပ္ပကျမ်း ဂုယှသမဇ္ဇကျမ်း စက္ကသံဝရကျမ်း စသော မန္တရားကျမ်းပေါင်းများစွာကို ရေးသားခဲ့ကြသည်။ 

မဉ္ဇူသီရိမူလကပ္ပကျမ်းသည် မန္တရား အင်းအိုင် ခါးလှဲ့ လက်ဖွဲ့ စီရင်ထုံးများကို ဖော်ပြထားသော ကျမ်းဖြစ်သည်။ ဂုယှသမဇ္ဇကျမ်းကား အရက်သောက်ခြင်း မေထုန်မှီဝဲခြင်း မန္တန်စုတ်ခြင်း စသည်များကို ဖော်ပြသောကျမ်း ဖြစ်သည်။ အဆိုတစ်ရပ်ကမူ မ ၃လုံးခေါ် မဇ္ဇ သေရည်သေရက် မူးယစ်ဆေးဝါးသုံးစွဲခြင်း မံသ အမဲသားငါး စားခြင်း မေထုန မေထုန်မှီဝဲခြင်းနှင့် (မစ္ဆရိယ ငါးမျှားခြင်း မုဒြ လက်နေဟန်အမျိုးမျိုးဖြင့် ကမ္မဋ္ဌာန်းထိုင်ခြင်း ၂မျိုး ပေါင်းစပ်က မ ၅လုံး)လုပ်ရပ်များကို တန္တရ မန္တရအနွယ် ဝဇိရယာနဂိုဏ်းက ကျင့်သုံးသော ကျင့်ဝတ်ဖြစ်သည် ဟုဆိုသည်။ 

ဤဝဇိရယာနတို့၏ ကျင့်ဝတ်ကို ဒုတိယနာဂအဇ္ဇုန(သာသနာ ၁၁၄၄-၁၁၉၄ နှစ် အေဒီ ၆၀၀-၆၅၀)က တီထွင်ခဲ့ပြီး အိန္ဒိယ အရှေ့ပိုင်းဒေသများ ဘင်္ဂလားနယ် အာသံ တောင်တန်းနှင့် အိန္ဒိယအနောက်ပိုင်း ပက်ယှဝါတို့၌ ပြန့်ပွားထွန်းကားခဲ့သည် ဟုဆိုသည်။ ဤ ဝဇိရယာနရဟန်းများသည် မိမိတို့၏ လုပ်ရပ်များ အယုတ်ညံ့ဆုံးဖြစ်စေကာမူ လူများအား မွန်မြတ်သော လုပ်ငန်းများဖြစ်ကြောင်း ထင်မြင်လာစေရန် သီရိသမဇ္ဇ ခေါ်ဂုယှသမဇ္ဇ(နာဂအဇ္ဇုနရေး) ပညောပယဝိနိစ္ဆယသိဒ္ဓိ (အနင်္ဂဝဇီရရေး)ကျမ်းနှင့် ရေးသူ အမည်မပေါ်သော သာဓနမာလာကျမ်း ညဏသိဒ္ဓိကျမ်းများကို ရေးသားခဲ့ကြသည်။

 ဤ ကျမ်းများတွင် အထက်ဖော်ပြပါ မ ၃လုံး မ၅လုံး လုပ်ရပ်အပြင် လုယက်မှု လိမ်လည်မှု ခိုးမှု သူတစ်ပါးမယား ကြာခိုမှုများကိုပါ ထောက်ခံအားပေးထားသည် ဟုဆိုသည်။ သို့ရာတွင် ဤ တန္တရ မန္တရအနွယ် ဝဇိရယာနရဟန်းတို့၏ မ ၃လုံး မ ၅လုံး ခေါ် လုပ်ရပ်များကား အစပထမ၌ လျှို့ဝှက်တည်ရှိခဲ့သည်။ အဖွဲ့ဝင်အချင်းချင်းသာ သိကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် ၇ ရာစုအတွင်း၌ ယင်းတို့လုပ်ရပ်များကို ပုန်းလျှိုးပြုလုပ်ကြပြီး အပြင်လူများနှင့်တွေ့လျှင် မိမိတို့က မဟာယာန ဟု ထုတ်ဖော်ပြောကြသည်။

 ၎င်းတို့တွင် သီးခြားဝိနည်း မရှိ၍ သိက္ခာတင် ရဟန်းပြုလိုသူများအား သဗ္ဗတ္ထိဝါဒ စသောဂိုဏ်းများထံ သိက္ခာတင်စေခဲ့ကြသည်။ နာလန္ဒ၌ မဟာယာနခိုင်မြဲသော ၈ ရာစုတွင် ထိုအရပ်ရှိ ရဟန်းများမှာ သဗ္ဗတ္ထိဝါဒဂိုဏ်း နောက်လိုက်များဖြစ်ပြီး ဗောဓိသတ်(ဘုရားလောင်း) ကျင့်စဉ်ကိုကျင့်လျက် အရက်သောက် မိန်းမလိုက်ကြသူ တန္တရယာနီ မတန္တရယာနီများသာ ဖြစ်ကြသည်။

 ဤသို့ ယင်းလုပ်ရပ်များကို လျှို့ဝှက်ခဲ့ကြရာမှ ၇ ရာစုအတွင်း၌ပင် ဣန္ဒဘူတိဘုရင်နှင့် သူ၏ဆရာ အနင်္ဂဝဇိရ ဦးဆောင်သော ပုဂ္ဂိုလ်တစ်စုသည် မိန်းမများကို ယောက်ျားတို့၏ လွတ်မြောက်ရေးပေးသူ မုတ္တပါဏီ (မုတ္တိဒါတြီ) အရက်ကို အမြိုက်(အမတ) ဟုခေါ်၍ ပွင့်ပွင့်လင်းလင်း ပြုလုပ်လာကြသည်။ ၎င်းတို့သည် ဘုရင့်သမီးကိုပင် ကာမ လှူဒါန်းစေခဲ့ကြသည်။ 

အချို့သော မဟာယာနအနွယ် တန္တရ မန္တရ ရဟန်းများသည် ဦးခေါင်းခွံကို သပိတ်ပြုကိုင်ကျင့်ခြင်း တောထဲနေကျင့်ခြင်း ဖိနပ်စီးကျင့်ခြင်း စောင်ခြုံကျင့်ခြင်း ဆုံငယ်ဆွဲကိုင်ကျင့်ခြင်း စည်တိုတစ်မျိုး ဆွဲကိုင်ကျင့်ခြင်း စသည်ဖြင့် ဟိပနော်တစ်ဇင်း ခေါ် စိတ်ညှို့ပညာကို အသုံးပြုကာ ယောဂအမျိုးမျိုး သိဒ္ဓိအဖုံဖုံကို လိုက်စားလျက် ဂါထာမန္တရား အင်းအိုင်ခါးလှဲ့ လက်ဖွဲ့ စုတ်ကြထိုးကြနှံကြလျက် ရှိသည်။

 ဘုရင်များသည်ပင် စစ်ထွက်ရာ၌ အဆောင်ကောင်း ဆောင်ကြသည့်အပြင် သိဒ္ဓိမြောက်သူ ဂါထာမန္တရား မန်းမှုတ်တတ်သူများကိုခေါ်၍ စစ်ထွက်လေ့ရှိသည်အထိ တန္တရ မန္တရ အယူဝါဒ ခေတ်စား အရေးပါလာသည်။ အချုပ်အားဖြင့် သာသနာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ် (အေဒီ ၈၀၀)ခန့်တွင် အိန္ဒိယရှိ မဟာယာနများမှာ တန္တရ မန္တရ အယူရှိသော မဟာယာနချည်းသာ ရှိနေရတော့သည်။ ဗြာဟ္မဏဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့မှာလည်း ချွတ်စွပ်တူနေတော့သည်။

 တစ်ဖန် ၎င်း တန္တရ မန္တရ အယူရှိသူတို့သည် အင်းအိုင်ခါးလှဲ့ လက်ဖွဲ့ ဂါထာ မန္တရား မှော် ဝိဇ္ဇာ စသော ပညာရပ်များနှင့် ပတ်သက်၍ လူပရိတ်သတ်ရှေ့တွင် ဆွေးနွေးလေ့ မရှိကြချေ။ သဘောတူသူအချင်းချင်း အစုငယ်များဖွဲ့၍ တိုးတိုးတိတ်တိတ် ဆွေးနွေးလေ့ရှိကြသည်။ 

ဆရာကလည်း မိမိတပည့်ရင်း လူယုံများကိုသာ ယင်းလျှို့ဝှက်ပညာရပ်ကို သင်ကြားပေးလေ့ရှိကြသည်။ ဤ ဝါဒကား လျှို့ဝှက်ဝါဒဖြစ်၍ မိမိအနေဖြင့် စာဖတ်ရုံဖြင့် နားမလည်နိုင်။ ကိုယ်တိုင် ကျင့်သုံးအားထုတ်သော်လည်း မရနိုင်။

 ဆရာက လက်ထပ်သင်ပေးမှ ရနိုင်သည်။ ဤ တန္တရ မန္တရဂိုဏ်းတွင် ဆရာသည် ဗုဒ္ဓဖြစ်ပြီး ဆရာဖြစ်သူက ဗောဓိစိတ္တဘိသိက် ခေါ် ရေစင်သွန်းဖြန်းပေးမှ တပည့်ဖြစ်သူ ပညာဥာဏ်အဆင့်တိုး၍ ဆရာ ဟူသောဗုဒ္ဓအဖြစ်သို့ ရောက်နိုင်သည် ဟုဆိုသည်။ အမှန်မှာ ဂါထာမန္တရားရွတ်က မကောင်းဆိုးဝါးနှင့် ဘေးအန္တရာယ်များ ကင်းနိုင်သည် ဟူသော တန္တရ မန္တရအယူဝါဒသည် ကမ္ဘာဦးလူသား စတင်ပေါ်ထွန်းချိန်မှစ၍ ယနေ့တိုင် လူအဖွဲ့အစည်းအများစုတွင် တည်ရှိနေသော အယူဝါဒတစ်ရပ် ဖြစ်သည်ဟု ယူဆနိုင်သည်။ 

အလားတူ အိန္ဒိယပြည်တွင်လည်း ဗုဒ္ဓမြတ်စွာ မပေါ်ထွန်းမီကာလကပင် ဗြာဟ္မဏတို့က တန္တရ မန္တရအယူဝါဒကို လက်ခံကျင့်သုံးနေကြပြီး ဖြစ်သည်။ ၎င်းတို့၏ တန္တရ မန္တရကျမ်းများမှာ ကုဏ္ဍလိနီ ယောဂိနီ ကုလာဝဏ္ဏ ဂုတ္တသာဓန ရုဒြယမလ ဗြာဟ္မယမလ စသည်တို့ ဖြစ်ကြသည်။ ဤ ဗြာဟ္မဏတို့၏ တန္တရ မန္တရ ခေါ် စုန်း ကဝေ တစ္ဆေ မှော် ဝိဇ္ဇာအတတ်များသည် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်းတရားနှင့် ဖီလာဖြစ်သောကြောင့် တိရစ္ဆာနဝိဇ္ဇာဖြစ်ကြောင်း ပယ်အပ်ကြောင်းကို ဗုဒ္ဓမြတ်စွာဘုရားက ဗြဟ္မဇာလသုတ္တန် မဟာသီလသုတ်၌ ဟောတော်မူခဲ့သည်။ တစ်ဖန် ဤ တန္တရ မန္တရ အတတ်ကို ဂန္ဓာရ မည်သောရသေ့စီရင်ခဲ့သည် ဟုဆိုသည်။ 

တနည်းအားဖြင့် ပန်ဂျပ်နှင့် ကသ္မီရတို့၏ အနောက်မြောက်ဘက်တွင် ကပ်လျက်ရှိသော ဂန္ဓာရတိုင်းသားများနှင့်တကွ ယင်းအနီးနားရှိ ကသ္မီရတိုင်းသားများပါ စုန်း နတ် တစ္ဆေ ကဝေ ပယောဂ စသော တန္တရ မန္တရ အတတ်များ တတ်မြောက်ကြကြောင်း ကျော်စောလျက်ရှိသည်။ ထိုသို့ ကျော်စောကြောင်းကို တရုတ်ရဟန်းတော် ဟီယန်ဆိုင် ၇ ရာစုနှင့် မာကိုပိုလို ၁၃ ရာစုတို့ကလည်း သူတို့၏ မှတ်တမ်းများတွင် ရေးသားခဲ့ကြသည်။ ယင်း ဂန္ဓာရတိုင်းမှလာသော အတတ်ပညာဖြစ်သောကြောင့် တစ်နည်းအားဖြင့် ဂန္ဓာရရသေ့ စီရင်သော အတတ်ပညာဖြစ်သောကြောင့် ယင်း တန္တရ မန္တရ အတတ်ကို ဂန္ဓာရီအတတ် ဟု ခေါ်ကြသည်။

 ၎င်းကား စူဠဂန္ဓာရီ မဟာဂန္ဓာရီ ဟူ၍ ၂မျိုးကွဲသည်။ အသီတိမဟာ သာဝကီဝင်ဖြစ်သော ပိလိန္ဒဝစ္ဆထေရ်လောင်းလျာသည် ဘုရားနှင့်မတွေ့မီ စူဠဂန္ဓာရီအတတ်ကို တတ်၍ ကောင်းကင်ပျံနိုင်ကြောင်း မဟာဂန္ဓာရီအတတ်ကား ထိုထက် တန်ခိုးအာနုဘော် ကြီးကြောင်းကို ဓမ္မပဒအဋ္ဌကထာ၌ ဆိုထားသည်။ အလားတူ အလ္လကပ္ပမင်း ဝေဋ္ဌဒီပမင်း ဥတေနမင်း တို့သည် ဆင်များကို လာစေနိုင်သော ဟတ္ထိဂန္ဓ မန္တရားတတ်ကြောင်းကို ဓမ္မပဒအဋ္ဌကထာတွင် ဆိုထားသကဲ့သို့ စောရဃတက မည်သော ခိုးသူသတ်ယောက်ျားကလည်း လူကို လေဖြင့်မှုတ်၍ သေစေနိုင်သော မန္တရားကို တတ်ကြောင်း ရသဝါဟီနီ၌ ဖော်ပြထားသည်။ 

၎င်း အပြင် ဆဝသီသမန္တန် ဝေဒဗ္ဗမန္တန် သဗ္ဗရုတညုဇာန မန္တရား ပဒလက္ခဏ မန္တရား စသည်အကြောင်းများကို ဖော်ပြသော ဇာတ်နိပါတ်တော်များလည်း ရှိသည်။ နောက်ပိုင်းတွင် ယင်းမန္တန်အတတ်များကို တတ်မြောက်သော ဗြာဟ္မဏပုဏ္ဏားတို့သည် မဟာယာနသာသနာဘောင်သို့ ဝင်ရောက်လာကြပြီး ၎င်းတို့၏ တန္တရ မန္တရအကျင့်နှင့် ယောဂအကျင့်များကို ရဟန်းဝတ်ဖြင့် ကျင့်သုံးလာကြသဖြင့် ယင်းတန္တရ မန္တရအယူဝါဒသည် မဟာယာနဗုဒ္ဓဘာသာအတွင်း၌ ပေါ်လွင်လာရတော့သည်။ 

 ဂါထာမန္တရားရွတ်ခြင်း အင်းချခြင်း စသော တန္တရ မန္တရအတတ်ဖြင့် လောကီသိဒ္ဓိပေါက်ရုံသာမက မဂ်ဖိုလ်နိဗ္ဗာန်ကိုပါ ရနိုင်သည် ဟုယူဆလာကြတော့သည်။ ဤနည်းဖြင့် ၎င်းရဟန်းများသည် တန္တရ မန္တရကျမ်းများကို အခိုင်အမာ ရေးသားလာကြတော့သည်။ မဟာယာန တန္တရ မန္တရဝါဒ၌ လက်ဝဲလမ်း လက်ယာလမ်း ဟူ၍ ခွဲခြားထားသည်။ ၎င်းတို့သည် ဘုရားလောင်းနတ်များအပြင် မယ်တော်နတ်သ္မီးအမျိုးမျိုးကိုလည်းးလက်ခံထားကြပြီး ၎င်းတို့၏ အကူအညီဖြင့် နတ်ကိုးကွယ်သူများ မန္တန်ရွတ်သူများ သိဒ္ဓိအမျိုးမျိုး တန်ခိုးအမျိုးမျိုး ရနိုင်သည်ဟု ယုံကြည်ကြသည်။

 ဗြာဟ္မဏတို့သည် ရှီဝနတ်ဘုရား၏ ပုရိသနိမိတ်ကို ကိုးကွယ်သကဲ့သို့ ရှီဝနတ်ဘုရား၏ တန်ခိုးသတ္တိဟူသော ရှတ်ကတိ ခေါ် အမဓာတ်(ရှီဝ၏မိဘုရား) နတ်သမီးကိုလည်း ကိုးကွယ်ကြသည် ၎င်းနတ်မိဖုရားကို မဟာဒေဝီ မဟာမာတာ(မယ်တော်ကြီး) ဥမာ ဒုရဂါ ကာလီ ဟူ၍ အမည်အမျိုးမျိုး ခေါ်ကြသည်။ ယင်းနတ်သမီးသည် လက်ဝဲလမ်းခေါ် အောက်လမ်းသမားများ မှော်သွင်းသောအခါ ပသချိန်တွင် အလွန်ကြောက်မက်ဖွယ် ကြမ်းကြုတ်သော အသွင်ရှိသောကြောင့် စဏ္ဍီ သို့မဟုတ် ဘေရဝီ ဟူ၍ ခေါ်သည်။

ဤနတ်သမီးကို ဗြာဟ္မဏ တန္တရ မန္တရဝါဒီများ ကိုးကွယ်ကြသကဲ့သို့ မဟာယာန တန္တရ မန္တရဝါဒီများလည်း ကိုးကွယ်ကြသည်။

 (ဦးစိန်ထွန်း/သုတေသီ) ဗဟုသုတရှာဖွေလေ့လာသူမိတ်ဆွေများ ကာယစိတ္တသုခနှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။

No comments:

Post a Comment