လောကအောင်ပွဲ
**************
ဆူးချွန်မြလို့
လက်ရှမှာတွေး၊ ခူးလက်နှေးက
ပျံ့မွှေးနှင်းဆီနဲ့ ဝေးမည်သာ။
နေပူကြောက်လို့
ဆက်လျှောက်ဖို့အရေး၊
ခြေလှမ်းနှေးက
အေးရိပ်သုခ နှင့် ဝေးမည်သာ။
ဒုက္ခပြွမ်းလို့
ပျင်းရိခွေယိုင်၊ နွမ်းချိမှိုင်က
ပန်းတိုင်အလှ နှင့် ဝေးမည်သာ။
ဘာပဲဖြစ်ဖြစ် စိတ်မညစ်ဘဲ
အားသစ်ဇွဲထူး၊ ဥာဏ်ကူထပ်လောင်း
လမ်းကြောင်းမှန်ရွေး သတ္တိမွေးလျှင်
ရှေ့ရေးဘ၀ အသွေးလှ၍
လောကအောင်ပွဲ ကိုယ့်လက်ထဲမှာ………။
(မြေလတ်မောင်မြင့်သူ)
No comments:
Post a Comment