/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, December 14, 2013

"ကွန်းခိုရာ ဓမ္မ ကျွန်း"


"ဂတိ မိဂါနံ ပ၀နံ"=သားသမင်များ လန့်လျှင် တော ထဲ ၀င်ပြေး၏။
 
"အာကာသော ပက္ခိနံ ဂတိ"=ငှက်များ လန့်လျှင် ကောင်းကင်ပျံကြ၏။
 
"၀ိဘဝေါ ဂတိ ဓမ္မာနံ"=ရုပ်နာမ် ဓမ္မတွေက မရှိရာ(ပျက်စီးခြင်း) သို့ ပြေးသွားကြ၏။

 

"နိဗ္ဗာနံ အရဟတော ဂတိ"=ဘုရား၊ရဟန္တာများ 
မှာ အပြင်အာရုံများရှုပ်လာလျှင် နိဗ္ဗာန် သို့ပြေးဝင်ကြ၏။
ဆိုလိုသည်က-"သားသမင်"များနှင့် "ငှက်"များသည် 

အသက်အန္တရာယ် ကြောက်မက်ဖွယ်ဘေးရန်နှင့်ကြုံလျှင် သူရို့၏အားကိုးရာ"တော" နှင့် "ကောင်းကင်" တို့သို့ "ပြေးဝင်"၊"ပျံတက်" တတ်ကြသည်ပေါ့။

"ရုပ်နာမ်ဓမ္မများသည် ပျက်စီးပျောက်ဆုံးခြင်းသို့ ပြေးသွားကြ၏" ဆိုသည်မှာ-
ံရုပ်နာမ်ဓမ္မတို့တွင် အမာခံ အနှစ်သာရရှိသည်ဟူ၍ ဘာမျှမရှိပါပေ။


ကံ,စိတ်,ဥတု,အာဟာရ,ဟူသော အကြာင်းတရား(၄)ပါးတို့၏အထောက်အပံ့
 နှင့်ပြုပြင်ပေးမှုများရှိမှသာလျှင် ရုပ်နှင့်နာမ်ဟူ၍သာ ဖြစ်နိုင်ကြသည် မဟုတ်ပါလား။
"ဥပါဒ်,ဌီ,ဘင်"-(ဖြစ်,တည်,ပျက်)ဖြင့်သာလျှင် အစဉ်ထာဝရ တုန်ခါရွေ့လျားနေကြရသော ဖြစ်စဉ်နိယာမတစ်ခုသာလျှင် မဟုတ်ပါလား။

ထို့ကြောင့်ပင် "၀ိဘဝေါ ဂတိ ဓမ္မာနံ"=ရုပ်နာမ် ဓမ္မတွေက မရှိရာ(ပျက်စီးခြင်း) သို့ ပြေးသွားကြ၏ ဟု ဆိုရပါ၏။

ဘုရား၊ရဟန္တာ များမှာမူ စိတ္တသုခ အကျိုးငှာ နိဗ္ဗာန် သို့ပြေးဝင်ကြသည်ဟု ဆိုပါသည်။
နော့ဖြင့်-ကျွန်တော်တို့လို ပုထုဇဉ်လူသားများမှာတော့ဖြင့် ထိတ်လန့်စရာ ကြောက်မက်ဖွယ်ဘေးအန္တရာယ်နှင့်ကြုံလျှင်
အဘယ်နေရာသို့ပြေးကြပါမည်နည်း။
ကျွန်တော် တို့ဝန်းကျင်တွင် ထိန်လန့်စရာဘေးအျန္တရာယ်

 ဟူသည်က လည်း "များမှများ၊ပေါမှပေါ။"
ကား တိုက် ၍ သေနိုင်၏။

 လေယာဉ်ပျက်ကျ ၍ သေနိုင်၏။ မြွေ၊ကင်း ကိုက် ၍ သေနိုင်၏။အစားမှား ၍ သေနိုင်၏။လူသတ် ခံရသဖြင့်လည်း သေနိုင်၏။သည်းခြေပျက် ၍ သေနိုင်၏။လေသင်တုန်းဖြတ် ၍ သေနိုင်၏။မြေငလျင်ကြောင့်လည်း သေနိုင်၏။
မုန်တိုင်းဒဏ်များကြောင့်လည်း သေနိုင်၏။

အလိုလေး-ဘေးရန်တွေများလိုက်သည်ဖြစ်ခြင်းနော့။
ထို့အတူ ဆက်လက်စဉ်းစားကြည့်လျှင်-တစ်နှစ်အတွင်းမှာလည်း သေနိုင်ပါ၏။တစ်လအတွင်းမှာလည်း
 သေနိုင်ပါ၏။ တစ်ရက်အတွင်းမှာလည်း သေနိုင်ပါ၏။နေ့တစ်ဝက် 

အတွင်းမှာလည်း သေနိုင်ပါ၏။တစ်နာရီအတွင်းမှာလည်း သေနိုင်ပါ၏။
နာရီဝက် အတွင်းမှာလည်း သေနိုင်ပါ၏။ထမင်းစားနေစဉ်အတွင်းမှာလည်း

 သေနိုင်ပါ၏။

ထမင်းစားမပြီးခင်အချိန်အတွင်းမှာလည်း သေနိုင်ပါ၏။
ထမင်းစားရန်ပြင်ဆင်နေစဉ်အတွင်းမှာလည်း
 သေနိုင်ပါ၏။ဝင်လေ မထွက်ခင်အတွင်းမှာလည်း သေနိုင်ပါ၏။ထွက်လေ မ၀င်ခင်အတွင်းမှာလည်း သေနိုင်ပါ၏။

အချိန်မရွေးသေနိုင်ပါတကား။နေရာမရွေးသေနိုင်ပါတကား။
အရွယ်မရွေးသေနိုင်ပါတကား။
အမှန်တရားအတိုင်းသာ ပြောရမည်ဆိုလျှင် "မိမိ အတွက် မနက်ဖြန်ဆိုသည်ကား ဝေးပါသေး၏။ သေခြင်း တရား နှင့် နောက်ဘ၀ ဆိုသည်ကား အနီးကလေး"ဟု ပင် ပညာရှိများက သတိပြုမိကြစေရန် ဆိုဆုံးမ ကြပါလေ၏။


ထို့အတူ ခြောက်လှန့်ခြင်းပေါင်းများစွာကလည်း
 ခြောက်လှန့်နေသေးပါ၏။
အို ရမည့် ဒုက္ခကလည်း ခြောက်လှန့်ပါ၏။ နာ ရမည့် ဒုက္ခကလည်း ခြောက်လှန့်ပါ၏။သေ ရမည့် ဒုက္ခကလည်း ခြောက်လှန့်ပါ၏။ မချစ်မနှစ်သက်သောသူတို့နှင့်အတူနေရမည့် 


ဒုက္ခကလည်း ခြောက်လှန့်ပါ၏။ချစ်ခင်နှစ်သက်သူတို့နှင့်
 ခွဲခွာနေရမည့် ဒုက္ခကလည်း ခြောက်လှန့်ပါ၏။
ဖြစ်ချင်တာ မဖြစ်ရသည့် ဒုက္ခ၊လိုချင်တာ မရသည့် ဒုက္ခ စသည့် ဒုက္ခများကလည်း ခြောက်လှန့်ပါ၏။

စွဲလန်းတွယ်တာစရာ ရုပ်နာမ်၊ခန္ဓာ ရှိနေသည့်အတွက် စားဖို့ရှာရသည့် ဒုက္ခ၊၀တ်ဖို့ရှာရသည့် ဒုက္ခ၊နေဖို့ ရှာရသည့် ဒုက္ခ၊ဆေးဝါးကုသစရိတ်ရှာရသည့် ဒုက္ခ …စသော ဒုက္ခမျိုးစုံ ကလည်း ခြောက်လှန့်ပါ၏။

ဤသည်ကို "ဒုက္ခသစ္စာ" ဟု ဆိုရပါမည်ပေါ့။

ဤ ဒုက္ခတို့ပေါ်ပေါက်လာရခြင်းအဓိကတရားခံမှာ သမုဒယ တဏှာ၊လောဘ ဦးဆောင်သော အကုသိုလ် ကံများ နှင့် လောကီကုသိုလ် ကံများဖြစ်ပါ၏။"သမုဒယသစ္စာ" ဟူ၏။

ယင်းတို့ကို တစ်ဆင့်ချင်း ပယ်ရမည်ဖြစ်ပါ၏။ တစ်ဆင့်ချင်း ဘာတွေပယ်ရမည်နည်း။
 

"အပါယ် ခန္ဓာ၊အပါယ်ဒုက္ခ" မရရှိအောင် အပါယ် ရောက်ကြောင်း "အကုသိုလ်များ"ကို ဦးစွာ ပယ်ရပါမည်။
 

"လူ့ခန္ဓာ ၊ လူ့ဒုက္ခ" တို့မဖြစ်အောင် လူ့ပြည် ကိုရည်စူးတောင့်တ ပြုအပ်သော လောကီ "ကာမာဝစရ ကုသိုလ်ကံ"များကို ပယ်အပ်ပါ၏။ထို့အတူ-နတ် ခန္ဓာ, နတ် ဒုက္ခ ၊ ဗြဟ္မာ့ ခန္ဓာ, ဗြဟ္မာ့ ဒုက္ခ မဖြစ်ရလေအောင် "မဟဂ္ဂုတ်ကုသိုလ်ကံ" များ ကိုပယ်အပ်ပါ၏။

မည်သည့် ခန္ဓာ ၊ မည်သည့် ဒုက္ခမှ မဖြစ်ကြစေရန် အကုသိုလ်ကံအားလုံးနှင့်
 လောကီ ကုသိုလ်များအားလုံး ပယ်အပ်ပါ၏။
 

ယင်းသို့ပယ်နိုင်မှသာလျှင် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ပြတ်၍ ဒုက္ခအားလုံး ချုပ်ငြိမ်းပါမည်။
ကြောက်စရာလန့်စရာ ဘာမျှ မရှိတော့ပါ။


ဤနေရာတွင် မိုးကုတ်ဆရာတော် ဘုရားကြီး ဆုံးမခဲ့ဖူးသော စကားတော်ကို ခေတ္တငှားပြောလိုက်ချင်ပါသည်။
 

"ခွေး ကြောက် မကြောက် နဲ့။ လူ ကြောက် ကြောက်"ဟူပါ၏။
 

ပြောလိုရင်း က "ဒဏ်ပေးခံရသည် ကို မကြောက်ရ၊ ဒဏ်ကျစေနိုင်သော ဥပဒေအပြစ်ကိုသာကြောက်ရမည်။ အကျိုးဒုက္ခကို ကြောက်စရာမလို၊ဒုက္ခ ကိုဖြစ်စေသော အကြောင်းကိုသာ ကြောက်ရမည်" ဟု ဆိုလိုရင်းဖြစ်ပါ၏။

ဒုက္ခကို ဖြစ်စေနိုင်သော "တဏှာ၊ဥပါဒါန်၊ကံ၊" စသော ကိလေသာ တို့ကို ပယ်သတ်နိုင်သော "ဒါန၊သီလ၊ ဘာဝနာ ၀ိပဿနာ တရား"တို့ သည်သာလျှင် သတ္တ၀ါ တို့၏ အားကိုးရာ အစစ်ဖြစ်ပါပေ၏။
မိမိ တို့ သန္တာန်၌ "ဒါန၊သီလ၊ ဘာဝနာ" များ မရှိပါက မိမိ တို့သည် အားကိုးရာမဲ့နေသူများသာလျှင်ဖြစ်ကြပါပေမည်။
 

ဗုဒ္ဓမြတ်စွာဘုရားရှင် က-
"အတ္တဒီပါ ဘိက္ခဝေ ၀ိဟရထ။
ဓမ္မဒီပါ ဘိက္ခဝေ အနညသရဏာ။
ဓမ္မသရဏာ အနညသရဏာ။"

ဟု ဟောကြားညွှန်ပြ ဆိုဆုံးမတော်မူပါ၏။
အဓိပ္ပါယ် မှာ-
"ရဟန်း တို့ ကိုယ်ပိုင်ကျွန်းကလေး တစ်ခု တည်ဆောက်ကြ၊
ကိုယ့်ကိုယ်ကိုယ် အားကိုးကြ၊
သူများကို အားကိုး၍ မရနိုင်။
 

ရဟန်း တို့ ဓမ္မကျွန်းကလေးတစ်ခု တည်ဆောက်၍နေကြ။
ဓမ္မကို အားကိုးကြ၊ ဓမ္မမှတစ်ပါး အခြား အားကိုးစရာမရှိ"….ဟု သတိပေး မိန့်ကြားတော်မူခဲ့ခြင်းပါပေ။

ဘ၀ ဟူသည် ပယ်လယ် သမုဒ္ဒရာကြီးနှင့် တူပါပေ၏။

ထို ပယ်လယ် သမုဒ္ဒရာအတွင်းဝယ် ဖြတ်သန်းသွားလာနေကြသူတို့အဖို့
 ဘေးအန္တရာယ်အလွန်ထူပြောလှပါပေ၏။
 ဘေးအန္တရာယ် နှင့်ကြုံတွေ့သောအခါ နားခိုရန် ကျွန်းကလေးတစ်ကျွန်း တွေ့ပါလျှင် ထို ကျွန်းသည် ထိုသူ့အတွက် အားကိုးရာဖြစ်ပါပေ၏။

ထို့အတူ ဘ၀ ပင်လယ်သမုဒ္ဒရာပြင်ကြီးထဲတွင် ကျင်လည်ကျက်စားရုန်းကန်လှုပ်ရှားနေသူများ အတွက် ဒုက္ခ အန္တရာယ်များနှင့်ကြုံလျှင် သက်သရာရာ ရစေဖို့၊ဘ၀အမောပြေစေဖို့၊အကြောက်ပြေစေဖို့၊ဆင်းရဲဒုက္ခမှ ကင်းလွတ်စေဖို့ ပြေးဝင် ကွန်းခိုရာအရပ် ဟူသည်ကား ဓမ္မကျွန်း ပင်ဖြစ်ပါတော့၏။
ဝတ္ထုတိုလေးတစ်ပုဒ်ဖြင့် ဤစာ ကိုအဆုံးသတ်ပါမည်။

ထို ၀တ္ထုတိုလေးမှာ "ဆရာနန္ဒသိန်းဇံ" ၏"တွေးချိန်ချင့်ရာ"အမည်ရ စာအုပ်လေးတစ်အုပ်ထဲတွင်ပါဝင်ပါသည်။"ဆမ်းမားဆက်မွန်"၏ ၀တ္ထုတိုလေးတစ်ပုဒ်ဟုဆိုပါသည်။
ဤသို့ပါ။

"တစ်ခါက "ဘက္ကဒက်မြို့"တွင် ကုန်သည်ကြီးတစ်ယာက်ရှိသည်။တစ်နေ့တော့ ကုန်သည်ကြီး က သူ့တပည့်တစ်ယောက်ကိုဈေးဝယ်ဖို့ ဈေးကို လွတ်လိုက်သည်။

မကြာခင်မှာပဲ တပည့်ဖြစ်သူမျက်စိပျက် မျက်နှာပျက်နှင့်ပြန်ရောက်လာသည်။ပြီးတော့ သခင်ကုန်သည်ကြီး ကို တုန်တုန်လှုပ်လှုပ် နှင့်စကားဆိုသည်။
"သခင်ရယ် ကျွန်တော်ဈေးထဲမှာ အမှတ်တမဲ့ အမျိုးသားတစ်ယေက်နဲ့ဝင်တိုက်မိတယ်။ 

ကြည့်လိုက်တော့ သေမင်းဖြစ်နေပါတယ်၊ပြီးတော့ သူ က ကျွန်တော့် ညကိုစူးစူးဝါးဝါးနဲ့ပြန်ကြည့်နေပါတယ်၊အဲဒါသေမင်းနဲ
့ နောက်တစ်ခါပြန်တွေ့ရမှာ အလွန်ကြောက်နေပါတယ်၊ ကျွန်တော့်ကို သခင်ရဲ့အပြေးအမြန်ဆုံးမြင်းတစ်ကောင် ခဏငှားပါ၊ကျွန်တော် 

မသေချင်သေးဘူး သခင်၊ ကျွန်တော် အသက်ဆက်ရှင်ဖို့ သေမင်းရှာမတွေ့နိုင်တဲ့ ဟိုးအဝေးကြီးမှာရှိတဲ့ "ဆမ်မာရာ"ကို ပြေးပါမယ်"

သခင်ကုန်သည်ကြီး ကလည်းကျေးဇူးရှိထားသည့်တပည့်ကို အပြေးကောင်းသည့်မြင်းတစ်ကောင် ပေးလိုက်သည်။
 

တပည့်မရှိတော့ ကုန်သည်ကြီးက ဈေးကို ကိုယ်တိုင်ထွက်ခဲ့ရသည်။

ဈေးရောက်တော့ လူအုပ်ထဲမှာ "သေမင်း" ကိုတွေ့လိုက်ရသည်။
သို့နှင့် "သေမင်း"အနားကပ်သွားပြီး-

"မနက်တုန်းက ခင်ဗျားက ကျုပ်တပည့်ကိုစူးစူးဝါးဝါးကြည့်ပြီး ဘာလို့ခြိမ်းခြောက်လိုက်ရတာလဲ"ဟု မေးလိုက်သည်။
သည်တော့ "သေမင်း" က-

"ကျွန်တော် သူ့ကို ခြိမ်းခြောက်လိုက်တာမဟုတ်ပါဘူး၊ စူးစူးဝါးဝါးကြည့်လိုက်တယ်ဆိုတာကလည်း သူ့ကို 

ဒီ "ဘက္ကဒက်" မှာတွေ့လိုက်ရတော့ အံ့သြလွန်းလို့ကြည့်လိုက်မိတာပါ။
 

သူနဲ့ကျွန်တော် "ဘက္ကဒက်"မှာတွေ့ရလိမ့်မယ် လို့လုံးဝထင်မထားမိဘူး။
 

ဘာဖြစ်လို့လဲ ဆိုတော့ ဒီည "ဆမ်မာရာမြို့"မှာ သူနဲ့ကျွန်တော် စာရင်းရှင်းကြဖို့ ချိန်းထားတဲ့နေ့ပဲ။
 

ဘာပဲပြောပြော ကျွန်တော် ကတော့ သူနဲ့ချိန်းထားတဲ့ "ဆမ်မာရာမြို့"ကို သူ လာသည်ဖြစ်စေ၊ 

မလာသည်ဖြစ်စေ သွားစောင့်ရမှာပဲ"ဟု ပြောဆိုလိုက်သည်။

ချမ်းသာပါကြစေ..၊အေးငြိမ်းပါကြစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ

(May all beings Living in all the ten directions be happy. May they all share the merits I acquire.
May all be happy! May all be happy! May all be happy!)


မေတ္တာရည်လျက်-
ဉာဏ်လင်းမြို့ ရေးသားသောပို့မှ ပြန်လည်မျှဝေသည်။

No comments:

Post a Comment