
ဗုဒ္ဓဘာသာဟူသည်
*****************
ဗုဒ္ဓဘာသာဟူသည် အဇ္ဈတ္တကိုသာ
ဦးတည်ရှုမြင်ရသော
ဘာသာမျိုးဖြစ်သည့်အားလျော်စွာ
လူသားအားလုံး၏
ကိုယ်စီဘဝ လွတ်မြောက်ရေးကိုသာ
ကြောင့်ကြစိုက်၏။
သန္ဒိဋ္ဌိကော- ဓမ္မဟူသည်
ကိုယ်စီကိုယ်ငှ ကိုယ်တိုင်ပင်
ထိုးထွင်းသိရမည့်အရာ
(တစ်ကိုယ်ရေသိမြင်အောင်
ကြိုးစားအားထုတ် ယူသောအရာ)
မဟုတ်ပါလား။
ဓမ္မာစရိယ ဦးဌေးလှိုင်
No comments:
Post a Comment