ဝိတက်သုံးပါး သတိထား
❆ ❆ ❆ ❆ ❆ ❆ ❆ ❆
❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ငှက်တွေဟာပျံသန်းရင်းပဲ တစ်ဘ၀နိဂုံးချုပ်ရသလို
လောကလူသားများအဖိုမှာလည်း ကြံတွေးရင်းနဲ့ပဲ
ကုန်ဆုံးရပါတယ်။လောကီလူသားများအဖို့ ဘာတွေ
အများစုကြံစဉ်နိုင်ပါသလဲ???
(၁)ကာမ၀ိတက်
(၂)ဗျာပါဒ၀ိတက်
(၃)၀ိဟိံဿဝိတက် တို့ပဲဖြစ်ပါတယ်။
ကာမ၀ိတက်ဆိုသည်မှာ-ငါးပါးအာရုံမှန်သမျှအားလုံးအကျုံးဝင်တယ်။
လူအများစုနားလည်ထားတဲ့ ကာမဆိုသည်က
ယောကျာင်္း မိန်းမနှစ်ဦး သံဝါသပြုခြင်းကိုသာ
နားလည်မှု ပဓာနထားသိထားကြတယ်။အမှန်၌
သည်ကားဆိုရင်ဖြင့် အာယတန၆ပါးခံစားမူမှန်သမျှ
ကာမ၀ိတက်ဟုပင်နားလည်ထားသင့်ပေသည်။
ဗျာပါဒ၀ိတက်ဆိုသည်မှာ- မိမိမှတစ်ပါး အခြားသောသူ၏ပိုင်ဆိုင်မူမှန်သမျှ
ချမ်းသာမူမှန်သမျှကို မိမိအပိုင် ရယူလိုခြင်း ၊ဖျက်လို
ဖျက်ဆီးပြုလုပ်လိုခြင်းဟူသ၍ ဗျာပါဒ၀ိတက်ဟုနားလည်
ထားသင့်ပေသည်။
ဝိဟိံဿဝိတက်ဆိုသည်မှာ- တစ်ဦးတစ်ယောက်(သို့) ပုဂ္ဂိုလ်သတ္တ၀ါများ၏အသက်ကို
ညှဉ်းဆဲသတ်ဖြတ်လိုသောစိတ်ကြံစည်မှန်ဟူသ၍သည်
ဝိဟိံဿဝိတက်ဟုနားလည်ထားသင့်ပေသည်။
လူတွေဘာကြောင့် ချမ်းသာမူတွေကိုအလိုရှိပါလျှက်ကယ်နှင့် ဆင်းရဲခြင်းတရားတွေနဲ့ကြုံရဆုံရ
ပါသလဲဆိုရင် ၀ိတက်သုံးပါးသောတရား သတိယှဉ်မထားဘူးဆိုတာပေါ်လွင်လှပါတယ်။ဘုရား
ဟောတရားတော်၌ ``လောကကြီးကိုအရာရာ၌ စိတ်ကဦးဆောင်ထားပါတယ်´´ လို့ဟောကြားခဲ့တယ်မလား။ဒီစိတ်ကိုလည်း ၀ိတက်သုံးပါးကအုပ်ချုပ်ထားပြန်တယ်။ ဒီတော့ ၀ိပဿနာ ဦးစီးတဲ့
ပစ္စုန်ပ္ပန် ဥာဏ်ကင်းမဲ့ခဲ့ပါမူ သေချာပါတယ်။ ချမ်းသာခြင်းကို ပါးစပ်က အမြှပ်ထွက်အောင်ဆုတောင်းပါ။ချမ်းသာခြင်းဆိုတာ အရာရာနတ္ထိပါပဲနော်။ဗုဒ္ဓဘာသာမှန်က တကယ်အလုပ်လုပ်တဲ့ဘာသာပါ။

ဘုရားရှင်တော်မြတ်ကပြောတယ်။ငါက လမ်းညွှန်ရုံသာရှိတယ်။တကယ်လက်တွေ့
လုပ်ရမှာက မိမိ တစ်ဦးတစ်ယောက်ချင်းစီရဲ့တာဝန်ပဲတဲ့။ ဒီတော့ ကုသိုလ်ကံကြောင့် လူလာဖြစ်
ရတဲ့တို့တတွေ ဆင်ခြင်သုံးသပ်ဖို့မကောင်းဘူးလား။
မေတ္တာဖြင့် - Myo Aung Oo(holiness)

No comments:
Post a Comment