
“အတ္တရန်စွယ်”
••••••••••••••
တမလွန်တည့်
ခန္ဓာရှိ၍
ဖွဲ့သည့်ငါးဖြာ
သည်ခန္ဓာကြောင့်
သေရွာနယ်သို့ လှမ်းတကား။
မသေခင်ဝယ်
ခန္ဓာနွှယ်၍
တွယ်တာတပ်မက်
အတ္တဖက်သည်
ဓါးထက်ပေါ်၌ နေခြင်းတည်း။
သူငါဥစ္စာ
ငါ့နေရာဟု
ငါတစ်လုံးဖြင့်
နေထိုင်လင့်သော်
ရဲရင့်မရှိ
ဘေး၏ကြောက်ရွံ့
မစွန့်ပယ်ခွါ
သေရွာသွားသော်
အော်ဟစ်မြည်ကြွေး
တရေးရေးဖြင့်
ဝေးဝေးသံသရာ
ရှည်လိမ့်စွာသည်
မှတ်ပါဓမ္မ ကျင့်ရန်တည်း။ ။
မင်းကြည်ညို
—
••••••••••••••
တမလွန်တည့်
ခန္ဓာရှိ၍
ဖွဲ့သည့်ငါးဖြာ
သည်ခန္ဓာကြောင့်
သေရွာနယ်သို့ လှမ်းတကား။
မသေခင်ဝယ်
ခန္ဓာနွှယ်၍
တွယ်တာတပ်မက်
အတ္တဖက်သည်
ဓါးထက်ပေါ်၌ နေခြင်းတည်း။
သူငါဥစ္စာ
ငါ့နေရာဟု
ငါတစ်လုံးဖြင့်
နေထိုင်လင့်သော်
ရဲရင့်မရှိ
ဘေး၏ကြောက်ရွံ့
မစွန့်ပယ်ခွါ
သေရွာသွားသော်
အော်ဟစ်မြည်ကြွေး
တရေးရေးဖြင့်
ဝေးဝေးသံသရာ
ရှည်လိမ့်စွာသည်
မှတ်ပါဓမ္မ ကျင့်ရန်တည်း။ ။
မင်းကြည်ညို
No comments:
Post a Comment