![Photo: ကရုဏာကင်းမဲ့သူနဲ့ ကရုဏာရှိသူ
***************************
ဘယ်သူ့ကိုခေါင်းဆောင်တင်မလဲ
*************************
ကရုဏာစိတ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်မှာ
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
စိတ်ဓာတ်မျိုးရှိတယ်။
ထောင်ချောက်အဆင်ကောင်းတယ်။
ကရုဏာရှိတဲ့ပုဂ္ဂိုလ်မှာတော့
အဲဒီလို စိတ်ထားမျိုးမရှိဘူး။
လူအများရဲ့ဒုက္ခကင်းဖို့နဲ့
လူအများရဲ့ အနာဂတ်တွေကောင်းဖို့အတွက်
ကူညီဖြေရှင်းပေးချင်စိတ်ပြင်းထန်လို့
နေမထိ၊ ထိုင်မသာ စိတ်နှလုံးဟာလှုပ်ရှားတက်ကြွပြီး
စေတနာတရားတွေနဲ့ အရောင်လက်နေတတ်တယ်။
ဘယ်ပုံဘယ်နည်းနဲ့ အများရဲ့ဒုက္ခဆင်းရဲကို
လွတ်မြောက်အောင် ကူညီဖြေရှင်းပေးရမလဲလို့
စိတ်ထဲမှာလည်း တွေးတယ်။
လက်တွေ့လည်း ကြိုးပမ်းအားထုတ်တယ်။
ကရုဏာတရားဟာ
ဘယ်တရားနဲ့ ဆန်ကျင့်ဘက်လည်းဆိုရင်
ညှဉ်းပန်းနှိပ်စက်လိုတဲ့ ရက်စက်တဲ့
`ဝိဟိံသာ´ လို့ ဆိုတဲ့
တရားနဲ့ ဆန်ကျင့်ဘက်ဖြစ်တယ်။
ကရုဏာကင်းမဲ့ပြီ၊ အကြင်နာကင်းမဲ့ပြီ၊
စေတနာကင်းမဲ့ပြီဆိုရင် ကိုယ်ကျိုးအတ္တအတွက်
လူအများကိုဒုက္ခပေးတော့တာပဲ။
ထောင်ချောက်ဆင်တော့တာပဲ။
အဲဒီ ဒုက္ခပေးတဲ့သဘောကို
`ဝိဟိံသာ´ (Cruelty) ပေါ့။
မြန်မာလိုတော့ ရက်စက်ကြမ်းကြုတ်မှုလို့ခေါ်တယ်။
ကရုဏာတရားကင်းမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာ
မာကျောကြမ်းကြုတ်ရက်စက်တယ်။
ကရုဏာရှိတဲ့ပုဂ္ဂိုလ်ရဲ့ နှလုံးသားကတော့
ပျော့ပျောင်းပြီး လူအများရဲ့အနာဂတ်နဲ့
ဒုက္ခကိုကယ်တင်ပေးလိုစိတ်ကြောင့်
ရက်စက်မှုကင်းတယ်။
ဒီနှစ်ခုမှာ
ဘယ်သူကို ခေါင်းဆောင်တင်ကြမလဲ။
လေးလေးနက်နက် စဉ်းစားကြပါ။
အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
[First weekly. ဂျာနယ်]](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-xfp1/t1.0-9/p320x320/10550969_733473270047399_8748841794055253461_n.jpg)
ကရုဏာကင်းမဲ့သူနဲ့ ကရုဏာရှိသူ
***************************
ဘယ်သူ့ကိုခေါင်းဆောင်တင်မလဲ
*************************
ကရုဏာစိတ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်မှာ
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
စိတ်ဓာတ်မျိုးရှိတယ်။
ထောင်ချောက်အဆင်ကောင်းတယ်။
ကရုဏာရှိတဲ့ပုဂ္ဂိုလ်မှာတော့
အဲဒီလို စိတ်ထားမျိုးမရှိဘူး။
လူအများရဲ့ဒုက္ခကင်းဖို့နဲ့
လူအများရဲ့ အနာဂတ်တွေကောင်းဖို့အတွက်
ကူညီဖြေရှင်းပေးချင်စိတ်ပြင်းထန်လို့
နေမထိ၊ ထိုင်မသာ စိတ်နှလုံးဟာလှုပ်ရှားတက်ကြွပြီး
စေတနာတရားတွေနဲ့ အရောင်လက်နေတတ်တယ်။
ဘယ်ပုံဘယ်နည်းနဲ့ အများရဲ့ဒုက္ခဆင်းရဲကို
လွတ်မြောက်အောင် ကူညီဖြေရှင်းပေးရမလဲလို့
စိတ်ထဲမှာလည်း တွေးတယ်။
လက်တွေ့လည်း ကြိုးပမ်းအားထုတ်တယ်။
ကရုဏာတရားဟာ
ဘယ်တရားနဲ့ ဆန်ကျင့်ဘက်လည်းဆိုရင်
ညှဉ်းပန်းနှိပ်စက်လိုတဲ့ ရက်စက်တဲ့
`ဝိဟိံသာ´ လို့ ဆိုတဲ့
တရားနဲ့ ဆန်ကျင့်ဘက်ဖြစ်တယ်။
ကရုဏာကင်းမဲ့ပြီ၊ အကြင်နာကင်းမဲ့ပြီ၊
စေတနာကင်းမဲ့ပြီဆိုရင် ကိုယ်ကျိုးအတ္တအတွက်
လူအများကိုဒုက္ခပေးတော့တာပဲ။
ထောင်ချောက်ဆင်တော့တာပဲ။
အဲဒီ ဒုက္ခပေးတဲ့သဘောကို
`ဝိဟိံသာ´ (Cruelty) ပေါ့။
မြန်မာလိုတော့ ရက်စက်ကြမ်းကြုတ်မှုလို့ခေါ်တယ်။
ကရုဏာတရားကင်းမဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ နှလုံးသားဟာ
မာကျောကြမ်းကြုတ်ရက်စက်တယ်။
ကရုဏာရှိတဲ့ပုဂ္ဂိုလ်ရဲ့ နှလုံးသားကတော့
ပျော့ပျောင်းပြီး လူအများရဲ့အနာဂတ်နဲ့
ဒုက္ခကိုကယ်တင်ပေးလိုစိတ်ကြောင့်
ရက်စက်မှုကင်းတယ်။
ဒီနှစ်ခုမှာ
ဘယ်သူကို ခေါင်းဆောင်တင်ကြမလဲ။
လေးလေးနက်နက် စဉ်းစားကြပါ။
အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
[First weekly. ဂျာနယ်]
No comments:
Post a Comment