/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, February 24, 2014

***** သူငယ်ချင်း (၃)ယောက် ****


မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာတွေထဲမှာ
တချို့က “ဧကော်ဓမ္မော” တစ်ခုတည်းသော တရားဖြစ်ပေမယ့်၊ တချို့ကတော့ အစုံလိုက်၊ အတွဲလိုက် လက်ခံကျင့်သုံးကြရတာပါ။
ဥပမာ ပညတ်နဲ့ပရမတ်၊ သီလ-သမာဓိ-ပညာ၊ သစ္စာ(၄)ပါး၊ ဣနြေ္ဒ(၅)ပါး၊ အာရုံ(၆)ပါး
ဗောဇ္ဈင် (၇)ပါး၊ မဂ္ဂင်(၈)ပါး စသဖြင့် အများကြီးပါ။
ဒီလို အစုလိုက် ကျင့်သုံးထိုက်တဲ့ တရားတွေထဲက ကိုယ်နှစ်သက်ရာကလေး
တစ်ခု၊ နှစ်ခုကို လက်ကိုင်ထားပြီး
သန်ရာသန်ရာ အငြင်းပွားနေမယ်ဆိုရင်
ပြည့်စုံမှန်ကန်နိုင်မှာ မဟုတ်သလို
တရားတော်ရဲ့ လိုရင်းအကျိုးကလည်း
ပြီးစီးမှာ မဟုတ်တော့ပါဘူး။

တကယ်တော့ တရားတော်တွေဆိုတာ ငြင်းခုံစရာတွေ မဟုတ်ပါ။ ငြင်းခုံမှု၊
ပဋိပက္ခ၊ ၀ိဝါဒတွေကို ပြေငြိမ်းသွားစေတဲ့ ငြိမ်းချမ်းရေးသံတမန်ပါ။
ပြီးတော့ တရားတော်မြတ်ရဲ့ အဆီအနှစ်တွေဆိုတာ သဘောထားကြီးကြီး
အသိဥာဏ်ကျယ်ကျယ်၊ စိတ်နေမြင့်မြတ်တဲ့သူတွေ နှလုံးသားမှာသာ
ကိန်းရိုးထုံးစံရှိပါတယ်။
 
 
မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေဟာ ကြားနားခြင်းအစ၊ ကျင့်သုံးခြင်းအလယ်၊ အကျိုးရခြင်းအဆုံး ကောင်းခြင်း သုံးပါးခြင်းအလယ်၊ အကျိုးရခြင်းအဆုံး ကောင်းခြင်းသုံးပါးနဲ့ ပြည့်စုံတာတွေချည်းပါပဲ။ ဒါပေမယ့် နယ်ပယ် အသီးသီးက ဆန္ဒအမျိုးမျိုးကွဲပြားနေတဲ့ သတ္တ၀ါ အဖုံဖုံကို ဗုဒ္ဓမြတ်စွာ လှည့်လည် ဟောကြားတော်မူခဲ့တာကတော့ “သူ့အိုးနဲ့သူ့ဆန်၊ တန်ရုံဆိုသလို” သူတို့ နားလည် သဘောပေါက်နိုင်လောက်တဲ့ အနေအထားနဲ့ တိုင်းထွာပြီး ဟောကြားတော်မူခဲ့တာက များပါတယ်။ အဲဒီ တရားတော်တွေကို “သုတ္တန္တပိဋက”အနေနဲ့ သံဂါယနာတင် အရှင်မြတ်တွေက စုစည်းထားတော် မူခဲ့ပါတယ်။

တစ်မျိုးတည်းဖြစ်တဲ့ အထည်စကိုပဲ လူပုဂ္ဂိုလ်အသီးသီးက ကိုယ်ဝတ်အင်္ကျီအဖြစ် ချုပ်လုပ် ၀တ်ဆင်ကြတဲ့အခါ ကိုယ်ခန္ဓာ အတိုင်းအထွာအလိုက် အင်္ကျီတွေဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်တော့ပါဘူး။ လူအားလုံးနဲ့ ကိုက်ညီတဲ့ အင်္ကျီဆိုတာ ချုပ်လုပ်လို့ မဖြစ်နိုင်ပါ။
 
 အဲဒီ ဥပမာလိုပဲ မူရင်း မြတ်စွာဘုရားရှင်ရဲ့ တရားတော်ကို ပုဂ္ဂိုလ်အသီးသီးက မိမိတို့ စရိုက်၊ မိမိတို့အကြိုက်လိုက်ပြီး မိမိတို့ အသိဥာဏ် အတိုင်းအထွာအရ လိုက်နာကျင့်ကြံ ဆောက်တည်ကြတဲ့အခါ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားဟာ အခြားတစ်ဦး တစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ ထပ်တူညီမျှ ကိုက်ညီနိုင်ဖို့ဆိုတာ ဖြစ်နိုင်စရာ မရှိပါ။ သိမြင် လက်ခံကျင့်သုံးနိုင်မှု အနေအထားအရ အမျိုးအမျိုး ကွဲပြားခြားနား နိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာဟာ ဒီလိုကွဲပြား ခြားနားနေတာကို လက်ခံအသိအမှတ်ပြုနိုင်တဲ့ နှလုံးသားနဲ့ တရားတော်တွေကို နှစ်သက်ကြည်ဖြူ ကျင့်သုံးသူတွေကို ၀မ်းမြောက်နုမော် သာဓုခေါ်လေ့ရှိပါတယ်။
 
 တကယ်တော့ တရားတော်တွေဆိုတာ ငြင်းခုံစရာတွေ မဟုတ်ပါ။ ငြင်းခုံမှု၊ ပဋိပက္ခ၊ ၀ိဝါဒတွေကို ပြေငြိမ်းသွားစေတဲ့ ငြိမ်းချမ်းရေး သံတမန်ပါ။ ပြီးတော့ တရားတော်မြတ်ရဲ့ အဆီအနှစ်တွေဆိုတာ သဘောထားကြီးကြီး၊ အသိဥာဏ် ကျယ်ကျယ်၊ စိတ်နေမြင့်မြတ်တဲ့သူတွေရဲ့ နှလုံးသားမှာသာ ကိန်းရိုးထုံစံရှိပါတယ်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာတွေထဲမှာ တချို့က “ဧကောဓမ္မော”  တစ်ခုတည်းသော တရားဖြစ်ပေမယ့်၊ တချို့ကတော့ အစုံလိုက်၊ အတွဲလိုက် လက်ခံကျင့်သုံးကြရတာပါ။ ဥပမာ ပညတ်နဲ့ ပရမတ်၊ သီလ-သမာဓိ-ပညာ၊ သစ္စာ(၄)ပါး၊ ဣနြေ္ဒ (၅)ပါး၊ အာရုံ(၆)ပါး၊ ဗောဇ္ဈင် (၇)ပါး၊ မဂ္ဂင်(၈)ပါး စသည်ဖြင့် အများကြီးပါ။ 
 
ဒီလို အစုလိုက် ကျင့်သုံးထိုက်တဲ့ တရားတွေထဲက ကိုယ်နှစ်သက်ရာကလေး တစ်ခု၊ နှစ်ခုကို လက်ကိုင်ထားပြီး သန်ရာသန်ရာ အငြင်းပွားနေမယ်ဆိုရင် ပြည့်စုံမှန်ကန်နိုင်မှာ မဟုတ်သလို တရားတော်ရဲ့ လိုရင်း အကျိုးကလည်း ပြီးစီးမှာ မဟုတ်တော့ပါဘူး။ ဒီလို ဖြစ်ရပ်တွေနဲ့စပ်လို့ ဓမ္မပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ ဗန်းမော်ဆရာတော်ကြီး ပြောပြခဲ့တာပါ။
 
ရှေးရှေးတုန်းက ရွာတစ်ရွာမှာ မောင်ကံ၊ မောင်ဥာဏ်နဲ့ မောင်ဝီရိယဆိုပြီး သူငယ်ချင်း(၃)ဦး ရှိခဲ့ဖူးတယ်။ သူတို့ (၃)ဦးဟာ အိမ်နီးနားချင်းတွေ ဖြစ်ပြီး အင်မတန် ရင်းနှီးကျွမ်းဝင်ကြတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦးကတော့ ယုံကြည်ကြပုံချင်း မတူကြဘူးတဲ့။

မကြာခဏဆိုသလို မောင်ကံဟာ “ကံကိုသာ ယုံကြည်အားကိုးထိုက်ပုံ၊ ဘ၀မှာ ကံကသာ ဦးဆောင်ပုံ၊ ကံအရေးကြီးပုံတွေကို အာပေါင် အာရင်းသန်သန်နဲ့ပြောပြတတ်တယ်။ “ကြည့်ပါလားကွ၊ စကားပုံတွေမှာ ‘ကံသာလျှင်အမိ၊ ကံသာလျှင်အဖ၊ ကံမရှိ ဥာဏ်ရှိတိုင်းမွဲ၊ ကံမခိုင် သံတိုင် ကိုပင် အိမ်ဆောက်တော့ ကံမှောက်လျှင်ကျိုး’ ဆိုတာဟာ ကံ- အဓိက ကျကြောင်း ပြတာတွေပါ့ကွ” လို့ အထောက်အထားတွေလည်းပြတတ်တယ်။
 
 မောင်ဥာဏ်ကတော့  ” အရာရာ ဥာဏ်သာလျှင်ရှေ့ဆောင် ဖြစ်ကြောင်း၊ ဥာဏ်ခိုင်းစေ လမ်းညွှန်ရာကိုသာ ကံနဲ့ဝီရိယက လိုက်ပါရကြောင်းများကို ပြောပါတယ်။ မောင်ဝီရိယကလည်း  “မင်းတို့ဥာဏ်ဘယ်လောက် ကောင်းကောင်း၊ ကံဘယ်လိုရှိရှိ၊ ဝီရိယဆိုတဲ့ အားထုတ်လုပ်ကိုင်မှု မရှိသမျှ ကတော့ ဘာမျှအကောင်အထည်မပေါ်၊ မအောင်မြင်နိုင်ပါဘူးကွ“ လို့ တက်တက်ကြွကြွပြောတတ်တယ်။

ဒီလိုနဲ့ သူတို့ (၃)ဦးဟာ တတ်ထောင်မောင်းနင်း၊ တစ်ယောက် တစ်ပေါက် ငြင်းခုံကြတာ ဘယ်လိုမှ ပြေလည်အောင် ဖြေရှင်းလို့မရဘူး။ ဒီလို အချင်းချင်း အဖြေမှန်ရအောင် မဖြေရှင်းနိုင်တာကြောင့် နောက်ဆုံးရွာမှာ ပညာအရှိဆုံးလို့ယူဆရတဲ့ ရွာသူကြီးထံ အဆုံးအဖြတ်ခံယူရန် ရောက်သွားကြသတဲ့။ 
 
ရွာသူကြီးရှေ့မှာပဲ မောင်ကံက ကံသာလျှင်အရေး ကြီးကြောင်း၊ မောင်ဥာဏ်က ဥာဏ်သာလျှင် ခေါင်းဆောင်ဖြစ်ကြောင်း၊ မောင်ဝီရိယကလည်း ဝီရီယသာလျှင် အဓိကဖြစ်ကြောင်းတွေကို ထပ်မံ ပြောဆိုငြင်းခုံ ကြပြန်တယ်။ ရွာသူကြီးလည်း ကိုယ်ပိုင်ဥာဏ်နဲ့ အတန်တန် ဝေဖန်စဉ်းစားပေမယ့် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ မဆုံးဖြတ်နိုင်တာကြောင့် မြို့ဝန်မင်းထံ အဆုံးအဖြတ်ခံယူရန် ပို့ပေးလိုက်ပြန်တယ်။

မြို့ဝန်မင်းကလည်း အမှုရောက်လာတယ်ဆိုရင်ပဲ ” ဒီလိုအမှုများ ခက်လွန်းလို့၊ သူကြီးတို့လျှော်လို့ ညံ့လို့သာ ငါ့ဆီရောက်တာပဲ“ ဆိုပြီး လက်ခံ စစ်ဆေးသတဲ့။ မြို့ဝန်မင်းထံမှာလည်း မောင်ကံတို့(၃)ဦးဟာ အကိုး(သာဓက) တွေနဲ့ တစ်ယောက် တစ်မျိုးပြောဆိုကြပြန်တယ်။ ဒီလိုပြောတဲ့အခါ သူ့ဘက်နဲ့ သူ အမှန်တွေချည်း ဖြစ်နေတာမို့ မြို့ဝန်မင်းလည်း နောက်ဆုံးလက်လျှော့ကာ ဘုရင့်လွှတ်တော်ကို ပို့ပေးလိုက်ရတယ်။

ပညာရှိအမတ်ကြီးတွေ စုံလင်လှတဲ့ လွှတ်တော်မှာလည်း မောင်ကံ တို့ (၃)ဦးဟာ ရှေးကထက်ပိုပြီး ခိုင်ကာအောင် စာကိုး၊ စကားကိုး၊ သက်သေ သာဓကတွေနဲ့ တင်ပြ ပြောဆိုကြတာကြောင့် လွှတ်တော်ဝန်ကြီးတွေလည်း တထစ်ချမဆုံးဖြတ်နိုင်ဘဲ ဘုရင်မင်းမြတ်ထံ ပို့ရန် ဆုံးဖြတ်လိုက်ကြတယ်။

ဘုရင်မင်းမြတ်လည်း လွှတ်တော်ဝန်ကြီးတွေ အကျိုးအကြောင်း စုံလင်စွာ လျှောက်ထားတာကို နားဆင်ပြီးတဲ့အခါ  ဒီအမှုဟာ  အခု လောလောဆယ်၊ ယတိပြတ်မိန့်ဆိုရန် ခက်ခဲတာကို သိရှိနားလည်တာမို့ မောင်ကံတို့ (၃)ဦးကို ရှေ့တော်သို့ သွင်းစေကာ  “ ကဲ .. နားထောင်ကြ၊ မောင်မင်းတို့ အငြင်းအခုံကိစ္စကို ယခုလောလောဆယ် မဆုံးဖြတ်လိုသေးဘူး။ ဒါကြောင့် မြို့တော်ရဲ့ မြောက်ဘတ်က  တောအုပ်ထဲကို မောင်မင်းတို့ (၃)ဦးစလုံး ယခုပင် သွားရောက်နေထိုင်ကြစေ၊ အမိန်တော် မပါဘဲ မြို့တော်နဲ့ တခြားကျေးရွာများသို့ မောင်မင်းတို့ မချဉ်းကပ်ရ”  လို့  ရာဇပရိယာယ်နဲ့ အမိန့်တော်မြတ်ချမှတ်လိုက်သတဲ့။

ဒါနဲ့ မောင်ကံတို့ သူငယ်ချင်း(၃)ဦးလည်း ဘုရင်မင်းမြတ်ရဲ့ အမိန့် တော်အတိုင်း တောအုပ်ထဲ သွားရောက်နေထိုင်ကြရတယ်။ အမိန့်တော်အရ ရုပ်တရက်ချက်ချင်းကြီး ရောက်လာရတာမို့ စားစရာလည်းမပါ၊ ဝမ်းဗိုက် ကလည်း ဆာဆာနဲ့ သူတို့ (၃)ဦးဟာ အရိပ်ကောင်းတဲ့ သစ်ပင်ကြီး တစ်ပင် အောက်မှာ လှဲအိပ်နေကြရရှာတယ်။

မကြာခင် နေဝင်လို့ မိုးချုပ်သွားတာမို့ မောင်ကံကတော့ ကံသမား ပီပီ ဘာမျှမပူ  “ ကံကိုသာ  အားကိုး တယ်” ဆိုပြီး အိပ်ပျော်သွားသတဲ့။ မောင်ဝီရိယကလည်း ဆာဆာနဲ့မို့ အိပ်ပျော်သွားတာပဲ၊ မောင်ဥာဏ် ကတော့ “ ဘယ်လိုနည်းနဲ့  စားစရာ ရနိုင်မလဲ” ဆိုတာကို စဉ်းစားနေရင်းနဲ့ အိပ်မပျော်ဘူးတဲ့။ 
 
ဒီလိုနဲ့ တစ်ညတာ ကုန်လွန်လို့ အရုဏ်တက်စ အရှေ့ရပ်က ရောင်နီပျို့လာတဲ့အခါ တောကျီးကန်းတွေ အစာရှာထွက်လာသံ၊ အစာရလို့ ဝမ်းသာအားရအော်မြည်သံတွေကို မောင်ဥာဏ်က ကြားနေရတယ်၊ ဒါကြောင့် မောင်ဥာဏ်ဟာ စဉ်းစားရင်း အဖြေပေါ်လာတယ်။ “ ဒါဟာ အဲဒီအရပ်မှာ တောကျီးတွေ အစာတွေ့လို့ စားဖို့ရန် အချင်းချင်း ခေါ်ငင်တဲ့အသံပဲ။ အဲဒီ အရပ်ကိုသွားရင်တော့ မုချကို စားစရာတွေ့မယ်” လို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီအချိန်မှာ မောင်ကံရော၊ မောင်ဝီရီယပါ (၂)ဦးစလုံး အိပ်ပျော် နေတုန်းတဲ့။ ဒါနဲ့ မောင်ဥာဏ်က အိပ်ရာက ထဖို့နှိုးပြီးပြောတော့ မောင်ကံ ကတော့ “ ဟာကွာ တယ်ရှုပ်တာပဲ၊ မောင်ဥာဏ်ပြောတာ ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဒါပေမယ့် ကံရှိရင်စားရမှာ မပူပါနဲ့ကွ” လို့ ပြောပြီး ပြန်အိပ်သွား တယ်။ မောင်ဝီရိယကတော့ “ ဟာ ဒီလိုဆို မောင်ဥာဏ် အလကား အချိန် ဖြုန်းမနေနဲ့၊ လာထ သွားကြစို့” ဆိုပြီး (၂)ယောက်သား ထွက်သွားကြတာ မောင်ဥာဏ်မှန်းတဲ့ နေရာရောက်တော့
 တောရကျောင်းစေတီရင်ပြင်မှာ ဆွမ်းတော်တင်ပြီး စွန့်ထားတဲ့ ဆွမ်းနဲ့ဆွမ်းဟင်းတွေ အစုလိုက်၊ အပြုံလိုက်တွေ့ပါ သတဲ့။

ဒီအခါ မောင်ဥာဏ်နဲ့ မောင်ဝီရိယတို့ (2)ယောက်သားဟာ ဆာဆာလောင်လောင်နဲ့ စားလိုက်ကြတာ ၀မ်းဗိုက်ပြည့်မှပဲ ရပ်လိုက်ကြတော့တယ်။ မောင်ဥာဏ်က သူ့ဗိုက်ပြည့်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ မောင်ကံအတွက်ပါ သစ်ရွက်နဲ့ထုပ်ပြီး ယူခဲ့ဖို့ပြောတယ်။ မောင်ဝီရိယကတော့ “အပျင်းထူတဲ့ ဒီလူအတွက် ယူမနေစမ်းပါနဲ့ သူငယ်ချင်းရာ၊ ကိုယ့်အတွက် ကိုယ်ကြိုးစားကြတာပေါ့”လို့ ပြောပါတယ်။

ဒါပေမယ့် သူတစ်ပါးကို သနားတတ်တဲ့ မောင်ဥာဏ်ဟာ မောင်ကံအတွက်ပါ ထုပ်ယူလာခဲ့ပြီး သူတို့ နေရာရောက်တော့ အိပ်နေတဲ့ မောင်ကံကို နှိုးပြီးတော့ ထမင်းကျွေးတယ်။ မောင်ကံလည်း အိပ်ရာကထ မျက်နှာသစ်ပြီး မောင်ဥာဏ်ကျွေးတဲ့ ထမင်းကို စားပါတယ်။ 
 
ပြီးတဲ့အခါ “ကဲ .. ဒါကြောင့် ငါမပြောလား၊ ကံရှိတော့ စားရတာပဲ”လို့ ပြောပြန်တယ်။ ဒီအခါ မောင်ဥာဏ်က “ကံကို လွဲမချပါနဲ့၊ ငါဥာဏ်ရှိလို့ စားရတာ”လို့ ပြောပါတယ်။ ဒါနဲ့ မောင်ဝီရိယကလည်း “အောင်မာ ကံရှိလို့လည်း မဟုတ်ပေါင်၊ ဥာဏ်ရှိလို့လည်း မဟုတ်ပေါင်၊ ဟောဒီ ၀ီရိယရှိတဲ့ကောင်က လက်တွေ့သွားလို့ မင်းတို့စားရတာပါ”လို့ ပြောရင်း ဆိုရင်း ငြင်းခုံကြပြန်သတဲ့။

အဲဒီလိုငြင်းခုံနေကြတုန်းမှာပဲ “ကဲ .. အားလုံး နန်းတော်ကို လိုက်ခဲ့ကြလို့” ကွယ်ရာကနေ အော်ဟစ်ပြောလိုက်တဲ့ အသံကို ကြားရလို့ မောင်ကံတို့ (၃)ဦးစလုံးဟာ အံအားသင့်သွားကြတယ်။ အမှန်ကတော့ သူတို့(၃)ဦး နောက်ကို တိတ်တဆိတ်လိုက်ပြီး စောင့်ကြည့်ဖို့ ဘုရင်မင်းမြတ်က ထည့်ပေးလိုက်တဲ့ မင်းချင်းတွေရဲ့ ခေါ်သံပဲဖြစ်ပါတယ်။

နန်းတော်ကို ရောက်တဲ့အခါ တောတွင်းက အဖြစ်အပျက်တွေကို ပြန်လည်ပြောပြစေပြီးတော့ ဘုရင်မင်းမြတ်က “လောကမှာ ကံချည်း သက်သက်ကိုလည်း အားမကိုးရဘူး။ ဥာဏ်၊ ၀ီရိယချည်းသက်သက်ကိုလည်း အားမကိုးရဘူး၊ ကံရယ်၊ ဥာဏ်ရယ်၊ ၀ီရိယရယ် သုံးဖြာသုံးခု ပေါင်းစုပြီး ဆောင်ရွက်နိုင်ပါမှ လိုသမျှ အကြံအစည်၊ လုပ်သမျှ အလုပ်အကိုင်တွေ အောင်မြင်နိုင်တယ်။ 
 
ဒါကြောင့် မောင်မင်းတို့(၃)ဦးသည် “ငါသာလျှင် အမှန်လို့” တစ်ဦးချင်သဘော အတ္တမာနမထားကြဘဲ စုပေါင်းစိတ်ဓါတ် မွေးမြူပြီး ငါဘုရင်မင်းမြတ်ရဲ့ အမှုတော်ကို ထမ်းရွက်ကြရမယ်”လို့ အဆုံးအမ သြ၀ါဒပေးပြီး မောင်ကံကို အိမ်ရှေ့မင်းသား၊ မောင်ဥာဏ်ကို တရားသူကြီး၊ မောင်ဝီရိယကိုတော့ စစ်သေနာပတိ၊ အသီးသီးရာထူးများ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
ဒီဓမ္မပုံပြင်လေးက ကံ၊ ဥာဏ်၊ ၀ီရိယ တရား(၃)ပါး အပေါ်မှာ ထားသင့်ထားအပ်တဲ့ မှန်ကန်တဲ့ သဘောထားကို ရိပ်မိရုံကလေး ဖော်ပြပေးတာပါ။ 
 
ကံဆိုတာ ကမ္မဆိုတဲ့ ပါဋ္ဌိစကားကို မြန်မာမှု ပြုထားတာဖြစ်လို့ ကိုယ်ဖြင့်ပြုလုပ်မှု၊ နှုတ်ဖြင့် ပြောဆိုမှု၊ စိတ်ဖြင့် ကြံစည်မှု ဟူသမျှဟာ “ကံ” ကံတွေချည်းပါပဲ။ အဲဒီကံဟာ အရင်ဘ၀က ပြုလုပ်ခဲ့တဲ့ အတိတ်ကံနဲ့ ယခုဘ၀ပြုပြီး ပစ္စုပ္ပန်ကံလို့ နှစ်မျိုးရှိပါတယ်။ အဲဒီနှစ်မျိုးမှာ အကျိုးထူးတစ်ခုခုပေးဖို့ဆိုတာ အတိတ်ကံရဲ့ အခွင့်ရေးပါ။ ပစ္စုပ္ပန်ကံကတော့ များသောအားဖြင့် အတိတ်ကံကို ထောက်ပံကူညီရုံပဲ အခွင့်ရတာပါ။

အတိတ်ကံတွေမှာလည်း သိသိသာသာ အားကောင်းတဲ့ ကံနဲ့ သာမန်ကံရယ်လို့ (၂)ခု ရှိပါသေးတယ်။ အားကောင်းတဲ့ ကံတွေကတော့ သူများနဲ့မတူအောင် ထင်ထင်ရှားရှား ကြီးကြီးကျယ်ကျယ် အကျိုးပေးတတ်ပါတယ်။ သာမန်ကံတွေရဲ့ အကျိုးပေးကျတော့ သူလိုကိုယ်လိုသိပ် မထူးခြားလှပါ။ အဲဒီအခါမျိုးမှာ ဥာဏ်၊ ၀ီရိယရှိသူတွေသာ တခြားသူတွေထက် ကြီးပွားတိုးတက် နိုင်ပါတယ်။ 
 
ဒါကြောင့် ကံပေးသမျှနဲ့ ပဋိသန္ဓေနေ ခဲ့ရပြီးနောက် တစ်စုံတစ်ရာ ကောင်းကျိုးပေးရာမှာ “ကံတရားဟာ ဝေးတဲ့အကြောင်း၊ ဥာဏ်ပညာဟာ အလယ်အလတ်အကြောင်း၊ ၀ီရိယကတော့ အနီးဆုံးအကြောင်း”လို့ သဘောကျပြီး လောကီ လောကုတ္တရာ ဆိုင်ရာ ကိစ္စတွေမှာ အတိတ်ကံရဲ့ အကျိုးပေးမှု သက်သက်ကိုသာ မျှော်လင့်မနေဘဲ ဆိုင်ရာဆိုင်ရာ အသိအလိမ္မာ၊ ဥာဏ်ပညာများ တိုးပွားအောင် ကြိုးစားကာ ကိုယ်နဲ့ထိုက်တန်တဲ့ လုံ့လ၊ ၀ီရိယများ ထုတ်နုတ် အသုံးပြုသင့်ကြပါတယ်။

 (တော်ဝင်နွယ်)
 

No comments:

Post a Comment