/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, February 22, 2014

"အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)၊ အဘိဓမ္မာ မြတ်ဒေသနာ တရားတော်"

Photo: "အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)၊ အဘိဓမ္မာ မြတ်ဒေသနာ တရားတော်"

( ၅ )

"ရတနဃရ သတ္တာဟ"
------------------------

                  စင်္ကြံလျှောက်ပြီးတော့ ၂၂-ရက်ကနေ စပြီးတော့ ၂၈-ရက်ထိအောင် ဘာလုပ်သလံလို့ဆိုရင် ဗောဓိပင်ရဲ့ အနောက်မြောက်ဘက်မှာ ဟောဒီ အဘိဓမ္မာတရားကို ဆင်ခြင်ပြီး နေခဲ့တယ်၊

ဒီပြင်တရားတွေ သုတ္တန်တရားတွေ ဓမ္မစကြာ အနတ္တလက္ခဏ စတဲ့ သုတ်တော်တွေ ဆင်ခြင်တယ်လို့ မှတ်တမ်း မရှိဘူး၊

ဟောဒီ အဘိဓမ္မာ ၇-ကျမ်းကို မြတ်စွာဘုရားရှင်ဟာ အလေးအနက် နှလုံးသွင်း ဆင်ခြင်တယ်တဲ့။

               အဘိဓမ္မာရဲ့ သဘာဝတရားတွေကို ဆင်ခြင် စဉ်းစားပြီးတော့ အဘိဓမ္မာကို အမျိုးမျိုး ခွဲခြမ်းစိတ်ဖြာကြည့်တယ်၊

ခုခေတ်နဲ့ ဆိုရင် analysis လုပ်တယ်ပေါ့၊
ခွဲခြမ်းစိတ်ဖြာ classify လုပ်တယ်၊

နည်းအမျိုးမျိုးနဲ့ သဘာဝတရားတွေကို အစုလိုက် အစုလိုက် ခွဲခြမ်းစိတ်ဖြာ လေ့လာ ဆင်ခြင်ပြီး သုံးသပ်နေတာ ၇-ရက် ကြာတယ်၊
အဲဒါကို "ရတနဃရ သတ္တာဟ" လို့ ခေါ်တယ်။

                 ရတနဆိုတာ အဘိဓမ္မာ ၇-ကျမ်းကို ရည်စူးပြီး ခေါ်တာ၊

အလွန် နှစ်သက်စရာကောင်းတဲ့ ရတနာနဲ့ အလားတူတဲ့ "အဘိဓမ္မာ တရားတော်တွေကို ဆင်ခြင်တဲ့ စံကျောင်း" လို့ အဓိပ္ပာယ်ရတယ်၊

နတ်တွေက ဖန်ဆင်းပေးထားတဲ့ "ဃရ" စံကျောင်းကလေးထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ၇-ရက်တိတိ အဘိဓမ္မာတရားကို ဆင်ခြင်ခဲ့တယ်တဲ့။

"အဘိဓမ္မာ ၇-ကျမ်း ဆင်ခြင်ပုံ"
--------------------------------

                အဲဒီလို ဆင်ခြင်တာ အဘိဓမ္မာ ၇-ကျမ်းလို့ဆိုတော့ ပထမဆုံးကျမ်းကို "ဓမ္မသင်္ဂဏီ" လို့ ခေါ်တယ်၊

ဓမ္မ ဆိုတာ သဘာဝတရားတွေကို 

သင်္ဂဏီ ဆိုတာ အစုလိုက် အစုလိုက် စုပြီးတော့ ဖော်ပြတဲ့ကျမ်း၊

စိတ်အကြောင်းက တစ်စု၊

ရုပ်အကြောင်းက တစ်စု၊

နှစ်စု မာတိကာ၊
သုံးစု မာတိကာတွေကို အကျယ်ချဲ့ပြီးတော့ ရှင်းလင်းပြတာက တစ်စု၊

အဲဒါတွေကို အဓိပ္ပာယ် ဖွင့်ဆိုပြတာက တစ်စု 

ဆိုပြီးတော့ ၄-စုကို ၄-ကဏ္ဍခွဲပြီးတော့ "ဓမ္မသင်္ဂဏီကျမ်း"ကို မြတ်စွာဘုရားက ဆင်ခြင်တော်မူခဲ့တယ်။

                အဓိက ဓမ္မသင်္ဂဏီကျမ်းမှာ ဟောတော်မူခဲ့တာ ရုပ် နဲ့ စိတ် ပဲ၊
စိတ်လို့ဆိုတဲ့အထဲမှာ စေတသိက်လည်း ပါတယ်လို့ မှတ်ရမယ်၊
စိတ်နဲ့ ရုပ်နဲ့ အဓိကထားပြီး ဆင်ခြင်သုံးသပ်တော်မူတယ်၊

                ပြီးတဲ့အခါကျတော့ ၀ိဘင်္ဂလို့ခေါ်တဲ့ "၀ိဘင်းကျမ်း"၊

ဝိဘင်းကျမ်းမှာ အပိုင်း ၁၈-ပိုင်း ရှိတယ်၊

ခန္ဓာပိုင်း , အာယတနပိုင်း ,ဓာတ်ပိုင်း စတဲ့ အပိုင်း ၁၈-ပိုင်းကို 
သုတ္တန်နည်း အဘိဓမ္မာနည်း နည်းမျိုးစုံ မြတ်စွာဘုရား ဆင်ခြင်သုံးသပ်တယ်။

                နောက်တစ်ခု ဓာတ်တွေ၊ သဘာဝတရားတွေနဲ့ ပတ်သက်ပြီးတော့ နည်း ၁၄-မျိုးထဲမှာ ထည့်သွင်းပြီးတော့ ဓာတ်သဘောတွေကို ဆင်ခြင် စဉ်းစားတာကျတော့ "ဓာတု ကထာကျမ်း" လို့ ခေါ်တယ်။

                သဘာဝတရားတွေ ဆင်ခြင် စဉ်းစားတဲ့အခါမှာ သဘာဝတရားတွေနဲ့ ဆက်စပ်ပြီး ဖြစ်နေတဲ့ ပညတ်သဘောတွေကို ဆင်ခြင် စဉ်းစားတယ်၊

ပညတ် ၆-မျိုး ခွဲလိုက်တယ်၊

ခန္ဓာပညတ် , အာယတနပညတ် စသည်ဖြင့် ပညတ်တွေ ခွဲပြီး နောက်ဆုံးမှာ ပုဂ္ဂလပညတ်တဲ့၊

တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်လာတဲ့ ပုဂ္ဂိုလ်တွေ အသေးစိတ်ခွဲပြီး ရှင်းလင်း ဖော်ပြတဲ့ တရားကို "ပုဂ္ဂလပညတ်ကျမ်း" လို့ ခေါ်တယ်၊

ဓမ္မသင်္ဂဏီ ကျမ်းရယ်၊
ဝိဘင်းကျမ်းရယ်၊
ဓာတုကထာကျမ်းရယ်၊
ပုဂ္ဂလပညတ်ကျမ်းရယ် ဆိုပြီး အဘိဓမ္မာ ၄-ကျမ်း။

               နောက်ပြီးတဲ့အခါကျ "ကထာဝတ္ထုကျမ်း" ကို ဆင်ခြင်တယ်၊

ကထာဝတ္ထုဆိုတာ
ပြောစရာ ဆိုစရာတွေ၊
ဆွေးနွေး မေးမြန်းကြတာတွေ၊
အယူဝါဒ ကွဲပြားကြတာတွေ အငြင်းအခုံ ဖြစ်စရာ points တွေပေါ့၊

ကထာဝတ္ထုကျမ်းကြီးကို အင်္ဂလိပ်ဘာသာပြန်တဲ့သူက မြန်မာပြည်က ယဇ်မျိုးမင်းကြီး ဦးရွှေစံအောင်၊

ဘာသာပြန်တဲ့ကျမ်းကို "The Points of Controversy" လို့ခေါ်တယ်၊

အငြင်းပွားစရာ အချက်အလက်တွေကို စုပြီးတော့ အဲဒီအယူဝါဒ အငြင်းပွားမှုတွေရဲ့ သဘာဝအမှန်ကို ဆုံးဖြတ် ပေးနိုင်တဲ့ကျမ်းမျိုးကို "ကထာဝတ္ထုကျမ်း"လို့ ခေါ်တယ်။

                  ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာအောင် လေ့ကျင့်တဲ့ သဘောအနေနဲ့ သဘာဝ တရားတွေရဲ့ စကားလုံးတွေ၊ 
ဝေါဟာရတွေ၊ 
ထိုသဘာဝတရားတွေနဲ့ ဆက်စပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊
ထိုသဘာဝတရားတွေရဲ့ သဘာဝအခြေအနေတွေကို မေးခွန်းမျိုးစုံ ထုတ်ပြီးတော့ မေးလိုက် ဖြေလိုက် ၊
အမေးအဖြေ အစုံလိုက် အစုံလိုက် ဟောတဲ့ တရားကိုတော့ "ယမကကျမ်း" လို့ ခေါ်တယ်၊

ယမကဆိုတာ အစုံ၊

အတိအကျ သတ်မှတ်ထားပြီး သေချာတဲ့အရာကို သန္နိဋ္ဌာန် လို့ ခေါ်ပြီးတော့ 

ဟုတ်သလား , မဟုတ်ဘူးလားလို့ မေးမြန်းစရာဖြစ်တဲ့ အရာကျတော့ သံသယ လို့ ခေါ်တယ်၊

အဲဒီလို သန္နိဋ္ဌာန်နဲ့ သံသယ အစုံ၊
အမေးနဲ့ အဖြေ အစုံ၊
ဒီလို အစုံလိုက် အစုံလိုက် ဟောသွားတဲ့ကျမ်းက "ယမိုက်ကျမ်း"တဲ့။

                ဒီကျမ်းက ၁၀-ကျမ်းရှိတယ်၊

မူလဆိုတဲ့ သဘာဝတရားတွေရဲ့ အရင်းမြစ်နဲ့ ပတ်သက်တာက ၁-ကျမ်း၊
ခန္ဓာ လို့ဆိုတဲ့ ခန္ဓာငါးပါးနဲ့ ပတ်သက်တာက ၁-ကျမ်း၊
အာယတန ဆိုတာတွေနဲ့ ပတ်သက်တာက ၁-ကျမ်း၊
စသည်ဖြင့် ယမက လို့ ခေါ်တဲ့ "ယမိုက်ကျမ်း"ဟာ ၁၀-မျိုး ရှိတယ်၊

ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်အောင် ဆိုပြီးတော့ တစ်ခုချင်း တစ်ခုချင်း အသေးစိတ် မေးခွန်းပုစ္ဆာပေါင်း မြောက်များစွာနဲ့ အဖြေလွှာတွေကို ထုတ်ပြတဲ့ကျမ်းကို "ယမိုက်ကျမ်း" လို့ ခေါ်တယ်။

                မြတ်စွာဘုရားဟာ ဘုရားဖြစ်ပြီး ၂၂-ရက်က စပြီးတော့ အဲဒီ ရက်တစ်ပတ်လုံး အဘိဓမ္မာသဘာဝတရားတွေကို ဆင်ခြင်တယ်၊
ဒီရက်ပတ်ဟာ ဆင်ခြင် တွေးတောနေတဲ့ ရက်သတ္တပတ်တဲ့၊

ဓမ္မသင်္ဂဏီကျမ်းကို ဆင်ခြင်တယ်၊ လွယ်လွယ်ကူကူနဲ့ ဆင်ခြင်လို့ ရတယ်၊
ဝိဘင်းကျမ်း
ဓာတုကထာကျမ်း
ပုဂ္ဂလပညတ်ကျမ်း
ကထာဝတ္ထုကျမ်း
ယမိုက်ကျမ်းကို ဆင်ခြင်တယ်၊

မြတ်စွာဘုရားဉာဏ်တော်နဲ့ဆိုရင် ဒါလေးတွေက အလွယ်လေးတွေ၊ 
အလွယ်လေးဆိုတော့ အခက်အခဲ မရှိဘူး၊

သိပ်ပြီး ပီတိ မဖြစ်လှဘူး၊
မြတ်စွာဘုရားအဖို့ လွယ်လွန်းနေတယ်တဲ့။

                ဒီမှာ နောက်ဆုံးဖြစ်တဲ့ သိပ်ပြီးကျယ်ဝန်းတဲ့ "ပဋ္ဌာန်းကျမ်းကြီး"ကို ဆင်ခြင်လိုက်တဲ့ အခါကျတော့မှ အသိဉာဏ်နဲ့ တွေးတောစရာ အာရုံတွေဟာ အံဝင်ခွင်ကျ ဖြစ်သွားတယ်၊

ပဋ္ဌာန်းကျမ်းကြီးက အလွန် ကျယ်ဝန်းတယ်၊

အဋ္ဌကထာ ဆရာကြီးက ဥပမာ ပေးထားတယ်၊
အင်မတန် ကြီးမားတဲ့ ဝေလငါးကြီးတွေဟာ ပင်လယ်ထဲမှာသာလျှင် လူးလွန့် လှုပ်ရှားပြီးတော့ ကစားနိုင်ကြတယ်တဲ့၊
ကျဉ်းမြောင်းတဲ့ မြစ်ချောင်း အင်းအိုင်တွေထဲမှာဆို သူတို့ခန္ဓာကိုယ်ကြီးနဲ့ဆို မဆံ့ဘူးတဲ့။

                 မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးဟာလည်း ပဋ္ဌာန်းကျမ်းကြီးထဲကျမှ စိတ်တိုင်းကျ အားပါးတရ လူးလွန့်ပြီး ကွန့်မြူး ဆင်ခြင် တွေးတောလို့ ရတယ်၊
ကျန်တဲ့ကျမ်းတွေက နည်းနည်း ကျဉ်းနေတယ်ပေါ့။

"ရောင်ခြည်တော်တွေ"
-----------------------

                ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်တဲ့အခါကျတော့ စိတ်က ပိုပြီးတော့ ပျော်လာတယ်၊
သိစရာတွေကလည်း အများကြီး၊

လူများလိုပေါ့၊ တစ်ခါတလေ ကျဉ်းကျဉ်းကြပ်ကြပ် နေရာကနေပြီးတော့ လွင်ပြင်ကြီး ရောက်သွားတဲ့အခါ စိတ်တွေက လွတ်လပ်သွားသလိုပဲ မြတ်စွာဘုရားရဲ့ အသိဉာဏ်ဟာလည်း ပဋ္ဌာန်းကျမ်းကြီး ရောက်တဲ့အခါကျတော့ တကယ့် လွင်ပြင်ကြီးထဲ ရောက်သွားသလိုပဲ စိတ်ထဲမှာ လူးလွန့် ကျက်စားလို့ အလွန် ကောင်းသွားတယ်၊

အဲဒီလို ကောင်းတော့ စိတ်တော်ဟာ ပိုပျော်ပြီးတော့ ပီတိတွေ ဖြစ်လာတယ်၊

အဲဒီ ပီတိတွေရဲ့ စွမ်းအားကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွေဟာ ကြည်လင်လာတယ်၊

သွေးတွေက အရောင်းပြောင်းလာပြီး ခန္ဓာကိုယ်ကနေပြီး အရောင်တွေ တဖိတ်ဖိတ် တောက်လာတယ်။

                 ဒါကြောင့်မို့ ပဋ္ဌာန်းကျမ်းကြီး ဆင်ခြင်တဲ့အခါမှာ ရောင်ခြည်တော်တွေ လွှတ်တယ်ဆိုတာ အဲဒါကို ပြောတာနော်၊

သူ့ဟာသူ လွှတ်တာ မဟုတ်ဘူး၊
ပဋ္ဌာန်းကျမ်းကြီးကို ဆင်ခြင်လိုက်တဲ့အခါကျတော့မှ သိပ်ပြီးတော့ ကျေနပ်အားရတဲ့ ပီတိဖြစ်တယ်၊

ထိုပီတိကြောင့် ခန္ဓာကိုယ်က သွေးတွေဟာ စင်ကြယ်လာတယ်၊

ကြေးပြားတစ်ခုကို ကျကျနန ပွတ်လိုက်တဲ့အခါကျတော့  စင်ကြယ်လာတဲ့အခါ အရောင်က တဖိတ်ဖိတ် တောက်ပြောင်လာသလို၊
ကျောက်ရိုင်းတုံးလေးတစ်တုံးကို သွေးပြီးတော့ အရောင်တင်လိုက်တဲ့အခါကျတော့ တလက်လက် ဖြစ်လာသလိုပဲ ဉာဏ်တော်နဲ့ သွေးပြီးတော့ ကြည့်လိုက်တဲ့အခါမှာ တစ်ကိုယ်လုံးဟာ အရောင်အ၀ါတွေ တလက်လက်နဲ့ ဖိတ်ဖိတ် တောက်လာတယ်။

                ရောင်ခြည်တော်တွေ လွှတ်တယ်၊
အဲဒီ သတ္တာဟဟာ အင်မတန် ထူးခြားတဲ့ သတ္တာဟတစ်ခုဖြစ်လို့ "ရတနဃရ သတ္တာဟ" တဲ့၊

၇-ရက်တိတိ အဘိဓမ္မာတရားတွေကို ဆင်ခြင်လိုက်တာ နောက်ဆုံး ပဋ္ဌာန်းကျမ်းကြီးကို ရောက်တဲ့အခါ ခန္ဓာကိုယ်ကနေ ရောင်ခြည်တော်တွေ ထွက်လာသည်အထိ ဖြစ်လာခဲ့တယ်၊

ဒါ အဘိဓမ္မာဒေသနာရဲ့ ထူးခြားချက်တစ်ခုပဲ၊

မဟောခင်ကတည်းက အဘိဓမ္မာရဲ့ သဘာဝတရားတွေကို မြတ်စွာဘုရားက ကြိုတင် ဆင်ခြင် စဉ်းစားထားပြီးသား ဖြစ်တယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)

……………………………………………………

(ဆက်လက် ကူးယူ ပူဇော်ပါရစေ၊ ကျေးဇူးတင်ပါတယ်ရှင်) 

"အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)၊ အဘိဓမ္မာ မြတ်ဒေသနာ တရားတော်"
( ၅ )"ရတနဃရ သတ္တာဟ"

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော

"အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)၊ အဘိဓမ္မာ မြတ်ဒေသနာ တရားတော်" မှ ပြန်လည်ကောက်နှုတ် တင်ပြအပ်ပါသည်။

No comments:

Post a Comment