/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, February 26, 2014

**၂၀သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထက်က ဗုဒ္ဓအလောင်းတော်နှင့် ဗုဒ္ဓ၀င်အစ **



ဤဘဒ္ဒကမ္ဘာမှရေတွက်သော် ကမ္ဘာပေါင်း၂၀သင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်ပေါရာဏဒီပင်္ကရာဗုဒ္ဓ ပွင့်သည့်ကာလတွင်
ဂေါတမဗုဒ္ဓလောင်းလျာသည် ဘုရင်သမီးတော် (အမျိုးသမီး)ဘ၀၌
ဖြစ်ခဲ့သည်။



ပေါရာဏဒီပင်္ကရာဗုဒ္ဓ၏ လူ့ဘ၀က နှမတော်လည်းဖြစ်သည်။ မင်းသမီးသည် တစ်နေ့သော ညနေအခါတွင် ဆီးမီးအလို့ငှာ မုန့်ညှင်းဆီကိုအလှူခံနေသော ရဟန်းတော်တစ်ပါးအား မုန့်ညှင်းဆီလှူဒါန်းပြီး ဗုဒ္ဓဖြစ်ရန်ဆုပန်ခဲ့သည်။
ပေါရာဏဒီပင်္ကရာဗုဒ္ဓက ဂေါတမဗုဒ္ဓလောင်းလျာမင်းသမီးအား ယောက်ျားဘ၀ကိုအရင်ဆုတောင်းရန်ညွန်ကြားခဲ့သည်။


မင်းသမီး လောင်းလှူလိုက်သော ဆီးမီးကို အလှူခံသောရဟန်းတော်သည် ဒီပင်္ကရာဗုဒ္ဓကဲ့သို့ဗုဒ္ဓဖြစ်ရန်ဆုတောင်းခဲ့ရာ-" ဗုဒ္ဓက ထိုရဟန်းတော်အား နောင် ၁၆-သင်္ချေ ကမ္ဘာတစ်သိန်းကြာအောင် ပါရမီဖြည့်တော်မူပြီးနောက် ဒီပင်္ကရာဗုဒ္ဓ (၀ီရိယ ဓိက) သုမေဓာရှင်ရသေ့အား ဗျာဒိန်ပေးတော်မူမည့် ဘုရားတစ်ဆူ ဖြစ်လာမည် " ဟုဗျာဒိတ်ပေးခဲ့သည်။ မင်းသမီးသည် ဗျာဒိတ်ရ ရဟန်းတော်ထံတွင်နောက်နေ့၌ မုန့်ညှင်းဆီ ဒါနပြုပြီးယောက်ျားဘ၀ကိုဆုပန်ခဲ့သည်။ မင်းသမီးသည် ဒီပင်္က ရာဗုဒ္ဓလောင်းလျာရဟန်းတော်နှင့်အတူအသက်ထက်ဆုံး ဒါန၊ သီလ၊ ဘာဝနာမှုပြုကာ ပါရမီအတူဖြည့်တော်မူခဲ့သည်။

၇-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ( ပထမကာလကြီး)

ထို့နောက် ယောက်ျားဘ၀အဖြစ်ကိုရရှိနေပြီးဖြစ်သည့် ဂေါတမဗုဒ္ဓလောင်းလျာ အမျိုးသားသည် ကမ္ဘာပေါင်း ၇-သင်္ချေကာလအတွင်းပွင့်တော်မူသော ဗုဒ္ဓပေါင်း ၁-သိန်း ၂-သောင်း ၅-ထောင်ဆူတို့ထံတွင် ဒါန၊ သီလ၊ ဘာဝနာမှုပြုပြီး ဗုဒ္ဓဖြစ်ရန် စိတ်ထဲမှဆုပန်ခဲ့သည်။ဤကာလသည် ဂေါတမဗုဒ္ဓလောင်းသည် " ဗုဒ္ဓဖြစ်လိုစိတ် " ပြင်းပြစွာထားကာ ပါရမီဖြည့်ရသည့် ပထမဆုံးကာလကြီးဖြစ်သည်။


၉-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ( ဒုတိယကာလကြီး)

ထို့နောက် တစ်ခုသောဘ၀တွင် ဗုဒ္ဓလောင်းလျာသည်အလွန် ခွန်အားဗလကောင်းသော၊ အရပ်အမောင်းကြီးမားသော ဆင်းရဲသားအမျိုးသားဖြစ်ခဲ့သ

ည်။ ဆင်းရဲချို့တဲ့စွာ မိခင်နှင့်အတူနေရသည်။ ထိုဆင်းရဲချို့တဲ့မူကိုပြေလည်ရန်အလို့ငှာ သင်္ဘောသားအဖြစ်လုပ်ကာ သုဝဏ္ဏဘုမ္မိ(ယခု-မြန်မာပြည်)သို့ လိုက်သွားရန်ပြင်ခဲ့သည်။

သူ့အမေပါ ထိုသင်္ဘောပေါ်သို့ခေါ်ပြီး ပင်လယ်ခရီးကိုစတင်ခဲ့သည်။ ပင်လယ်ထဲတွင် မုန်တိုင်းကျ၍သင်္ဘောပျက်သောအ
ခါ ဗုဒ္ဓလောင်းလျာသည် မိခင်ကို ကျောပိုးကာပျဉ်ပြားပေါ်တွင်သားအမိနှစ်ယောက် ကူးကာနေ ခဲ့သည်။ ထိုအချိန်တွင် ဗြဟ္မာ(သုဒ္ဓါဝါသ ၅-ဘုံမှ )ကြီးတစ်ဦးက ဘုရားပွင့်ခဲ့သည့်ကာလကိုချင့်တွက်ကာ ဗုဒ္ဓများ မပွင့်ပေါ်သည်မှာ ကြာလာပြီဖြစ်သဖြင့်ဗုဒ္ဓဖြစ်နိုင်ရန်ပုဂ္ဂိုလ်ကိုရှာဖွေနေစဉ်၊လုံလ၀ီရိယထက်သန်သော
 ဂေါတမဗုဒ္ဓ လောင်းလျာသဘောင်္သားကိုတွေ့ရှိပြီး ဗုဒ္ဓဆုပန်ရန်တိုက်တွန်းသဖြင့် ဂေါတမဗုဒ္ဓလောင်းလျာသည် ဤသို့-


" ငါ ဗုဒ္ဓဖြစ်လို့ သစ္စာလေးပါးသိသလို၊ သတ္တ၀ါတွေကို သစ္စာလေးပါးတရားကို သိစေမည်။

ငါ သံသရာမှလွတ်မြောက်သွားသလို၊
သတ္တ၀ါတွေကို လွတ်မြောက်စေရမည်။
ငါ သံသရာသမုဒ္ဒရာကြီးကိုကူးပြီး
( နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းရောက်သလို) ၊
သတ္တ၀ါတွေကိုလည်းနိဗ္ဗာန်တည်း
ဟူသော ဟိုဘက်ကမ်းကိုပို့ဆောင်ပေးမည် "
ဟု နှုတ်မြွက်ပြီး ဆုပန်ခဲ့သည်။

ဂေါတမဗုဒ္ဓလောင်းလျာသည် ထိုသင်္ဘောသားကြီးဘ၀မှ စတင်ကာ ကမ္ဘာပေါင်း ၉-သင်္ချေကာလကြီး၌် ပွင့်တော်မူသည့် ဗုဒ္ဓပေါင်း ၃-သိန်း ၈- သောင်း ၇- ထောင်ဆူတို့ထံတွင် ဒါန၊ သီလ၊ ဘာဝနာမှုတို့ပြုကာ ဗုဒ္ဓဖြစ်ရန်နှုတ်မြွက်ပြီး ဆုတောင်းခဲ့သည်။ ဤကာလသည် ဂေါတမဗုဒ္ဓလောင်းသည် ဗုဒ္ဓဖြစ်တော်မူလိုသောစိတ်တု
ိ့ အပြင်းပြဆုံးရောက်ရှိကာ၊ နှုတ်တော်မှ မြွက်ကြားကာ ပါရမီဖြည့်တော်မူရသည့် ဒုတိယကာလကြီးဖြစ်သည်။

၎-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ( တတိယကာလကြီး နှင့် ဗုဒ္ဓဖြစ်ချိန် )


ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာပေါင်း ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက် ကာလတွင် ဂေါတမဗုဒ္ဓလောင်းလျာသည် ဈာန်အဘိဥာဉ်ရသော သုမေဓာအမည်ရှိ ရသေ့ဖြစ်လာသည်။ ပေါရာဏဒီပင်္ကရာဘုရားထံတွင်ဝိ
ရီယဓိကဘုရားအဖြစ်ဖြင့် ဗျာဓိတ်ရသော ရဟန်းတော်သည် ပါရမီပြည့်၍ ဒီပင်္ကရာဗုဒ္ဓ ဖြစ်တော်မူသည်။

ဒီပင်္ကရာဗုဒ္ဓသည် သုမေဓာရသေ့ကိုလွန်ခဲ့သော ၁၆ သင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလက အတိတ်ဖြစ်တော်စဉ်ကိုဟောကြား
ပြီးမုန့်ညှင်းဆီလှူသောအကြောင်းကြောင့်လည်းကောင်း၊ ဗုဒ္ဓဖြစ်ရန်ဆုပန်သဖြင့်လည်းကောင်း၊ နောင် ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီဖြည့်ပြီးနောက်၊ ဘဒ္ဒကမ္ဘာတွင်(သိဒ္ဓတ္ထ- မုန်ညှင်း၊ တေလ-ဆီ ) - မုန့်ညှင်းဆီ) သိဒ္ဓတ္ထမင်းသားအဖြစ်မှ ဂေါတမအမည်ရ ဗုဒ္ဓတစ်ဆူဖြစ်မည်ဟုဗျာဓိတ်တော်ပေးခဲ့သည်။

ထိုအချိန်တွင် ယသော်ဓရာဒေ၀ီလောင်းလျာ သုမိတ္တာအမည်ရှိ သူဋ္ဌေးသမီးသည် နောက်တော်ပါအခြွေအရံတော် တွေနဲ့ ဒီပင်္ကရာဗုဒ္ဓကို ကြာပန်းလှူရန်ရောက်ရှိနေသည်
။ သူမသည် သုမေဓာရသေ့ ဗုဒ္ဓဗျာဓိတ်ရတော်မူသည်ကို ကြားသိကာ သုမေဓာရသေ့၏ ပါရမီဖြည့်ဘက်ဆုကို တောင်းရာ ဗျာဓိတ်တော်ရခဲ့သည်။ ( သုမိတ္တာသည် လှူရန် ကြာပန်း ၈-ခိုင်ကို ယူလာရာ ၅-ခိုင်ကို သုမေဓာရှင်ရသေ့အားလှူပြီး၊၃-ခိုင်ကို ဒီပင်္ကရာဗုဒ္ဓအား လှူခဲ့သည် ။

ဂေါတမဗုဒ္ဓသည် ပါရမီဖြည့်ဘက် ယသော်ဓရာဒေ၀ီနှင့်အတူ ဤဘဒ္ဒကမ္ဘာ၌ ဝေဿန္တာရာမင်းကြီးဘ၀ဖြင့်ပါ
ရမီတော် အလုံးစုံပြည့်တော်မူသည်။ ထို့နောက် တုဿိတာနတ်ပြည်ရှိ သေတကေတုနတ်သားအဖြစ်မှ နတ်သက်ကြွေကာ ၊ လူပြည်တွင်သိဒ္ဓတ္ထမင်းသားဖြစ်လာခဲ့သည်။

ဂေါတမဗုဒ္ဓဖြစ်တော်မူသောအခါ ကပ္ပိလ၀တ်ပြည်သို့ဗုဒ္ဓဖြစ်တေ
ာ်မူပြီးသည့်နောက် ပထမဆုံးပြန်လာ စဉ်တွင် ယသော်ဓရာဒေ၀ီအား ထို ၁၆-သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလ ပါရမီဖြည့်ခဲ့ရပုံကို ဟောကြားတော်မူခဲ့သည်။

နောင်သောအခါတွင် အခြားသူတို့မေးမြန်းလျှောက်
ထားသဖြင့် ယသော်ဓရာရဟန္တာထေရီမကြီးသည် ၄သင်္ချေနှင့်ကမ္ဘာ တစ်သိန်းအလွန်၁၆သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလ)
 ဂေါတမဗုဒ္ဓပါရမီဖြည့်ရာကာလ
 နှင့်ပါရမီဖြည့်ရာဖြစ်တော်စဉ်ကို
တစ်ဆင့်ဟောကြားပေးခဲ့သည်။

မှီငြမ်း- ယသော်ဓရာထေရီအပဒါန်

ထေရီအပဒါနဒီပနီ
( ဗန်းမော်ဆရာတော်ကြီး- နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ)
.......................

ဂေါတမဗုဒ္ဓ၏ ပါရမီဖြည့်ဆည်းရာကာလများ - အနှစ်ချုပ်


ဂေါတမဗုဒ္ဓ (ပညာဓိကဗုဒ္ဓ) ပါရမီပြည့်ရန် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးဖြင့် ဖြည့်ဆည်းရာ ကာလကြာချိန်-

( ၂၀ ) သင်္ချေထက် ကမ္ဘာတစ်သိန်း

ပါရမီဖြည့်ရာ ပထမကာလကြီး -

ကမ္ဘာပေါင်း ၇-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း
( ပွင့်တော်မူသည့် ဗုဒ္ဓပေါင်း - ၁- သိန်း ၂- သောင်း ၅- ထောင်ဆူ )
( အမျိုးသမီးဘ၀မှ ယောက်ျားစဖြစ်တဲ့အချိန်ထိ စိတ်ဖြင့်ဆုတောင်း )

ပါရမီဖြည့်ရာ ဒုတိယကာလကြီး -

ကမ္ဘာပေါင်း ၉ သင်္ချေနှင့် ကမ္ဘာတစ်သိန်း
( ပွင့်တော်မူသည် ဗုဒ္ဓပေါင်း -၃- သိန်း ၈- သောင်း ၇- ထောင်ဆူ )
( သင်္ဘောသားဘ၀မှစတင်ကာ နှုတ်ဖြင့်ဆုတောင်း )
( ကမ္ဘာပေါင်း ၁၆- သင်္ချေကာလတွင် ဗုဒ္ဓရှင်ပေါင်း ၅- သိန်း ၁- သောင်း ၂- ထောင် ဆူ ပွင့်တော်မူသည်။ထိုကာလတွင် ဘုရားအလောင်းတော်သည် စိတ် ၊ နှုတ် နှစ်ပါးဖြင့်သာ ဆုတောင်းခဲ့သည် )

ပါရမီဖြည့်ရာ တတိယကာလကြီး -

ပါရမီပြည့်ပြီး ဗုဒ္ဓဖြစ်တော်မူသည့်အချိန်ထိ
ကမ္ဘာပေါင်း ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း
( ပွင့်တော်မူသည် ဗုဒ္ဓပေါင်း နှစ်ကျိပ်ရှစ်ဆူ (၂၈)ဆူ )
(သုမေဓာရသေ့ဘ၀မှစတင်ကာ ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးဖြင့် ဆုတောင်း )
( ကမ္ဘာပေါင်း ၂၀-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလတွင် ဗုဒ္ဓရှင်တော်မြတ်ပေါင်း ၅ -သိန်း ၁-သောင်း၂-ထောင် - နှစ်ကျိပ်ရှစ်ဆူ ၂၈ဆူ ပွင့်တော်မူသည် )

ဤနေရာ၌ သမ္ဗုဒ္ဓေဂါထာတော်လာ ( ၅ သိန်း ၁ သောင်း ၂ ထောင် ၂ ကျိပ် ၈ ဆူ )သော ဘုရားရှင်တို့၏ အရေအတွက်ကို သိရှိကြည်ညိုနိုင်ကြပါသည်။ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သမ္ဗဒ္ဓေဘုရားမှ များပြားလှစွာသော ရုပ်ပွားတော်များသည်လည်း ဤသည်ကို ရည်ရွယ်ကာ ထွင်းထုသွန်းလုပ် ပူဇော်ထားခြင်း ဖြစ်သည်။


ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် မိမိတို့၏ ဆရာဖြစ်တော်မူသောဂေါတမဗုဒ္ဓ၏
ပါရမီဖြည့်ဆည်းရသည့် ဗုဒ္ဓဖြစ်တော်စဉ် နှင့် ကာလတို့ကို ဖတ်ရှုကြည်ညိုပြီး ၊ မိမိတို့သဏ္ဍာန်၌လည်း "ဗုဒ္ဓ"ကဲ့သို့ မကောင်းမူအပေါင်းကို ရှောင်ကြဉ်ပြီး၊ ကောင်းမှုပါရမီအပေါင်းကို ဖြည့်ကျင့်ဆည်းပူးကာအနှိုင်းမဲ့စိတ်ဓာတ်ဖြူစင် အေးချမ်းမှုကို ရအောင် သမထ၊ ၀ိပဿနာတရားတို့ကို ကျင့်ကြံအားထုတ်သင့်သည်။

မိစ္ဆာဝါဒီတို့၏ မကောင်းသော အဓမ္မတရားတို့ မပေါ်ပေါက်မလွှမ်းမိုးခင်-

လောကငြိမ်းချမ်းသာယာရေးအတွက
် စစ်မှန်သောလမ်းညွန်ချက်တို့ရှိသော၊ဒုက္ခခပ်သိမ်းကင်းဝေးနိုင်သော အကျင့်ကောင်း၊ အကျင့်မြတ်တို့ရှိသော၊သူတော်ကောင်းလမ်းစဉ်တို့နှင့်
 လောကတစ်ခုလုံး၏ အကောင်းဆုံးအနှစ်သာရတို့သက်ဝင်နေသည့် ဗုဒ္ဓသာသနာတော်တည်ရှိစဉ် အခါကာလမှာ - ငရဲ, ပြိတ္တာ,တိရစ္ဆာန်, အသူရကာယ်စသော ဒုဂ္ဂတိဘုံသားတို့၏ ဆင်းရဲအတိရောက်ရမှု ၊ လူဖြစ်ရတဲ့ဘ၀တန်ဖိုး၊ လူသားတို့ထက် မြင့်မြတ်သောဘုံဘ၀သို့ရောက်ရသောဘ၀တန်ဖိုးနှင့် ဆင်းရဲမူတွေသာများပြီး၊ မပြောပလောက်သည့် ချမ်းသာမှုတွေရှိသည့် ဘ၀သံသရာရဲ့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းမှုကို သိနားလည်သူ - လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံးက ဗုဒ္ဓ ဆုံးမ ၊လမ်းညွှန်ချက်ဖြစ်သော " သီလ၊ သမာဓိ၊ ပညာ " သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို တသွေမတိမ်း လိုက်နာကျင့်ဆောင်ရပေမည်။
" လောကတွင် ဗုဒ္ဓရှင်တော်မြတ်တို့ပွင့်ထ
ွန်းပေါ်ပေါက်လာခြင်းသည်
လောကသတ္တ၀ါများ ချမ်းသာခြင်း၏ အကြောင်းရင်းပေတည်း "

Buddhism Beams(myanmar)

ဒီနေရာမှ ကူးယူမျှဝေပါသည်။

No comments:

Post a Comment