မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Sunday, February 23, 2014
**** ဆရာ မိုးဟိန်းရဲ့ နောက်ဆုံးကဗျာ ****
ကျွန်တော်တို့ သေခါနီးအချိန်ရောက်ရင်
ဆရာ မိုးဟိန်းလို သတ္တိရှိနိုင်ပါ့မလား...
မိုးဟိန်း (သားဂျာနယ်ကျော်) ရဲ့
(26.07.2010) ၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ
နောက်ဆုံးရေးခဲ့တဲ့ ကဗျာလေးပါ..
(၁)ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။
(၂)ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
‘ဘုရားရှင်ရဲ့ ဂုဏ်တော်’ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ဆက်ပြောပါရစေ...
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။
မိုးဟိန်း (သားဂျာနယ်ကျော်)
http://www.ganadharama969.com/2014/01/blog-post_30.html#more
Subscribe to:
Post Comments (Atom)
No comments:
Post a Comment