မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, February 21, 2014
***** ကိုယ့်ကိုယ်ကို သစ္စာရှိပါ *****
“ ကိုယ့်ကိုယ်ကို သစ္စာရှိပါ ”
•••••••••••••••••••••••
ကိုယ်ရည်ကိုယ်သွေး အကောင်းဆုံးလူတစ်ယောက်
ဖြစ်လာဖို့ဆိုတာ . . .
ကိုယ့်မှာရှိသမျှဖြစ်နိုင်တဲ့ အခြေအနေ၊
ဖြစ်နိုင်တဲ့ အလားအလာ ရှိသမျှကို
အကောင်းဆုံးပေါ်ထွက်လာအောင် လုပ်လိုက်တာပဲ။
လူတစ်ယောက် အတွက်
ဒီထက်ကောင်းတဲ့ ရည်ရွယ်ချက် ရှိသေးသလား။
မရှိတော့ဘူးနော်။
Personality (ကိုယ်ရည်ကိုယ်သွေး) ဆိုတာထဲမှာ-
•ဖီးလိမ်းပုံ၊
•ပြင်ဆင်ပုံ၊
•ရုပ်ရည်ရူပကာယလည်း ပါသလို၊
•ဆံပင်အနေအထား၊
•အင်္ကျီအဝတ်အစားလည်း ပါတယ်နော်။
•ပြောပုံဆိုပုံ၊
•ဝတ်ပုံစားပုံ၊
•စားပုံသောက်ပုံ၊
•လုပ်ပုံကိုင်ပုံ ဒါတွေလည်းပါတယ်။
ဒါတင်မကသေးဘူး။
•စိတ်နေသဘောထားနဲ့ အသိဉာဏ်၊
•လူအများနဲ့ ဆက်ဆံရေး ဆိုတာတွေလည်း ပါတယ်နော်။
Personality ဆိုတာ လူတစ်ယောက်မှာ
ဖြစ်နိုင်သမျှ အလားအလာရှိသမျှ အကုန်လုံး
အကောင်းဆုံး ဖြစ်အောင် လုပ်တာလို့
အဓိပ္ပါယ်ကောက်ထားပြီးပြီဆိုတော့ ဘာမှ မကျန်တော့ဘူး။
ဒါကြောင့် ပေါ့ပေါ့တန်တန်မနေပဲနဲ့
ကိုယ့်ကိုယ်ကို အမြဲတမ်း သန့်သန့်ရှင်းရှင်း ၊
သပ်သပ်ရပ်ရပ်ဖြစ်နေရအောင် ကြိုးစားရမယ်။
♦ရုပ်ရည်လည်း သန့်သန့်ပြန့်ပြန့်၊
♦အဝတ်အစားလည်း သန့်သန့်ရှင်းရှင်း၊
♦စိတ်ကလည်း သန့်သန့်ပြန့်ပြန့်လေး၊
သန့်သန့်ရှင်းရှင်းလေး၊ ကြည်ကြည်လင်လင်လေး
ဖြစ်အောင်အမြဲတမ်း ကြိုးစားရမယ်
The development of personality
means fidelity of the law of one’s beings.
ကိုယ့်ရဲ့ Personality ကို တိုးတက်ဖွံ့ဖြိုးအောင်
အစွမ်းကုန်ကြိုးစားတာဟာ ကိုယ့်ကိုယ်ကို သစ္စာရှိတာပဲ။
【ဆရာတော် ဦးဇောတိက၏
“ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန်” မှ-】
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment