/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, February 24, 2014

*** ဝါးချက်မင်းကျောင်းဆရာတော်ကြီးနှင့်ရသေ့ကြီးဦးခန္တီ တို့၏ ဘုရားရှိခိုးဂါထာ****

ဝါးချက်မင်းကျောင်းဆရာတော်ကြီးနှင့်
**************************
****
ရသေ့ကြီးဦးခန္တီ တို့၏ ဘုရားရှိခိုးဂါထာ
**************************
****
မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်ချုပ်စဉ်ကာလနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစ အချိန်ပိုင်းလောက်က မြန်မာပြည် ဗုဒ္ဓဘာသာသမိုင်းမှာ တန်ခိုးကြီး ဘုန်းကြီးသော ပုဂ္ဂိုလ်အဖြစ်
စစ်ကိုင်းမြို့ ဝါးချက်မင်းကျောင်းဆရာတော်ကြီးနှင့် ရသေ့ကြီးဦးခန္တီတို့ နှစ်ဦးဟာ ထင်ရှားကျော်ကြားခဲ့ပါတယ် ။



တစ်နေ့မှာ ဝါးချက်မင်းကျောင်းဆရာတော်
နှင့် ရသေ့ကြီးဦးခန္တီတို့နှစ်ဦး မန္တလေးမြို့ ရသေ့
ကြီးဦးခန္တီကျောင်းမှာ ဆုံကြသတဲ့ ။

ဆုံကြတော့ မင်းကျောင်းဆရာတော်ကြီးက
ဦးခန္တီကိုမေးသတဲ့။ "ရသေ့ကြီး ခင်ဗျားသိပ်ဘုန်း
တန်ခိုးကြီးတယ်လို့ သတင်းမွှေးနေတယ်၊ နာ
မည်ကြီးနေတယ်၊ အဲဒီလို နာမည်ကြီးတာနဲ့
လျော်ညီအောင် ထူးခြားမှုတစ်ခုခု လုပ်ပြနိုင်
မလား" လို့ မေးသတဲ့ ။

ဒီတော့ ရသေ့ကြီးကလည်း "မှန်ပါ၊ လုပ်ပြ
နိုင်ပါတယ်ဘုရား" လို့ ပြန်လျှောက်သတဲ့။ ဒီလို
ဆို အခုဘဲလုပ်ပြပါလို့ ဆရာတော်ကြီးက မိန့်
လိုက်တဲ့အခါ၊ ရသေ့ကြီးက ဒီလိုဆို တပည့်
တော်ကို တစ်နာရီအချိန်ပေးပါလို့ ပြန်လျှောက်
သတဲ့ ။

ကောင်းပြီ တစ်နာရီစောင့်ပါမယ်လို့ ဆရာ
တော်ကြီးက မိန့်လိုက်တယ်ဆိုရင်ပဲ ရသေ့ကြီး
ဟာ ဘုရားခန်းထဲဝင်သွားပြီး ဘုရားရှေ့မှာ
ထိုင် ပုတီးစိပ်တယ်၊ လေးဆယ့်ငါးမိနစ်ကြာတဲ့
အခါဘုရားခန်းထဲမှ ပြန်ထွက်လာသတဲ့၊ ဒီတော့
မင်းကျောင်းဆရာတော်ကြီးက ပတ်ဝန်းကျင်
အားလုံးကို အကဲခတ်ကြည့်ရှုပြီး ရသေ့ကြီးကို
"ရသေ့ကြီး ဘာမှလဲ ထူးထူးခြားခြား မတွေ့ရ
သေးပါလား" လို့ မိန့်လိုက်သတဲ့ ။

ရသေ့ကြီးကလည်း "ဆရာတော် တပည့်
တော်က တစ်နာရီအချိန်တောင်းထားတာပဲ၊ အ
ခု လေးဆယ့်ငါးမိနစ်ပဲ ရှိပါသေးတယ်၊ တစ်နာ
ရီမှ မပြည့်သေးတာ၊ နောက်ထပ် ဆယ့်ငါးမိနစ်
လိုပါသေးတယ်ဘုရား၊ ထူးခြားလာပါလိမ့်မယ်"

ဒါနဲ့ နောက်ထပ် ဆယ့်ငါးမိနစ်လောက်ကြာ
တော့ စုစုပေါင်းအချိန်တစ်နာရီခန့် အကြာမှာ
လူတစ်ယောက် အဖြူရောင်အထုပ်တစ်ထုပ်ကို
ကိုင်လျက် ပါးစပ်ကလည်း "ရသေ့ကြီးဦးခန္တီ ရှိ
ပါသလားဘုရား" လို့ ပြောပြီး ကျောင်းထဲဝင်
လာသတဲ့ ။

"ရှိပါတယ် ရှိပါတယ်၊ ဘာလုပ်မလို့လဲ"မေးတော့ ရသေ့ကြီးဦးခန္တီအား လှူချင်လို့ပါတဲ့၊ "လာခဲ့ လာခဲ့ ရပါတယ်၊ လှူလှည်ပါ" ပြောတယ်၊
အဲဒီလူက သူပါလာတဲ့ အဖြူရောင်အဝတ်ထုပ်
လေးကို ရသေ့ကြီးအား လှူပြီးတော့ ဦးချပြန်
သွားသတဲ့ ။

အလှူရှင်ပြန်သွားတာနဲ့ ချက်ချင်းဆိုသလို
ပဲ ရသေ့ကြီးက ၎င်းအထုပ်ကို မင်းကျောင်းဆ
ရာတော် အရှေ့မှာ ဖြေလိုက်တယ်။ လား လား
ဝင်းကနဲ လက်ကနဲ ရွှေဒင်္ဂါးပြားတွေ၊ ရေတွက်
ကြည့်တော့ (၁၀၈) ပြား တွေ့ရသတဲ့ ။

ရသေ့ကြီးကလည်း မင်းကျောင်းဆရာတော်
ဘက် လှည့်ကြည့်ပြီးတော့ "ဆရာတော်-- ဆရာ
တော်လည်း တန်ခိုးကြီးတယ် ဘုန်းကြီးတယ်လို့
နာမည်ထွက်နေတာ ကြာပါပြီ၊ နာမည်ကြီးတာ
နဲ့ လိုက်ဖက်တဲ့ အံ့ဩဖွယ်ရာတစ်ခု လုပ်ပြနိုင်
ပါ့မလားဘုရား" လို့ လျှောက်လိုက်တော့၊ "ဟ-
လုပ်ပြနိုင်တာပေါ့" လို့ ဆရာတော်က မိန့်တော့
ဒီလိုဆို အခုပဲလုပ်ပြတော်မူပါလို့ လျှောက်ထား
တဲ့အခါ၊ ဒီလိုဆိုရင်ငါ့ကိုလည်း တစ်နာရီအချိန်
ပေးပါလို့ မိန့်သတဲ့၊ ဘုရားခန်းဝင် ပုတီးစိပ် -
အားလုံး ရသေ့ကြီးပုံစံအတိုင်းပဲ၊ လေးဆယ့်ငါး
မိနစ်ထွက်၊ ဆယ့်ငါးမိနစ်စောင့်၊ တစ်နာရီတင်း
တင်းပြည့်တဲ့အခါ လူနှစ်ယောက် ထမ်းပိုးကို
ရှေ့က တစ်ယောက် နောက်က တစ်ယောက်
ထမ်းပိုးအလယ်မှာ အထုပ်ကြီးကို မနိုင်မနင်း
ထမ်းလျက် ကျောင်းထဲ ဝင်လာကြသတဲ့။ "ဝါး
ချက်မင်းကျောင်းဆရာတော် ရှိပါသလားဘုရား၊
ဝါးချက်မင်းကျောင်းဆရာတော် ရှိပါသလား ဘု
ရား" လို့ နှုတ်ကအော်ပြီး ဝင်လာကြသတဲ့၊ "ရှိ
ပါတယ်၊ ရှိပါတယ်၊ ဝင်ခဲ့ပါ၊ ဘာကိစ္စရှိလို့လဲ"
မေးတော့ ဆရာတော်ကြီးအား ဤအထုပ်ကြီး
လှူချင်လို့ပါ ပြောသတဲ့၊ ရပါတယ် ရပါတယ်
ဒီမှာ လာလှူကြပါလို့ ပြောလိုက်တော့ မင်း
ကျောင်းဆရာတော်ကြီးရှေ့မှာ အထုပ်ကြီးချလှူ
ပြီး ပြန်သွားကြသတဲ့ ။

အထုပ်ကြီးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ ပိုး
သင်္ကန်းတွေချည်း (၁၀၈) စုံ ဖြစ်နေသတဲ့၊ နည်း
တဲ့တန်ဖိုးမှ မဟုတ်တာ ။

အဲဒီမှာ မင်းကျောင်းဆရာတော်ကြီးက ရသေ့
ကြီးဦးခန္တီကို မေးသတဲ့ - "ရသေ့ကြီး၊ ခင်ဗျား
ဘာကြောင့် ဒီလောက်ဘုန်းတန်ခိုးကြီးရတာလဲ"
လို့ မေးတော့ တစ်နေ့ကိုလေးဆယ့်ငါးမိနစ်ကြ
နေ့တိုင်း ပွားများဘုရားရှိခိုးတဲ့ ဂါထာကိုရွတ်ပြ
သတဲ့ ။

ရသေ့ကြီးက ဆရာတော်ကြီးကိုလည်း "ဆရာ
တော်လည်း ဘာကြောင့် ဒီလောက်ဘုန်းတန်ခိုး
ကြီးရတာလဲဘုရား" ဟုလျှောက်ထားတော့ မင်း
ကျောင်းဆရာတော်ကြီးက ငါလည်း ရသေ့ကြီး
ရွတ်လိုက်တဲ့ ဒီဂါထာကိုပဲ တစ်နေ့လေးဆယ့်ငါး
မိနစ်ကြာအောင် ပုတီးစိပ်တယ်ကွလို့ ပြန်မိန့်
သတဲ့။ ကဲ -- ဘယ်လောက် စိတ်ဝင်စားစရာ
ကောင်းသလဲ၊ ဂါထာ သိချင်နေလောက်ပြီ၊ ပြော
ပြမယ်၊ ပွားဖို့တော့ အရေးကြီးတယ်နော်၊ ဂုဏ်
တော် (၁၃) ခု ဒီဂါထာထဲ ပါဝင်တယ် ။

* အရဟံ ဗဟိအန္တဇယံ သုဂတံ ၊
အမိတံ ဝိရဇံ လလိတံ အတုလံ ။
စရဏံ တိဘဝူပသမံ ယမကံ ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ ။

ဦးနာဂိန္ဒာလင်္ကာရ
(မင်းကွန်း ဓမ္မစေတီဆရာတော်) 


 Umg Myint ဖေ့ဘုတ်မှ 

No comments:

Post a Comment