/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, February 22, 2014

***** ရှင်ရာဟုလာနှင့် အုန်းမှုတ်ခွက် ဒေသနာ *****

 
အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်မှာ မှတ်တမ်းတင်ထားတဲ့ ဇာတ်တော်လေး ဖြစ်ပါတယ်၊ ရှင်ရာဟုလာလေးကို မြတ်စွာဘုရား ဆုံးမတော်မူတဲ့ ဇာတ်တော်လေးပါ၊ ရာဟုလာလေးဟာ သူမွေးတဲ့ နေ့မှာပဲ ဘုရားအလောင်းတော် တောထွက်တဲ့အတွက် ဖခင်ကို မမြင်ဖူးရှာပါဘူး၊ သူ့ဖခင်ကို ပထမဦးဆုံးတွေ့ ခွင့်ရတဲ့ အချိန်မှာတော့ သူဟာ အသက် (၇) နှစ်သား အရွယ်ဖြစ်နေပါပြီ၊ တစ်နေ့တော့ လေသာပြတင်းပေါ်ကနေ မြတ်စွာဘုရားကို လက်ညှိုးထိုးလို့ ယသောဓရာ မိဖုးရားက... * ဟောဟိုမှာ ရဟန်းပေါင်းများစွာ ခြံရံလို့ ကြယ်ပေါင်းစုံ ခတဲ့ လမင်းကြီးလို ထွန်းလင်းတောက်ပစွာ ကျက်သရေမင်္ဂအပေါင်းနဲ့ ပြည့်စုံတဲ့ ယောက်ကျားကောင်း
 ယောက်ကျားမြတ်က ဗုဒ္ဓလို့ခေါ်တယ်... အဲဒါ သင့်ဖခင်ပဲ၊ ဖခင်ဆိုတာ အမွေတောင်းရတယ် သားတော်၊ ဖခင်ထံမှာ အမွေေ-သွားတောင်းချေ...* ဆိုပြီး လွှတ်လိုက်ပါတယ်။

 ရာဟုလာကလေးကလဲ စကားတတ်တယ်၊ မြတ်စွာဘုရားကို တွေ့တယ်ဆိုရင်ပဲ သင်္ကန်းစကလေးကို စွဲလို့ ပထမဆုံး စပြောတာကတော့ မိခင်သင်ပေးထားတဲ့ စကားမဟုတ်ပါဘူး၊ သူ့အလိုလို ရင်ထဲက ထွက်ကျလာတဲ့ စကားလေးတစ်ခွန်းကို သူစပြောပါတယ်...အဲဒါက...

* သုခါ တေ သမဏ ဆာယာ- ဖခမည်းတော်ဘုရားရဲ့ အရိပ်ဟာ အေးချမ်းလှပါတယ် *


မြတ်စွာဘုရားက မည်သို့မျှမိန့်တော်မမူပါဘူး၊ ပြုံးတော်မူရုံလေးပဲ ပြုံးပြီး ဆက်လက်ကြွလှမ်းတော် မူပါတယ်၊ ရှင်ရာဟုလာလေးကလည်း မြတ်စွာဘုရားနောက်က ထပ်ကြပ်မကွာ လိုက်တာပါပဲ၊ နောက်တော့ သူစကားတစ်ခွန်းထပ်ပြောတယ်...ဒါကတော့ သူ့မိခင် သင်ပေးလိုက်တဲ့ စကားပါ..


* ဒါယဇ္ဇံ မေ သမဏ ဒေဟိ- ဖခမည်းတော်ဘုရား၊ သားတော်အား အမွေပေးပါ*


ဒီလိုနဲ့ပဲ (၇) နှစ်သားရာဟုလာလေးဟာ မြတ်စွာဘုရားရဲ့ သင်္ကန်းစကလေးကို စွဲပြီး အမွေတောင်းရင်း ကျောင်းတော်ကို ရောက်ရှိလာခဲ့ပါတယ်၊ 
 ကျောင်းရောက်တော့ မြတ်စွာဘုရားက အရှင်သာရိပုတြာကို ခေါ်တော်မူပြီး...* သာရိပုတြာ ရာဟုလာက ငါဘုရားထံက အမွေတောင်းနေတယ်၊ လောကီအမွေက ဆင်းရဲတယ်၊ ကြာရှည်မခံဘူး၊ အဲဒီတော့ ရာဟုလာကို သာသနာ့အမွေသာ ပေးလိုက်ပါတော့ *...လို့ မိန့်တော်မူလိုက်ပါတယ်။

ဒါနဲ့ပဲ ရာဟုလာလေးဟာ (၇) အမွေတောင်းရင်းနဲ့ပဲ ကတုံးလေးတုံး၊ သင်္ကန်းလေးစီးပြီး ကိုရင်ကလေး ဖြစ်သွားပါတော့တယ်၊ တောင်းတာက ယုတ်ညံ့တဲ့ လောကကီအမွေ၊ ရလိုက်တာက အမြင့်မြတ်ဆုံးသော လောကုတ္တရာအမွေပါ၊ မြတ်စွာဘုရားထံ ရှင်ရာဟုလာလေး ကိုရင်ဝတ်တော့ (၇) နှစ်သား၊ လူမမယ် အရွယ်ကလေးပေါ့၊ မြတ်စွာဘုရားကလည်း မိခင်ရင်ခွင်ကနေ ဖခင်ရင်ခွင်ထဲ ရောက်လာတဲ့ သားတော်ကလေးကို အမြဲတမ်း ကရုဏာထားပြီး လိမ္မာရေးခြားရှိအောင် ဆုံးမတော်မူပါတယ်။


ထို့သို့ဆုံးတော်မူတဲ့ များစွာသော အဆုံးအတွေထဲက တစ်ခုကို ကြည်ညိုလိုက်ကြရအောင်၊ တစ်နေ့တော့ မြတ်စွာဘုရားက နေ့ဆွမ်းဘုဉ်းပေးပြီးတော့ အမ္ဗလဋ္ဌိက...ဆိုတဲ့ သရက်ဥယျာဉ်ထဲကို ရှင်ရာဟုလာလေး တစ်ပါးတည်း ခေါ်တော်မူပြီး ကြွသွားတော်မူပါတယ်၊ မြတ်စွာဘုရားက ရှေ့က ကြွ၊ ၇-နှစ်သား ကိုရင်ရာဟုလာလေးကလည်း နောက်ကနေ သပိတ်သင်္ကန်းလေးကိုထမ်းလို့ လိုက်ရှာပါတယ်။


သရက်ဥယျာဉ်ထဲက ကမ္မဌာန်းကျောင်းကလေးရဲ့ လှေခါးဝကို ရောက်တယ်ဆိုရင်ပဲ
 မြတ်စွာဘုရားက ခြေဆေးအိုးထဲက ရေတွေကို အုန်းမှုတ်ခွက်ကလေးနဲ့ ခပ်လိုက်ပါတယ်၊ ပြီးတော့ တစ်ဝက်ကို သွန်းပစ်လိုက်တယ်...

* ချစ်သားရာဟုလာ...ဒီရေခွက်ထဲမှာ ရေတဝက်ပဲ ကျန်တာ မြင်ရဲ့လား*


* မြင်ပါတယ် ဘုရား...*


* အဲဒီလိုပဲ ချစ်သား၊ လိမ်ညာပြောတတ်တဲ့ သူရဲ့ ကိုယ်ကျင့်သိက္ခာဟာ ဒီရေခွက်ထဲက ရေတွေလို တဝက်ပဲ ကျန်တယ်...*


ကိုရင်ရာဟုလာလေးက မြတ်စွာဘုရားရဲ့ မျက်နှာတော်ကို ဖူးရင်း ငြိမ်ငြိမ်လေးထိုင်းပြီး နားထောင်နေပါတယ်။ မြတ်စွာဘုရားက ဆိုဆုံးမမှုကို တစ်ဆင့်မြှင့်လိုက်ပါတယ်၊ အိုးမှုခွက်ကလေးထဲက ရေတွေကို အကုန်သွန်ပစ်ပြီး အုန်းမှုတ်ခွက်ကလေးကို လှန်ပြလိုက်ပါတယ်။


* ချစ်သား ရာဟုလာ၊ ရေခွက်ထဲမှာ ရေတွေ တစက်မှ မကျန်တော့တာ မြင်ရဲ့လား*


* မြင်ပါတယ် ဘုရား *


* အေး...အဲဒီလိုပဲ၊ လိမ်ညာပြောတတ်တဲ့ သူရဲ့ ကိုယ်ကျင့်တရားဟာလည်း ဘာတစ်ခုမှ မကျန်ပဲ ဖြစ်တတ်တယ်*


ရှင်ရာဟုလာလေးက အသက် (၇) နှစ်နဲ့ ရဟန္တာဖြစ်ရမယ့် ပါရမီအရင့်အမာ ပါလာပြီးတဲ့သူ မဟုတ်ပါဘူး၊ ဥာဏ်ရည်အဆင့်အားဖြင့် သာမာန်မျှလောက်ပဲရှိတဲ့ ကိုရင်ငယ်ကလေးတစ်ပါးမျှသာ ဖြစ်ပါတယ်၊ ကလေးတွေဆိုတာ လိမ်ပြောတတ်တယ်၊ ဒါကြောင့် လိမ်ပြောခြင်းရဲ့ ဆိုးကျိုးတွေကို မြတ်စွာဘုရားက ဆုံးမသွန်သင်ပြီး လိမ်မပြောတတ်အောင် ညွှန်ပြတော်မူနေတာပါ။


ထို့နောက် မြတ်စွာဘုရား ရေခွက်ကလေးကို မြက်ခင်းကလေးပေါ်မှာ
 မှောက်ချပြလိုက်ပါယ်။
ချစ်သား ရာဟုဟာ... ခုအိုးမှုတ်ခွက်ကလေး မှောက်သွားတာ မြင်ရဲ့လား...

* မြင်ပါတယ် ဘုရား *


* အေး...အဲဒီလိုပဲ လိမ်ညာပြောတတ်တဲ့ သူရဲ့ ကိုယ်ကျင့်တရားဟာ ဟောဒီရေခွက်ကလေး မှောက်သွားသလို ကပြောင်းကပြန်၊ ဇောက်တိဇောက်ထိုးဖြစ်တယ်၊ ဒါကြောင့် ဘယ်တော့အခါမှ အပြောင် အပျက် သဘောမျိုးနဲ့တောင် လိမ်ညာစကားကို မဆိုမိစေနဲ့ ချစ်သား*


* မှန်လှပါ ဘုရား *


ဒီဇာတ်တော်လေးကို ဖတ်ရှုနာကြားလို့ မပြီးသေးခင်မှာပဲ မျက်လုံးထဲမှာ ရုပ်ရှင်ပိတ်ကားလေး တစ်ခုကို ကြည့်နေရသလို မြင်ကွင်းထမှာ ထင်မြင်လာပါတယ်။


ထိုမြင်ကွင်းထဲမှာတော့ အလွန်သယာယာ ရှုမောဖွယ်ကောင်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ တောစပ်တစ်နေရာက သက်ရွက်မိုး ကမ္မဌာန်းတဲကျောင်းကလေး တစ်ကျောင်း၊ ထိုကျောင်းကလေးရဲ့ ရှေ့တည့်တည့်က မြက်ခင်းကလေးရဲ့ အပေါ်မှာတော့ တလောကလုံးမှာ အမြတ်ဆုံးဖြစ်တဲ့ ဘုရားရှင်နဲ့ သူရဲ့ သားတော် ၇-နှစ်အရွယ် ချစ်စဖွယ် သားတော်ကိုရင်လေး၊ သူတို့ရဲ့ ရှေ့မှာက အုန်းမှုတ်ခွက်ကလေးလုံးပဲ ရှိပါတယ်။
 
 အမြတ်ဆုံးဖြစ်သော ဘုရားက တစ်ဦးတည်းသော သားလေးဖြစ်တဲ့ ရှင်ရာဟုလာလေးကို ဆုံးမနေတာ ထိုအုန်းမှုတ်ကလေးတစ်လုံးနဲ့ပဲ ဖြစ်ပါတယ်၊ ကျောက်သင်ပုန်းတွေ၊
 ကျောက်တန်တွ မပါပါဘူး၊ တန်ဖိုးကြီး ဝိုက်ဘောတွေ ဆော့ပင်တွေလည်း မပါပါဘူး၊ ခြေဆေးတဲ့ နေရာမှာ အသုံးပြုတဲ့ အုန်းမှုတ်ခွက်ကလေး တစ်လုံးကိုပဲ မှောက်လိုက်၊ လှန်လိုက်နဲ့ ဆုံးမသွားတာ အားလုံးအတွက် အလွန်မှတ်သားလိုက်နာဖွယ် သင်္ခန်းစာလေးပါပဲ။

ဟိုးယခင်က ဒီအုန်းမှုတ်ခွက်ကလေးဟာ ဘာမှ တန်ဘိုးမရှိတဲ့ ခြေးဆေးတဲ့ သာမာန်ခွက်ကလေးသာ ဖြစ်ခဲ့ပေမယ့်၊ မြတ်စွာဘုရားက ဒီအုန်းမှုတ်ခွက်ကလေးကိုပဲ အသုံးပြုပြီး ဆုံးမစကားများ ဟောကြားပြီး နောက်မှာတော့ ထိုခွက်ကလေးဟာ ကမ္ဘာ့ တန်ဖိုးအမြင့်ဆုံး အုန်းမှုတ်ခွက်ကလေး ဖြစ်သွားပါတော့တယ်၊၊


ဒီအုန်းမှုတ်ခွက်သင်္ခန်းစာလေးတွေကြောင့်ပဲ အရှင်ရာဟုလာ လေးဟာ အင်မတန် မာန်မာနကင်းပြီး သူတော်ကောင်းတွေရဲ့ ဆိုဆုံးမှုကို အလွန်လိုလားတဲ့ ကိုရင်ကလေး ဖြစ်လာခဲ့ပါတယ်။


ရှင်ရာဟုလာလေးဟာ မနက်လင်းပြီဆိုတာနဲ့ သဲကလေးတွေကို သူ့လက်ကလေးနဲ့ ဆုပ်ပြီး ... *ဒီနေ့ ဒီသဲ ပွင့်တွေနဲ့ အမျှ ငါ့ကို ဆုံးမမယ့် ဆရာသမားတွေရရင် သိပ်ကောင်းမှာပဲ၊ ရပါရစေ...* လို့ နေ့စဉ်ဆုတောင်ပါသတဲ့...။


ရှင်ရာဟုလာဆိုတာ သာသနာ့ဖခင်ဘုရားရှင်ရဲ့ သားတော်၊ ဥပဇ္ဈယ်ဆရာရင်းက ရှင်သာရိပုတြာ၊ သရဏဂုံဆရာက ရှင်မဟာမောဂ္ဂလာန်... ကဲ...ဒီလို ပုဂ္ဂိုလ်မျိုး မာနတက်မယ်ဆိုရင် မိုးထိအောင် လှေကားထောင်ပြီးတက်လို့ရတာပေါ့၊ သို့သော်လည်းပဲ ရှင်ရာဟုလာလေးရဲ့ မာနကင်းပုံကတော့ အလွန်ကို ချစ်ခင် ကြည်ညိုစရာကောင်းလွန်းလှပါတယ်။


ဒါဟာ အလွန်တန်ဖိုးနည်းတဲ့ အုန်းမှုတ်ခွက်ဥပမာ ဒေသနာက စခဲ့တဲ့ သင်္ခန်းစာလေးကြောင့်ပဲ မဟုတ်ပါလား...


ဆက်ရန်... * ရှင်ရာဟုလာနှင့် မှန်ကွဲစ ဒေသနာ *


ရွှေဘုန်း (စေတနာပန်းခင်း)

 
ကူးယူဖော်ပြပါသည်။

No comments:

Post a Comment